စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ



ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံအရည် တွေကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။ ဒါ့အပြင် သွေး ထဲက ဆားဓာတ်၊ သတ္တုဓာတ် တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ရပါသေး တယ်။ အဲဒီအတွက်ကြောင့် ကျောက် ကပ်နှလုံးကို ဂရုစိုက်ပေးခြင်းဟာ တစ်ကိုယ်လုံးကို ဂရုစိုက်ပေးခြင်း မည်ပါတယ်။

ကျောက်ကပ်ပျက်စီးတဲ့ရောဂါ တွေထဲမှာ နာတာရှည်ကျောက်ကပ် ပျက်စီးတဲ့ရောဂါ (chronic kidney disease, CKD)ဟာ အန္တရာယ်များ ပြီး ဆီးစွန့်တဲ့ဖြစ်စဉ်ကို တဖြည်းဖြည်း
ယိုယွင်းလာစေပါတယ်။ ကျောက် ကပ်ကို ဂရုမစိုက်ရင် ဒီရောဂါဝင်လာ ဖို့က ရာခိုင်နှုန်းမြင့်မားတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပြီး အြေငသညေူုငိညနပ င်္သကညိအေငသည သှ်ုညိငေ က အတည်ပြုခဲ့ပါတယ်။ ကျောက်ကပ်ကို ဂရုမစိုက်တဲ့အတွက် ကျောက်ကပ်ပျက်စီးတဲ့ လူနာ ၉၀၀၀၀ကျော်ဟာ နှစ်စဉ်ကျောက် ကပ်အစားထိုး ခွဲစိတ်မှုခံယူနေရတယ် လို့ အဆိုပါအဖွဲ့ကြီးက ထုတ်ပြန်ထား ပါတယ်။

National Kidney Foundation of India က ဖော်ပြ ထားတဲ့ကျောက်ကပ်ကျန်းမာရေး အတွက် အကြံပြုချက်တွေကို ဖော်ပြ ပေးလိုပါတယ်။

•- ဆေးလိပ်ကို လျှော့သောက်ပါ။
•- ယမကာ မှီဝဲမှုကို ထိန်းချုပ်ပါ။
•- ကိုယ်လက်လှုပ်ရှား အားကစားကို တစ်ပတ်ကိုသုံးကြိမ်အနည်းဆုံး လုပ် ပေးပါ။
•- ကိုယ်အလေးချိန် မတက်အောင် အမြဲဂရုပြုပါ။
•- ဆားပါဝင်မှုများသော အစားအစာ များကို ရှောင်ပါ။
•- သွေးပေါင်ချိန်နှင့် သွေးတွင်းကို လက်စတီရောကို ပုံမှန်ရှိသင့်သော ပမာဏအတွင်း ထိန်းထားပါ။
•- အကိုက်အခဲပျောက်ဆေး အလွန် အကျွံ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
•- ရေနှင့် အရည်ရွှမ်းသော သစ်သီး များကို များများစားသုံးပေးပါ။

ဒီနည်းလမ်းတွေကို ကျင့်သုံးပေး ပြီးတဲ့အပြင် ကျောက်ကပ်ပျက်စီးနိုင် မယ့် မငျု တွေကို ကြုံတွေ့ရရင် ဆီးနဲ့ကျောက်ကပ်အထူးကုဆရာဝန် ကြီးတွေနဲ့ ပြသဖို့အခုစာတမ်းမှာ ဖော်ပြထားပါတယ်။

သက်ကို
Ref: zeenews

http://myawadynews.blogspot.com/2013/09/blog-post_6932.html

နည်းပညာကို အလွန်အကျွံသုံးစားခြင်း





နေ့စဉ် လူနေမှုဘဝ ပတ်ဝန်းကျင်ကို ကြည့်လိုက်တိုင်း နည်းပညာကို မသုံးစားသူ မရှိသလောက်ဖြစ်သည်။ ဆဲလ်ဖုန်းတွေ သုံးနေကြသည်။ ကွန်ပျူတာ၊ တက်ဘလက်တွေနှင့် အလုပ်ရှုပ်နေကြသည်။ ကားမောင်းရင်းလည်း သုံးသည်။ လမ်းလျှောက်ရင်းလည်း သုံးသည်။ လူတို့၏ နေ့စဉ် လူနေမှုဘဝတွင် နည်းပညာက မသုံးရမနေနိုင်၊ မရှိမဖြစ်အသွင် ဆောင်လာသည်။ နည်းပညာကို သုံးစားရုံမက နည်းပညာဖြင့် မထိတွေ့ရလျှင် မနေနိုင်မထိုင်နိုင် ဖြစ်သည်အထိ စွဲသူတွေပင် ရှိလာသည်။ နည်းပညာကို ဝန်းရံထားခြင်းဖြင့် ဘဝကို တည်ဆောက်လာကြသည့် ခေတ်သစ်လူနေမှု ဟူ၍ပင် ဆိုရမည်ဖြစ်သည်။

နည်းပညာသည် လူသားကို အထောက်အကူ ပြုသည်။ ပျော်စရာကောင်းစေရန် ဖန်တီးပေးသည်။ စိတ်ကြည်နူးချမ်းသာစေရန် ဖျော်ဖြေမှု ပေးနိုင်သည်။ လုပ်ငန်းပရောဂျက် များကို အမြန်ဆုံး ပြီးစီးနိုင်စေရန်၊ နေ့စဉ်လူတို့ဘဝ လုပ်ငန်းဆောင်တာများကို ပိုပြီး ထိရောက်စေရန် နည်းပညာကို မဖြစ်မနေ အကူအညီ ယူကြရသည်။ သို့သော် နည်းပညာ၏အထောက်အကူ ယူခြင်းကြောင့် လူနေမှုဘဝအတွက် အပျက်သဘောဆောင်သော ထိခိုက်မှုများလည်း ဖြစ်စေနိုင်သည်။ နည်းပညာကို မည်မျှသော အတိုင်းအတာအထိသာ သုံးသင့်ကြောင်း ပြန်လည်ဆန်းစစ်ရမည့် အချိန်ရောက် လာပြီထင်သည်။

လွန်ကျူးခြင်း ဆိုသည်မှာ မည်သည့်နေရာတွင် မဆို အကောင်းထက် အဆိုးကိုသာ ဖြစ်စေနိုင်ကြောင်း သဘောပေါက်မည် ထင်ပါသည်။ နည်းပညာကြောင့် ဖြစ်ပေါ်လာစေသည့် အဆိုးတရား တစ်ခုတွင် ထင်ရှားသည်မှာ ခေတ်သစ်လူတို့၏ စိတ်မရှည်တတ်ခြင်း ဖြစ်သည်။ ထို့ပြင် လူသားတို့ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံမှုနှင့် ဂါရဝတရား နည်းပါလာခြင်းကိုပါ ထင်ရှား သည့် လက္ခဏာတစ်ရပ် အနေဖြင့် တွေ့မြင်လာရသည်။

တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံပြောခြင်းထက် လင်မယားချင်း၊ သားသမီးများကိုပင် ဖုန်းဖြင့် ခေါ်ပြောမှုများသည် သူစိမ်းအသွင် ဆောင်လာခြင်းကို ဖြစ်စေသည်။ နောက်ပိုင်းတွင် စကားပြောဆိုရ မည်ကိုပင် စိတ်မပါသဖြင့် စာ (Message) များပို့ကာ "ထမင်းစားပြီးပြီလား"၊ "နေကောင်းလား" လုပ်လာကြသည်။ လေကို ချွေတာလေ၊ အနေကွာလေ ဖြစ်သည်ကို သတိ မမူကြခြင်းဖြစ်သည်။

နေ့စဉ်လူနေမှုဘဝ တွင်လည်း လူတို့၏ နေထိုင်မှု စရိုက်များ ပြောင်းလဲလာသည်။ စာဖတ်ခြင်း ဓလေ့ထက်၊ တီဗီကြည့်ခြင်းကို ပိုပြီးအချိန်ပေးလာသည်။ သူငယ်ချင်း အချင်းချင်း ကော်ဖီဆိုင်ထိုင်ပြီး ရင်းနှီးခင်မင်စွာ စကားပြောခြင်းထက် အွန်လိုင်းပေါ်တက်ပြီး ချက်တင်လုပ်ကြသည်။ ဂျီမေးလ်ဖြင့် ဆက်သွယ် ပြောဆိုကြသည်။ Facebook နှင့် Twitter စသည့် လူမှုကွန်ရက်ဖြင့် ဖြတ်လမ်းဆက်သွယ်မှု များကို သုံးပြီး ပျော်မွေ့ကြသည်။ ထို့ကြောင့် နေ့စဉ် လူမှုလောကတွင် လူတို့သည် စိတ်မရှည်ခြင်း၊ စိတ်တိုခြင်း၊ သည်းခံစိတ်နည်းပါးခြင်း တို့မှာ နည်းပညာကို

Bobtail ပြည်ကြီးငါးတို့၏ သဘာဝ အလှတရားများ


Sunday, September 29, 2013

Bobtail ပြည်ကြီးငါးများသည် ပင်လယ်သမုဒ္ဒရာများမှ သဘာဝ အလှတရားများအဖြစ် ရေအောက် ဓာတ်ပုံဆရာ တစ်ဦးက သက်သေထူ ပြသလိုက်သည်။ အဆိုပါ ပြည်ကြီးငါးများ၏ ခန္ဓာကိုယ်တွင် ဖွဲ့စည်းပါဝင်သည့် ထောင်နှင့်ချီသော ပြင်ပအရေပြားလွှာ ဆဲလ်များသည် အရောင်များကို အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိသည်။ ယင်းပြည်ကြီးငါးများသည် မိတ်ဖက်ကို ဆွဲဆောင်ရန်နှင့် သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် အရောင်အပြောင်းအလဲများ ပြုလုပ်လေ့ရှိပြီး ယင်းစွမ်းရည်သည် ၎င်းတို့အား အဏ္ဏဝါ ရေပြင်၏ ထူးခြားလှပသည့် သက်ရှိများအဖြစ် ပုံဖော်ခွင့် ရစေခဲ့သည်။ ရေအောက် ဓာတ်ပုံများ ရိုက်ကူးလေ့ရှိသည့် တော့ဒ်ဘရတ်တဲလ်သည် ထိုပြည်ကြီးငါးများ၏ လှပသော ဓာတ်ပုံများကို အမိအရ ရိုက်ကူးနိုင်ခဲ့သည်။

တော့ဒ်သည် ဘာမြူဒါတွင် လှေတစ်စင်းဖြင့် လှည့်လည်ရင်း အဆိုပါ ပြည်ကြီးငါးများ၏ လှပဆန်းကျယ်သော အရောင်ပြောင်းလဲမှုများကို မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။ တော့ဒ်သည် ဒေသခံ ရေငုပ်သမားများကို အားကျစိတ်ဖြင့် ကိုယ်တိုင်လည်း ဝါသနာအလျှောက် ရေငုပ်ခဲ့သူ ဖြစ်သည်။ အသက်(၁၂)နှစ်သား ကတည်းက ရေအောက်သဘာဝနှင့် မစိမ်းတော့သည့် တော့ဒ်သည် (၂၀၀၈)ခုနှစ်တွင် ရေအောက် ကင်မရာ တစ်လုံးကို ဝယ်ယူကာ ပါလာအူတွင် ရေအောက် သက်ရှိများကို လိုက်လံ ဓာတ်ပုံရိုက်ခဲ့သည်။

Bobtail ပြည်ကြီးငါးများမှာမူ ကင်းမွန်များနှင့် ပုံစံဆင်တူပြီး စုပ်ခွက်ပါသည့် လက်တံ(၈)ခု ပါရှိသော သက်ရှိငယ်များ ဖြစ်ကြသည်။ ထို့အပြင် ရှည်လျားသည့် ဘဝဲလက်တံနှစ်ခုလည်း ပါရှိသည်။ ယင်းတို့သည် ပစိဖိတ် သမုဒ္ဒရာ ကမ်းဦးရေတိမ်ပိုင်းများနှင့် အိန္ဒိယ သမုဒ္ဒရာရှိ အချို့သော အစိတ်အပိုင်းများတွင် ပျံ့နှံ့နေထိုင်ကြသည်။ အဆိုပါ ပြည်ကြီးငါးများသည် ကင်းမွန်တို့ကဲ့သို့ပင် ရေယက်များဖြင့် ကူးခတ်နိုင်သလို ခန္ဓာကိုယ်အား အရှိန်မြှင့် တွန်းကန်လွှတ်ကာ လျင်မြန်စွာ ရွေ့လျားနိုင်စွမ်း ရှိကြောင်းလည်း သိရသည်။

Planet Myanmar Network

https://www.facebook.com/photo.php?fbid=476746605756509&set=a.351047714993
Related Posts Plugin for WordPress, Blogger...