စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယောက်ျား နှင့် မိန်းမ မွေးဖွားမှု ဘယ်သူပိုများသလဲ


Saturday, September 28, 2013

လူသတ္တ၀ါတို့တွင် ယောက်ျားဖြစ်ရန်နှင့် မိန်းမဖြစ်ရန် မည်သည်က ပိုမိုလမ်းများပါသနည်း။တစ်နည်းဆိုသော် ယောက်ျားကလေးနှင့်မိန်းကလေးတွင် မည်သူက ပဋိသန္ဓေတည်ရန် အခွင့်အလမ်းသာပါသနည်းဟု စဉ်းစားရန်ရှိ၏။ အနောက်နိုင်ငံများ၌ မိန်းကလေး ၁၀၀ လျှင် ယောက်ျားလေး ၁၀၅ ယောက်ခန့် မွေး၏။ သန္ဓေသားကို အထီးဖြစ်အောင် ဖန်တီးနိုင်သော Y သုတ်ပိုးနှင့် အမဖြစ်အောင်ဖန်တီးနိုင်သောX သုတ်ပိုးများ ဦးရေ တူညီပါလျှက် ယောက်ျားကလေးများ ပိုမိုမွေးဖွားကြခြင်းမှာပွဲဦးထွက်၌ Y သုတ်ပိုးများက ခြေလှမ်းသာသောကြောင့် ဖြစ်နိုင်တန်ရာ၏။ 


ပဋိသန္ဓေတည်ဆဲကာလ၌ယောက်ျားကလေးသည် မိန်းကလေးထက် ချူချာ၍ ပျက်စီးဆုံးပါးတတ်ကြောင်း ယုတ္တိအထောက်အထားများရှိ၏။ မူလအစက ချွတ်ယွင်းနေသော ကလေးများနှင့် မမွေးမီ သို့မဟုတ် မွေးပြီးလျှင် ပြီးခြင်း သေဆုံးသောကလေးများတွင် ယောက် ကျားကလေးများက သိသိသာသာ ဦးရေများ၏။ အချို့ပညာရှင်များကမူ ပဋိသန္ဓေတည်ပြီးနောက် ပထမ လများ၌ ပျက်စီးသော သန္ဓေသားများတွင် အထီးကအမ၏ နှစ်ဆ၊ သုံးဆ ဖြစ်သည်ဆို၏။

ဤစကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထင်ရှားသောအချက်သည်ကား အသေမွေးသောကလေးများတွင်မိန်းကလေး ၁၀၀ လျှင် ယောက်ျားကလေး ၁၂၅ ယောက် ဖြစ်နေခြင်း ဖြစ်၏။ ဤသို့ အထီးက အမထက်
အပျက်အစီး များခြင်းကို လူသတ္တ၀ါများ၌ သာ တွေ့ရသည် မဟုတ်ချေ။ တိရစ္ဆာန်များ၌လည်း အထီးက အမထက်အလားတူ ပျက်စီးဆုံးပါးမှု ပို၍ များကြောင်း တွေ့ရသည် ဆို၏။ ဤနေရာ၌ ပျက်စီးဆုံးပါးမှု များခြင်း၏ အကြောင်းဖြစ်သောအထီး၏ ချွတ်ယွင်းချက် တစ်ခုကို ပြရမည်ဆိုသော် အထီးသည် ပဋိသန္ဓေသားဘ၀၌ပင်အရိုးကြီးထွားမှု၌အမထက်နောက် ကျ၍၊ မွေးဖွားသောအခါတွင်လည်း အရိုးမာမှု၌ အမထက် တစ်လခွဲခန့် နောက်ကျ၏။

သို့ဖြစ်၍ ဦးစွာ ပထမအရွယ်၌ ယောက်ျားကလေးသည် မိန်းကလေးကဲ့ သို့ တောင့်တင်းကြံ့ခိုင်ခြင်း မရှိချေ။ယောက်ျားကလေးသည် မွေးဖွား ရန် ပိုမိုခက်ခဲ၍ အချိန်အနည်းငယ် ပို၍ ကြာ၏။မိန်းကလေးများသည်ကိုယ်ဝန်ရှိစဉ်က အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေလိုက်၍ သားယောက်ျား သို့မဟုတ် သမီးမိန်းကလေး ရရှိတတ်၏။ အသက်ငယ်၍ ကျန်းမာသော မိန်းမများသည် အသက်ကြီးသော မိန်းမများထက်သားယောက်ျားရရန် အလားအလာရှိ၏။ 


အသက် ၁၈ နှစ်မှ ၂၂ နှစ်ထိ မိန်းမများမွေးသော ကလေးများတွင်ယောက်ျားကလေးများက ၂၀ ရာခိုင်နှုန်း ပိုများ၏။ အသက် ၃၈ နှစ်မှ ၄၂ နှစ်ထိ မိခင်များ၏ ကလေးများ၌မူယောက်ျားကလေးများမှာ ၁၀ ရာခိုင်နှုန်းနည်းကြောင်း တွေ့ရသည် ဆို၏။ ကြေး ရတတ်အထက်တန်းစားအမေရိကန်နှင့် ဂျာ မန် မိန်းမများ၏ သားသမီးများတွင် ယောက်ျားကလေးများမှာ ၂၀ မှ ၂၅ ရာခိုင်နှုန်းထိ ပို၍
များသည်ဟု သိရသည်။

ဆရာဦးအေးမောင်၏ ဖိုမ၏ ဗီဇ နှင့် ပတ်ဝန်းကျင် စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ကိုသန်းဇော်
အေးမြသာစည်ရွာ


https://www.facebook.com/photo.php?fbid=476199775811192&set=a.351047714993066.

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ



၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသောဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

ဆောင်ပုဒ် ...

၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့ သောသားသမီးတို့သည် မိဘကိုပစ်ပယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ထားကြသည်။ အချို့သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန် ပင်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး ဖြစ်ပါသည်။

မိဘကျေးဇူးအနန္တကို သိတဲ့အတိုင်း ဆပ်ခွင့်ရနိုင်ကြပါစေ….


https://www.facebook.com/photo.php?fbid=506832116066998&set=a.501060999977443.1

ခြေဖနောင့် နာအောင်လုပ်တဲ့ ဒေါက်မြင့်များ သတိထား



လူတစ်ယောက်ရဲ့ ခြေဖဝါး မတ်တတ်ရပ် လမ်းလျှောက်ဖို့ရာ ခြေဖဝါး (ဖနောင့်မှ ခြေချောင်းလေးတွေ အထိ) နှင့် ခြေသလုံး တိုင်တို့ ၉၀ ဒီဂရီ ရှိ ရပါတယ်။ ထို့အတူပဲ ခြေသပွတ် တိုင်နဲ့ ခြေဖဝါးကတော့ ၆၀ ဒီဂရီ ရှိရတယ်။ ဒါမှ လူတွေဟာ နေ့စဉ် ပုံမှန်လှုပ်ရှားမှုတွေ ပြုလုပ်နိုင် ပါတယ်။

ဒါပေမယ့် ဒေါက်မြင့်တဲ့ ရှူးဖိနပ်တွေက လူရဲ့ ခြေထောက် အနေအထားကို ရှေ့မှ ဖော်ပြခဲ့တဲ့ အနေအထား ဒီဂရီ တွေ ပြောင်းလဲစေတဲ့အတွက် သူတို့ ရဲ့ ပုံမှန်လုပ်ငန်းကို ထိခိုက်စေ ပါသတဲ့။

ခြေဖဝါးအစုံ ပုံမှန်မရှိစေ တော့ဘဲ ပျောက်သွားတဲ့ အတွက် လမ်းလျှောက် ရာတွင်လည်းကောင်း၊ ပြေးလွှားတဲ့ အခါတွင် လည်းကောင်း၊ ခြေဖဝါး ကူရှင်ဖြစ်နေစေတဲ့ အခုံးမရှိလို့ ဒူး တွေနဲ့ ခါးရိုးပေါ်မှာ မလိုအပ်ဘဲ ဖိအား တွေ သက်ရောက်စေပါ တော့တယ်။ သေးသေး ရှူးဖိနပ်စီးတဲ့ အမျိုးသမီး တွေ အသက်ရလာတာနဲ့အမျှ ဘာ ကြောင့် 'ငါဒူးနာ ရတာလဲ၊ ခါးနာရ တာလဲ' ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိလာ ပါလိမ့်မယ်။

နောက်တစ်ချက် ကတော့ ခြေဖဝါးရှိ ခြေဆစ်ကလေး တွေ အားပြုလျှောက်ရလို့ ရောင်ရမ်း လာခြင်း၊ ခြေဖနောင့်အရွတ် ရောင် ရမ်းလာခြင်း၊ ခြေပူနာခေါ် အသားမာ တက်လာခြင်းနှင့် ခြေမအဆစ်ငေါပြီး နာကျင် လာခြင်းတို့ပါ တွဲဖက် ခံစား နိုင်ပါသတဲ့။ ဒေါက်မြင့်လေ ခြေသပွတ် တိုင်လယ်တာ၊ ခေါက်တာ၊ လဲကျလို့ အရိုးကျိုးတာစတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင် ပါသေးတယ်။

အမျိုးသမီး တွေဟာ ဒေါက်မြင့်မြင့် ကြီးတွေစီးရင် ပိုကြည့်ကောင်းလာမှာ ပဲလို့ထင်ပြီး စီးလေ့ရှိပါတယ်။ အမှန် က ၂.၅ စင်တီမီတာထက် ပိုနိမ့်ပြီး ပိုကျယ်တဲ့ ဒေါက်မြင့်မျိုး စီးသင့်ပါ တယ်။


မေ


https://www.facebook.com/photo.php?fbid=476204742477362&set=a.35104
Related Posts Plugin for WordPress, Blogger...