စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ စကားပုံများ (လ)၊ (ဝ)၊ (သ)၊ (ဟ)၊ (ဠ)၊ (အ)





၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”

၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”

၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”

၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”

ဝ

၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”

သ

၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှန်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”

၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”

၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”

၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”

၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”

ဟ

၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”

ဠ

၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”

အ

၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”

၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
 

လူတိုင်းတရားနာရုံမျှနှင့် တရားဥာဏ်ပေါက်နိုင်ပါသလား

http://shamerinasresearchproject.webs.com/buddhism.jpg
ဤအချက်သည် အလွန်အရေးကြီးတဲ့ ပြဿနာဖြစ်လို့ “ဒသကနိပါတ်အင်္ဂုတ္ထိုရ်” ပါဠိတော် “ရှင်ပုဏ္ဏိယ”နှင့် “ဗုဒ္ဓ” မြတ်စွာတို့ အမေးအဖြေလုပ်ကြပုံကို ထုတ်ဖော်ပြပါမည်။

မေး= လူတိုင်းတရားဥာဏ် ပေါက်ရောက်နိုင်ပါသလား မြတ်စွာဘုရား။
ဖြေ=လူတိုင်း တရားဥာဏ် မပေါက်ရောက်နိုင်ဘူး ချစ်သား။

မေး=ပေါက်ရောက်နိုင်ရန် ဘယ်အချက်ပေါ်မှာ တည်ပါသလဲ မြတ်စွာဘုရား။
ဖြေ=ယုံကြည်မှုရှိခြင်း မရှိခြင်းပေါ်၌ တည်ပါတယ် ချစ်သား။

မေး=ယုံကြည်မှုရှိတော့ ဘာဖြစ်ပါသလဲ ဘုရား။
ဖြေ=ယုံကြည်မှုရှိမှသာလျှင် သူတော်ကောင်းထံ၌ ဆည်းကပ်နိုင်ပါတယ်။ ဒါကြောင့် တရားဥာဏ်
ပေါက်ရောက်မှုဟာ သူတော်ကောင်းထံမှာ ဆည်းကပ်ခြင်း မဆည်းကပ်ခြင်းပေါ်၌ တည်ပါတယ် ။

မေး=သူတော်ကောင်းထံ၌ ဆည်းကပ်တိုင်း တရားသိနိုင်ပါသလား မြတ်စွာဘုရား။
ဖြေ=တရားမသိနိုင်ပါဘူး ချစ်သား။

မေး=တရားသိနိုင်ခြင်းသည် ဘယ်အချက်ပေါ်မှာ တည်နေပါသလဲ မြတ်စွာဘုရား။
ဖြေ=ထိုသူတော်ကောင်းနှင့် ဆွေးနွေးခြင်း မဆွေးနွေးခြင်းပေါ်မှာ တည်နေပါတယ် ချစ်သား။

မေး=ဆွေးနွေးတိုင်းလဲ တရားသိနိုင်ပါသလားဘုရား။
ဖြေ=ဆွေးနွေးတိုင်းလဲ တရားမသိနိုင်ပါချစ်သား။

မေး=သည်လိုဆိုပါလျှင် တရားသိနိုင်ခြင်းသည် ဘယ်အချက်ပေါ်မှာ တည်နေပါသလဲ ဘုရား။
ဖြေ=ဆွေးနွေးတဲ့အခါမှာ ကောင်းစွာ နားထောင်ခြင်း မထောင်ခြင်းပေါ်၌ တည်ပါတယ်။

မေး=ကောင်းစွာနားထောင်တိုင်း တရားရနိုင်ပါသလားဘုရား။
ဖြေ= ကောင်းစွာနားထောင်တိုင်းလည်း တရားမရနိုင်ပါချစ်သား။

မေး=တရားမရနိုင်တာ ဘယ်အကြောင်းပါလဲဘုရား။
ဖြေ=နားထောင်ပြန်လျှင် မှတ်သားမှုရှိခြင်း မရှိခြင်းပေါ်၌ တည်ပါတယ် ချစ်သား။

မေး=မှတ်သားမှုရှိတိုင်းရော တရားရနိုင်ပါသလား ဘုရား။
ဖြေ=မရနိုင်ပါ ချစ်သား။

မေး=မရနိုင်သော အကြောင်းက ဘယ်လိုပါလဲ ဘုရား။
ဖြေ=မှတ်သားမှုရှိပြန်လျှင်လဲ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်မှု မဆင်ခြင်မှုပေါ်၌ တည်ပါတယ် ချစ်သား။

မေး=ဆင်ခြင်တိုင်းလည်း တရားရနိုင်ပါသလား။
ဖြေ=တရားမပေါက်နိုင်ပါဘူးချစ်သား။

မေး=တရားမပေါက်နိုင်သော အကြောင်းက ဘယ်လိုပါလဲဘုရား။
ဖြေ=တရားကို လက်တွေ့ကျင့်သုံးခြင်း မကျင့်သုံးခြင်းပေါ်မှာ တည်ပါတယ်ချစ်သား။

လက်တွေ့ကျင့်သုံးလျှင်တရားဥာဏ်ပေါက်ပါတယ်။လက်တွေ့မကျင့်သုံးလျှင်တရားဥာဏ်မပေါက်
နိုင်ပါဘူး ချစ်သားပုဏ္ဏိယ။

တရားမှန်ကို ရှာဖွေလိုသူတိုင်း “အရှင်ပုဏ္ဏိယ” နှင့် ဗုဒ္ဓရှင်တော်မြတ်စွာဘုရားတို့ ဖော်ပြခဲ့တဲ့ အမေး အဖြေတွေကို “အနုလုံ” “ပဋိလုံ” အပြန်ပြန်အလှန်လှန် စဉ်းစားပြီးတော့ ဖတ်ရှုကြစေလိုပါတယ်။

မှတ်ချက်။ ။ ဆရာတော် သုဝိစိတ္တ ရေသားပြုစုထားသော ဗဟုသုတ ပဒေသာ အမှတ်(၁) စာအုပ်မှ ထုတ်နုတ်ဖော်ပြလိုက်ရပါသည်။

http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A354527&x

ဘဝအကြောင်းပုံပြင်…




 
               တစ်ခါက…ခရီးသွားတစ်ယောက်ဟာ လွင်ပြင်တစ်ခုကိုဖြတ်လျက် ခရီးသွားနေတုန်း သတ္တဝါကြီးတစ်ကောင်နောက်ကနေ လိုက်လာပါသတဲ့..။ ဒါနဲ့သူဟာ ရေမရှိတဲ့ရေတွင်းပျက်ထဲကို တွယ်ကပ်ဆင်းလိုက်ပါတယ်…။ ဒါပေမယ့် ရေတွင်းရဲ့  အောက်ခြေမှာလည်း နဂါးကြီးတစ်ကောင်က ပါးစပ်ကြီးဟပြီး စောင့်နေပါသတဲ့..။ဒါကြောင့် ခရီးသွားဟာ အပေါ်လည်းမတက်ရဲ အောက်လည်းမဆင်းဝံ့ဘဲ ရေတွင်းအုတ်ကြားမှာတွယ်ကပ်ပေါက်နေတဲ့ သစ်ပင်တစ်ပင်ရဲ့  သစ်ကိုင်းကို တွယ်ပြီး တွဲလောင်းခိုထားပါတယ်..။
 
            ခိုထားတဲ့ လက်တွေဟာလည်း အားအင်ဆုတ်ယုတ်လာကြပါတယ်..။ မကြာမီမှာပဲ သူဟာ ရေတွင်းအောက်သို့ဆင်းရမည်..ဒါမှမဟုတ် အထက်သို့တက်ရမည်..။ အောက်ဆင်းသည်ဖြစ်စေ အထက်တက်သည်ဖြစ်စေ ခရီးသည်ဟာ မိမိသေမယ်ဆိုတာ သိတဲ့အတွက် အားခဲပြီး သစ်ကိုင်းကိုတွဲခိုထားပါတယ်..။

              ခရီးသည်ခိုထားတဲ့ အပင်ရဲ့  အမြစ်ကိုတော့ ကြွက်ဖြူနဲ့ ကြွက်မည်းနှစ်ကောင်က လှည့်ပတ်ကိုက်ဖြတ်နေကြပါတယ်..။ ခရီးသည်က သူဆွဲကိုင်ထားတဲ့ သစ်ကိုင်းကိုစူးစမ်းကြည့်တဲ့အခါ ပျားအုံတစ်အုံလည်းစွဲနေတာကို သတိထားမိပါသတဲ့။ တစ်ခါ⁠တစ်ခါ ပျားတုတ်ခံရတာပေါ့…။ တစ်ခါ⁠တစ်ခါမှာတော့ ပျားအုံက ကျလာတဲ့ ပျားရည်စက်ကလေးတွေကို လျှာနဲ့ လှမ်းလျက်လိုက်ပါသေးသတဲ့…။ ပျားရည်ရဲ့  အရသာကို စွဲမက်ယစ်မူးပြီး ပျားအုံကို တုတ်နဲ့ထိုးလိုက်…ပျားတုတ်ခံလိုက်.. ရံဖန်ရံခါ ကျလာတဲ့ ပျားရည်စက်ကလေးကို တရှိုက်မက်မက်လျက်လိုက်နဲ့ သူ့ရဲ့  လက်ရှိဒုက္ခတွေကို မေ့လျော့သွားပါတော့သတဲ့…။

        အဲဒီခရီးသွားကတော့ တစ်ခြားမဟုတ်ပါဘူး..။ ကျနော်တို့တွေ ကိုယ်တိုင်ပါပဲ..။ သစ်ကိုင်းကတော့ တို့တွေရဲ့ ဘဝပါ..။ကြွက်ဖြူနဲ့ ကြွက်မည်းကတော့ နေ့နဲ့ညဆိုတဲ့ အချိန်ပါ…။ ပျားရည်စက်လေးကတော့… တို့တွေတပ်မက်နေကြတဲ့ စည်းစိမ်ဥစ္စာကာမဂုဏ်အာရုံတွေပေါ့…။ ကာမဂုဏ်စည်းစိမ်ဆိုတာ…ဒုက္ခတွေကြားက ပျားရည်စက်မျှသာပါပဲ..။ ပျားတုတ်ခံရတယ်ဆိုတာက ဒီကာမဂုဏ်အာရုံတွေ ရှာဖွေလို့ ကြုံလာရတဲ့ ဒုက္ခတွေပေါ့..။

      မြတ်စွာဘုရားက သဗ္ဗေသင်္ခါရာ ဒုက္ခာ၊ ဖြစ်ပျက်သမျှ ဒုက္ခလို့ ဟောပါသော်လည်း ဘဝကိုဒုက္ခလို့ မမြင်နိုင်ကြပါဘူး..။ ဘဝဒုက္ခကို ပျားရည်စက်ကလေးနဲ့ ဖုံးထားခံရတာပါ..။ ဒီပျားရည်စက်ကလေးပေါ် တပ်မက်မှုကို ဖယ်ခွာပြီး ကိုယ့်ဒုက္ခကိုယ်မြင်ကာ ဒုက္ခလွတ်ရာလမ်းကို ရှာဖွေကြပါစို့လား သူငယ်ချင်းရာ…. ။ ။

ကျမ်းကိုး…. ဘဝအဓိပ္ပါယ်နှင့်ဘဝသစ္စာ(နန္ဒာသိန်းဇံ)
 
Related Posts Plugin for WordPress, Blogger...