စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရေကန်ထဲကဆား(စိတ်ဓါတ်ကျနေသူများအတွက်ပါ)



အရမ်းကောင်းတဲ့ ဥပမာ လေးပါ ...ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ဆီ ရောက်လာပါတယ်..

ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က

“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်

.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.

မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ

ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..

ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ”

လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်..

ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.

. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့…” “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်.......

http://www.ads.com.mm/my/jobs


https://www.facebook.com/photo.php?fbid=483861515037617&set=a.324002031023567.

ကွန်ပြူတာ လုပ်ဆောင်ချက် မြန်စေရန် လိုက်နာသင့်သည့် အချက်များ




၁။ ကွန်ပြူတာ ဖွင့်လိုက်ပြီး သူ Boot တက်ပါတယ်။ (အမှန်တော့ Boot ကလည်းတက်တာပဲ။ တက်ကလည်း တက်တာပဲ ဖြစ်ပေမယ့် ဒီလိုပဲ စကားအရ Boot တက်တယ်လို့ဆိုခြင်းပါ။ ကွန်ပြူတာစဖွင့်လိုက်ရင် သတ်မှတ်ထားတဲ့ ပရိုဂရမ်တွေ စ Run ခြင်းဖြစ်ပါတယ်။) အဲဒါမျိုးဖွင့်ပြီးရင် Boot အချိန်မပြည့်သေးပဲ သုံးချင်လှတဲ့ G Talk တွေ၊ Browser တွေ၊ ဆော့ဖ်ဝဲတွေ သွားဖွင့်တဲ့ အလေ့အထက မိမိကွန်ပြူတာ လုပ်ဆောင်ချက်ကို နှေးကွေး စေပါတယ်။

၂။ Applcation တစ်ခုသုံးပြီး ပိတ်လိုက်တိုင်း Desktop ကို Refresh လုပ်ပေးဖို့ လိုပါတယ်။ သူက RAM ကို Refresh လုပ်ပေးတာပါ။ မဟုတ်ရင် unused file တွေ ကျန်နေတတ်တဲ့အတွက် လုပ်ဆေင်ချက် နှေးစေ ပါတယ်။ ဒီတော့ Program တွေကို တစ်ခုသုံးပြီးတိုင်း မလိုအပ်ရင် ပိတ်လိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှလည်း Memory usage သက်သာမှာ ဖြစ်ပါတယ်။

၃။ အရွယ်ကြီးလွန်းတဲ့ Wallpaper များကို Desktop Background တင်တာ လည်းရှောင်သင့်ပါတယ်။ 64MB ထက်များတဲ့ အရွယ်အစား တွေကိုပါ။ သူက လည်း RAM မှာနေရာယူတဲ့အတွက် ဖွင့်လိုက်တာနဲ့ကို CPU utilize နှုန်း တက်နေစေပါတယ်။

၎။ Desktop ပေါ်မှာ short cut များမလိုရင် မတင်ပါနဲ့။ လိုအပ်တာတွေ လောက်ပဲ၊ အရေးကြီး သုံးဖြစ်တာလောက်ပဲ တင်သ့င် ပါတယ်။ Short Cut တစ်ခုတိုင်းဆီက RAM မှာ 500 byte ပမာဏ သုံးစွဲ ပါတယ်။ ဒါကြောင့်မို့ လုပ်ဆောင်ချက် နှေးစေပါတယ်။

၅။ Recycle Bin ကို ပုံမှန် empty ဖြစ်အောင် ရှင်းပေးပါ။ file တွေကို ဖြတ် လိုက်ပေမယ့် အမှန်တော့ သူတို့က မပျက်သေးပါဘူး။ အသေးငယ်ဆုံး Byte ပမာဏ ဖြစ်အောင် Compress လုပ်ပြီး Recycle Bin ခေါင်းစဉ်အောက်မှာ အစုအဖွဲ့တစ်ခုအနေနဲ့ သွားရှိနေစေပါတယ်။ ဒါကြောင့် သူ့ကိုသာ ပုံမှန် မရှင်း ပေးရင် စက်ကိုလေးစေ၊နှေးကွေး စေပါတယ်။

၆။ အင်တာနက် temporary file, history တွေကို ဖြတ်ပေးပါ။ ဒါလည်း အရေးကြီးပါတယ်။ အင်တာနက်သုံးလို့ကျန်တဲ့ Cache တွေ၊ Cookie တွေ၊ (Cookie) ဆိုလို့ စားရတဲ့ ကွတ်ကီးကိုဆိုလိုခြင်းမဟုတ်ပါဘူး။ ဝဘ်ဆိုဒ်မှာ မှတ်သားပြီးချန်ခဲ့တဲ့ အချက်အလက်၊ အရာ သဘောမျိုးပါ။ သူတို့ကိုသာ ပုံမှန်မဖြတ်ပေးရင်လည်း Browser application ကိုသာမက ကွန်ပြူတာ System တစ်ခုလုံးရဲ့  လုပ်ဆောင်ချက်ကို နှေးကွေး စေပါတယ်။

၇။ Startup Program များ လျော့ပါ။ Startup program ဆိုတာဒီလိုပါ။ ကွန်ပြူတာကို စဖွင့်လိုက်တာနဲ့ တက်လာစေမယ့် Application များ ဖြစ်ပါတယ်။ အထူးသဖြင့် Antivirus software တို့၊ G Talk တို့၊ Skype, Dropbox အစရှိသဖြင့်တို့ကို Startup မှာတစ်ခါတည်း တက်လာစေဖို့ Default အနေနဲ့ ပေးထားတတ်ကြပါတယ်။ ဒီတော့ ဖြုတ်ထားလေ ကောင်းလေပါတယ်။ တစ်ခါတစ်လေ မသုံးဖြစ်ပဲ ထားတဲ့ဟာတွေဆိုရင် RAM အလကား စားပြီး System ကိုနှေးကွေး စေပါတယ်။ Window မှာ Startup တွေဖြုတ်ချင်ရင် Command + R နှိပ်ပြီး msconfig ကိုနှိပ်လို့ လိုရာရွေးနိုင်ပါတယ်။

အကြံပေးချက်

ကျနော်တို့ ကွန်ပြူတာတွေ စက်က ဟန်းသွားရင်၊ ဘာမှနှိပ်လို့မရရင် အများစု လုပ်ဖြစ်ကြတာက ပါဝါပိတ်ပြီး ပြန်ဖွင့်တာမျိုးပါ။ သူက RAM ကို လုံးဝ power supply ဖြတ်တောက်ပြီး Start ပြန်လုပ်တာဖြစ် တဲ့အတွက် ပြဿနာ ဖြေရှင်းပြီးသွားပြီလို့ ထင်ရပေမယ့် နောက်ပိုင်း ပါဝါ မတက်တဲ့ ပြဿနာမျိုးတွေ ကြုံတတ်ပါတယ်။ အတွင်းက Diode တွေ ပျက်ဆီးသွားခြင်းပါ။ ဒီတော့ စက်က ဟန်းသွားရင်၊ ဘာမှ လုပ်လို့ မရ ဖြစ်သွားရင် ၅ မိနစ်မှ ၁၀ မိနစ်ကြားတော့ အနည်းဆုံး စောင့်သင့်ပါတယ်။ ဒါမှ မထူးခြားဘူးဆိုမှ ပိတ်နိုင်ပါတယ်။

ပြီးတော့ Task Manager ဖွင့်ပြီး Force နဲ့ Application ကို End Process လုပ်တာကလည်း ဖြေရှင်းနည်းတစ်မျိုးပါ။ သူက System တစ်ခုလုံးကို Effect မဖြစ်သေးချိန်မှာ အသုံးပြုလို့ရပါတယ်။ System တစ်ခုလုံးကို Effect ဖြစ်သွားရင် Task Manager ဖွင့်ဖို့နေနေသာသာ Arrow key တောင် ရွေ့ မရ ဖြစ်သွားပါတယ်။

ဒီတော့ Third Party Software လည်းသုံးတတ်ဖို့လိုအပ်ပါတယ်။ သိပ် အများကြီး သုံးဖို့ မလိုပါဘူး။ အမှိုက်သရိုက်ရှင်းဖို့အတွက် C Cleaner တို့လို ဆော့ဖ်ဝဲ၊ အန္တရယ်ရှိ ဆော့ဖ်ဝဲတွေကို ထောက်လှမ်း တားဆီး ပေးမယ်၊ နှိပ်နှင်းပေးမယ့် Antivirus ပရိုဂရမ် တစ်ခု ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ အဲဒါကို တစ်ခု မက ထည့်ထားလွန်းရင်လည်း စက်ကို ဟန်းလေး၊ လေးစေ၊ နှေးစေ ပါတယ်။

ဒီလောက်ဆိုရင် မိမိကွန်ပြူတာကို ဘယ်လိုပြုစု အသုံးပြုရမယ်ဆိုတာကို အခြေခံအားဖြင့် သိပြီလို့မျှော်လင့် ပါတယ်။

အောင်ခမ်း (TSJ team)


https://www.facebook.com/photo.php?fbid=450894308341739&set=a.351047714993066.

သင်…မှန်ကန်သော ဆံပင်ပုံစံကို ရယူပါ


Wednesday, July 31, 2013

လူတစ်ယောက်နဲ့တစ်ယောက် မျက်နှာကျပုံစံ၊ ကိုယ်လုံးကိုယ်ထည်နဲ့ ဆံပင်အမျိုးအစားပါ မတူညီကြတာ လူတိုင်း သိပြီးသား ဖြစ်မှာပါ။ ဒီလို မတူညီတဲ့ ပုံစံတွေထဲမှာမှ မိမိမျက်နှာက ဘယ်လို ပုံစံဆိုတာ လူတိုင်း သိကြပါရဲ့လား။ ပျိုမေတွေရဲ့ အလှအပတွေထဲမှာ မိမိဆံပင်ပုံစံနဲ့ မိမိမျက်နှာ လိုက်ဖက်မှုကရော အရေးပါတယ် ဆိုတာ ပျိုမေတို့ လက်ခံကြပါရဲ့လား။ ဒီနေ့တော့ ICT ပရိသတ် ပျိုမေများအတွက် မိမိမျက်နှာအကျနဲ့ အလိုက်ဖက်ဆုံး ထားနိုင်အောင် ဆံပင်ပုံစံလေးတွေကို ရွေးချယ်တင်ပြပေးသွားပါ့မယ်။

ကဲ………ပျိုမေတို့ရေ အရင်ဆုံး မိမိရဲ့ မျက်နှာအကျက ဘယ်လိုပုံစံလဲဆိုတာ မိမိဘာသာ မိမိသိစေအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ပြောပြမယ်နော်။ မိမိရဲ့ နေအိမ်က မှန်တင်ခုံ ရှေ့ထိုင်ပြီး ဆံပင်တွေ အားလုံးကို စုစည်း ချည်နှောင်လိုက်ပါ။ အကယ်၍ ဆံပင်အတိုသမားဆိုရင်တော့ ဆံပင်ကို ရေဆွတ်ပြီး နောက်ဘက်ကို အားလုံးလှန်ဖြီးထားပါ။

ပြီးရင် မှန်ကို တည့်တည့်ကြည့်ပြီး နှုတ်ခမ်းနီ ဒါမှမဟုတ် ပုံဆွဲ ဖယောင်းနဲ့ မှန်ပေါ်မှာ မြင်ရတဲ့ မိမိမျက်နှာကို လိုက်ပြီး သေချာရေးဆွဲလိုက်ပါ။ အရေးအကြီးဆုံးက နဖူး၊ နားသယ်စပ်တွေ၊ မေးစေ့နေရာတွေပေါ်အောင် ရေး ဆွဲပါ။ ဒါမှ မိမိရဲ့ မျက်နှာကျကို အမှန်ရစေမှာပါ။ မိမိရဲ့ မျက်နှာပုံစံကို သိရပြီ ဆိုရင်တော့ ပညာရှင်တွေ ခွဲခြားထားတဲ့ အမျိုးသမီးများရဲ့ မျက်နှာပုံသဏ္ဌာန် (၄)မျိုးထဲက မိမိဟာ ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ၊ ဘယ်လိုဆံပင် ပုံစံကို ထားသင့်လဲ၊ ဘယ်လိုပုံစံကို ရှောင်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

ဘဲဥပုံမျက်နှာ

ဘဲဥပုံမျက်နှာကျ ပိုင်ရှင်တွေကတော့ ဘယ်ပုံစံမျိုးမဆို လိုက်ဖက်တာ တွေ့ရတတ်ပါတယ်။ ဒီပုံစံတွေရဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံကတော့ ပါးပြင်ပေါ်ကို အလွှာလိုက်၊ အထပ်လိုက် ခပ်ဝဲဝဲ ကျနေတာမျိုးဆို အင်မတန် ကြည့်ကောင်းပါတယ်။ နှုတ်ခမ်းနဲ့ မေးစေ့အလှကို ပိုပြီး ပေါ်လွင်စေမယ့် အတိုပုံစံမျိုးလည်း လိုက်ဖက်စေပါတယ်။ အရှည် ဒါမှမဟုတ် အလယ်အလတ် ရှည်သူများက ဆံပင်ကို စုစည်းပြီး မျက်နှာအလှကို ရှင်းရှင်းလေးလည်း ပြုလုပ်နိုင်ပါသေးတယ်။

မျက်နှာရှည်သွယ်သူ

ယခုလို ပုံစံရှိတဲ့သူတွေအတွက်တော့ မျက်နှာလေးကို ဖောင်းပြည့်တဲ့ပုံ စံဖြစ်အောင် မျက်နှာဘေး တစ်ဖက်တစ်ချက် နားရွက်တစ်ဝိုက်၊ ပါးပြင်တွေနားမှာ ဆံပင်တွေ အုံပိုထူလာအောင် အထပ်ထပ် ပြု လုပ် ပေးရပါမယ်။ ဆံပင် ဖြောင့်ထားတဲ့ သူဆိုရင်တော့ ဆံပင်ကို မေးစေ့ရှည်နေတဲ့ ပုံပျောက်အောင် မညီမညာနဲ့ အလွှာလိုက် အထပ်ထပ်ညှပ်ပေးပြီး မေးစေ့သွယ်တာကို ဖျောက်ပေးသယောင် ဖြစ်သွားမှာပါ။ အကောင်းဆုံး ကတော့ ဆံပင်ကို လှိုင်းတွန့် လေးတွေ ဖြစ်အောင် ကောက်
ပေးရင် အလှဆုံးပါပဲ။ ဆံပင်ရဲ့တစ်ဝက်လောက်ကို အလွှာ အထပ်ထပ်လေး တွေနဲ့ပေါ့။ ဒါပေမယ့် ဆံပင်ကို အရမ်းတိုလွန်း၊ ရှည်လွန်းတာမျိုးတော့ မလိုက်ဖက်ကြောင်းကိုလည်း အသိပေးလိုက်ပါရစေ။

မျက်နှာဝိုင်းသူ

ထိုသူတွေကတော့ မျက်နှာကို ရှည်သွယ်သွားအောင် ပြုလုပ်ပေးရမှာပါ။ အကောက်ပုံစံ ကြိုက်ရင်တော့ မေးစေ့ နားလောက်ထိကို ပြေပြေလှိုင်း တွန့်လေးနဲ့ ကောက်ပေးပြီး အလွှာလိုက် ညှပ်ပေးသင့်ပါတယ်။ ဒါမှ အပေါ် အတိုလွှာလေးတွေက ဖောင်းပြီး အောက်ဘက်ကို ရှုးပြီးသွယ်ဆင်းတဲ့ ပုံစံပေါက်မှာပါ။ ဆံပင်ကို အလယ်ခွဲပုံစံနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာပေါ်မှာ ဆံပင်တုံးတိတိ ပုံစံမျိုးတွေကိုတော့ မညှပ်မီအောင် ရှောင်သင့်ပါတယ်။

လေးထောင့် ပုံစံ မျက်နှာ

လေးထောင့်ပုံစံ မျက်နှာရှိသူတွေကတော့ မေးရိုးကားနေတာကို ဖုံးကွယ်ပေးမယ့် ပုံမျိုးဖြစ်အောင် ဆံပင်တွေကို အလွှာအထပ်ထပ် ညှပ်ပြီး ပါးရိုးနဲ့ မေးရိုးတွေကို ဖုံးကွယ်ဖို့ ပြုလုပ်သင့်ပါတယ်။ ဘေးနှစ်ဖက်ကို တိုအောင် ညှပ်ပြီးကာကွယ်ပါ။ ဆံပင်ကို လှိုင်းတွန့်ကြီးကြီးတွေ ကောက်ပေးပြီး တိုတာကလည်း မျက်နှာအကျကို ဖုံးကွယ်သွားစေမှာပါ။ လေးထောင့်ပုံစံ၊ အနောက်ဘက်ကို ချွန်သွယ်သွားတဲ့ပုံစံ၊ တိုလွန်းတဲ့ပုံစံတွေက အလှကို ပျောက်စေပါတယ်။ ဒါကြောင့် ICT ပျိုမေတို့က မိမိမျက်နှာကို သေချာလေ့လာပြီး ဒီနေ့တင်ပြလိုက်တဲ့ အချက်လေးတွေကို စမ်းသပ်ပြုလုပ်ကြည့်လိုက်ကြပါလို့ အကြံပေးလိုက်ပါတယ်။

Ref: www.myanmaryp.com
Myanmar ICT


https://www.facebook.com/photo.php?fbid=450955791668924&set=a.351047714993066.7
Related Posts Plugin for WordPress, Blogger...