စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ရေပြင်မှ ပုလဲများ






ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က န၀ရတ်ကိုးပါး တွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ကြ ပါသည်။ န၀ရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာ ချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင် ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင် ရခြင်းပင် ဖြစ်ပါသည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။

ပုလဲအမျိုးအစားများ

ပုလဲသည် ခရုကမာကောင် (Mollusks) မျိုးနွယ်များမှ ထွက်ရှိ ထုတ်လုပ်ပါသည်။ အခွံနှစ်ခုပါသော ခရုကမာ ကောင် အမျိုးပေါင်း ၈၀၀၀ ခန့်ရှိသည့် အနက် အမျိုး (၂၀)ခန့်သာ ပုလဲထွက်ရှိပါသည်။ ရေချိုတွင် ရှင်သန်ပြီး ပုလဲ ထုတ်လုပ်နိုင်သည့် ခရုကမာမျိုးကို ဂုံးကောင် (Mussel) ဟု ခေါ်ပါသည်။ ရေငန်တွင် ရှင်သန် ပေါက်ဖွားပြီး ပုလဲ ထုတ်လုပ် နိုင်သည့် ခရုကမာ ကောင်မျိုးကိုမူ မုတ်ကောင် (Oyster) ဟု ခေါ်ပါသည်။

ဂုံးကောင် ( Mussel )
မုတ်ကောင် ( Oyster )
ရေငန်ပုလဲ (၃)မျိုးရှိသည့် အနက် ဂျပန်ပုလဲဟု ခေါ်သည့် အကိုယာပုလဲ Akoya Pearl များကို Pinctada Fucata မုတ်ကောင်မှ မွေးမြူထုတ်လုပ်ပြီး ဂျပန်တွင် အများဆုံး ထုတ်လုပ်ကာ ပုလဲနက်ဟု လူသိများသော Tahitian Pearl များကို Pinctada Margaritafera မုတ်ကောင်မှ ထုတ်လုပ်ပြီး တဟေတီ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။

ရေငန်ပုလဲ အမျိုးအစားများ ဖြစ်သည့် တောင်ပင်လယ်ပုလဲ South Sea Pearl များကို Pinctada Maxima မုတ်ကောင်များမှ မွေးမြူထုတ်လုပ်ပြီး သြစတေးလျ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။ ယင်းမုတ်ကောင် မျိုးသည် တောင်ပင်လယ်ဟု ခေါ်သည့် အရှေ့တောင် အာရှ၏ တောင်ဘက် ကမ်းခြေနှင့် သြစတြေးလျ တိုက်၏ မြောက်ဘက် ကမ်းခြေ အကြား ရေပြင်တွင်သာ ရှင်သန် ပေါက်ဖွားပါသည်။ ထို့ကြောင့် တောင်ပင်လယ် ပုလဲကို သြစတေးလျ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင်သာ မွေးမြူ ထုတ်လုပ် ထွက်ရှိပါသည်။

ပုလဲဖြစ်ပေါ်ပုံ

ဟယ်ရီပေါ်တာကြောင့် ကြီးပွားသော်လည်း ရေခဲမုန့် သည် လုပ်သူ




ဟယ်ရီပေါ်တာ ရုပ်ရှင်မှာ ဇာတ်ပို့ သရုပ်ဆောင် မင်းသား အနေနဲ့ ပါဝင်တဲ့ Rupert Grint ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး လူငယ် မင်းသား စာရင်းထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့  ဝါသနာ ကတော့ ကလေးတွေကို ရေခဲမုန့် ကျွေးမွေးခြင်း ဖြစ်ပါတယ်။

Rupert Grint က ရေခဲမုန့်ကို မရောင်းပါဘူး။ အလှူလုပ်သူ ဖြစ်ပါတယ်။ ကလေးတွေကို အလကား ကျွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ အမေရိကန်ဒေါ်လာ ၃၇ သန်း မက တဲ့ ငွေကြေးကို ဟယ်ရီပေါ်တာ ရုပ်ရှင် ထဲမှ ရရှိထားပြီး တစ်သက်လုံး အေးဆေးနေနိုင်သူ ဖြစ်ပါတယ်။ ကား အကောင်းစား၊ အသုံးအဆောင်အကောင်းစားများကိုလည်း သုံးနိုင်ပေမယ့် Rupert Grint ကတော့ ထင်သလိုမဟုတ်ပါဘူး။

သူရတဲ့ ငွေနဲ့ ရေခဲမုန့်ကား တစ်စီး ဝယ်ပြီး အမေရိကန် ပြည်ထောင်စု က ပြည်နယ်တွေရဲ့  မြို့ ငယ်၊ရွာတွေကို အနှံ့သွားလို့ အလကား ဝေ ပါတယ်။ ရောင်းတာ မဟုတ်ပါဘူး။ ကလေးငယ်လေးတွေကို အလကားကျွေးတာပါ။ သူ့အနေနဲ့ အနုပညာအလုပ် အချိန်ရဲ့ ပြင်ပ အချိန်တွေမှာ ကလေးတွေကို ရေခဲမုန့် အလကား လိုက်ကျွေးတဲ့ ကားနဲ့ နေရာအနှံ့လျှောက်သွားလို့ လှူဒါန်း လေ့ရှိကြောင်း သိရ ပါတယ်။
.
Ref: dyknow
International news for myanmar

http://www.innewsmyanmar.com/2013/08/blog-post.html

မြန်မာ စကားပုံများ (မ)၊ (ယ)၊ (ရ)


Wednesday, July 31, 2013

မ
၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်စား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”


ယ

၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”
 

ရ

၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”


https://www.facebook.com/photo.php?fbid=450959391668564&set=a.35104771499
Related Posts Plugin for WordPress, Blogger...