စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ


Thursday, August 01,2013

၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။

၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)

ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။
.
Ref:technews


https://www.facebook.com/photo.php?fbid=450986291665874&set=a.351047714993066.

မထူးဆန်းတဲ့ ကြက်ချဉ်စပ်သုပ်


Thursday, August 01,2013

မထူးဆန်းတဲ့ ကြက်ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ….

ပြုတ်ပြီး အသားနွှင်ထားသော ကြက်ရင်ပုံသား – တရုတ်ထမင်းစားပန်းကန်လုံး ၂ လုံးခန့် (အသားကို အရမ်းနူးအောင် မပြုတ်ပါနှင့်)
 

အစေ့ထုတ်ပြီ ပါးပါးလှီးထားသော ခရမ်းချဉ်သီး – တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခွဲခန့်
 

ပါးပါးလှီးထားသော ဂေါ်ဖီထုတ် – တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခွဲခန့်
 

ပါပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – လက်တစ်ဆုပ်ခန့်
 

ပါးပါးရှည်ရှည် အချောင်းလေးများလှီးထားသော မုန်လာဥနီ – လက်တစ်ဆုပ်ခန့်
 

ခပ်ကြမ်းကြမ်းလှီးထားသော နံနံပင် – လက်တစ်ဆုပ်ခန့်
 

ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – လက်တစ်ဆုပ်ခန့်
 

ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၂ ဇွန်းခန့် (စားနိုင်သလောက်)
 

ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
 

ပဲငံပြာရည်အကျဲ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
 

သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
 

အရသာမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
 

ငရုတ်သီးအလှော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်

အားလုံးကို ဇလုံလေးထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်လိုက်ပြီးနောက် မထူးဆန်းတဲ့ ကြက်ချဉ်စပ်သုပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Chaw Su's Food Friends (Facebook)


https://www.facebook.com/photo.php?fbid=450987058332464&set=a.351047714993066.

ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သော မျောက်ဝံ Kanzi


Thursday, August 01,2013

ထူးဆန်းပါတယ်။ သို့ပေမယ့် တကယ် ဖြစ်ပါတယ်။ Kanzi အမည်ရ မျောက်ဝံ ကို အမေရိကန်ပြည်ထောင်စု၊ Iowa ပြည်နယ် Des Moines မြို့ နေ အမျိုးသမီး ဆရာဝန် Sue Savage-Rumbaugh မှ မွေး ထားခြင်း ဖြစ်ပါတယ်။

မျောက်ဝံကို မွေးပြီး လူတွေနဲ့ယဉ်ပါးအောင်သင်ပေးပါတယ်။ နောက်တော့ လူသားတို့ လုပ်ဆောင်တဲ့ ကိစ္စအတော်များများကိုပါ သင်ပေးလို့ ရတဲ့ အနေအထား တစ်ခုဖြစ်လာပြီး အစားအသောက်ဆိုရင် ချက်ပြုတ်မထားရင် မစားတဲ့အထိကို ဖြစ်သွားပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ သခင်မနဲ့ တောခရီးသွားတဲ့အခါ ချက်ပြုတ်တဲ့ တာဝန်ကို ချင်ပန်ဇီ မျောက်ဝံ Kanzi က တာဝန်ယူထားပါတယ်။ အစား အသောက် ချက်ပြုတ်ခြင်း၊ မီမွေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ယခုလို တမူထူးခြား တဲ့ အမူအရာကြောင့် ချင်ပန်ဇီတို့ရဲ့  ဥာဏ်ရည် မြင့်မားမှုကို လူသိများစေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: DailyMail

Aung Kham (MM Social Sky)


https://www.facebook.com/photo.php?fbid=451009821663521&set=a.35104771499306
Related Posts Plugin for WordPress, Blogger...