စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အသေးဆုံး သမင်


ကမ္ဘာ့အသေးဆုံး သမင်

တောင်အမေရိကမှာပဲ ရှိတဲ့ သမင် တစ်မျိုး ဖြစ်ပါတယ်။ Pudu လို့ ခေါ်ပြီး အီကွေဒေါ၊ ချီလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပီရူး အစရှိတဲ့ နိုင်ငံများရဲ့  တောင်ကုန်းမြင့် ဒေသတွေမှာ နေထိုင်ပါတယ်။

အရွယ်အစားအားဖြင့် အမြင့် ၁၃ လက်မမှ ၁၇ လက်မ၊ အရှည် ၃၃ လက်မ အထိပဲ ရှိပါတယ်။ ဝိတ်ကတော့ ၂၆ ပေါင်ဝန်းကျင်သာ ရှိပြီး ပေါင် ၃၀ အထိ ကတော့ အလေးဆုံးပါပဲ။ တောင်အမေရိကမှာ တစ်ချိန်က နာမည်ကြီး အသားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယခုချိန်မှာ ပူဒူးအမဲလိုက်ခြင်းကို အပြင်းအထန် တားမြစ် အရေးယူပါတယ်။ အရေအတွက် နည်းနေပြီမို့ ဖြစ် ပါတယ်။

ချီလီတောင်ဆိတ်လို့လည်း နာမည်ပေးထားပါသေးတယ်။ ယနေ့ အချိန် ကမ္ဘာ့ရှားပါး မျိုးစိတ် စာရင်းထဲမှာ Pudu ကို ထည့်သွင်းမှတ်တမ်းတင် ထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_6269.html

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်


အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်

ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။

ကုန်းတွင်ပိတ် ရေအိုင်ကြီး တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်း ကတည်ရှိနေတာ ဖြစ်ပါတယ်။ သဘာဝအလျောက်လှပနေပြီး သူ့ရဲ့  ထူးခြား ကြည်လင်တဲ့ ရေကြောင့် Flathead Lake ဟာ လူသိများပါတယ်။ ကမ္ဘာ့အသန့်ရှင်းဆုံး ရေကန်များထဲမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_8.html

မြန်မာပြည်က လူငယ်တိုင်း အတွက် ဖြစ်သည်


မြန်မာပြည်က လူငယ်တိုင်း အတွက် ဖြစ်သည်

ခေါင်းစဉ်က ဖတ်လိုက်ကတည်းကို တကယ့် အကြီးကြီးပါပဲ။ သို့ပေမယ့် ရည်ရွယ်ချက်က ရိုးရိုးရှင်းရှင်းပဲ ရှိပါတယ်။ ဒါကတော့ - မြန်မာပြည်မှာ Facebook၊ အင်တာနက် ဝဘ်ဆိုဒ် အပြင် အခြားသော ဆိုရှယ်မီဒီယာဆိုဒ် အသုံးပြုနေသော ဘယ်သူမဆို ကိုယ်ပိုင်ဝင်ငွေရှိသော စီးပွားရေး လုပ်ငန်း ပိုင်ဆိုင်လာစေဖို့ ဖြစ်ပါတယ်။

ထပ်ရှင်းရမယ်ထင်ပါတယ်။ ဒီလိုပါ ---

နိုင်ငံခြားမှာ လူကြီး၊ လူငယ်မရွေး အွန်လိုင်း ချိတ်ဆက်မှုနဲ့ အခြေခံလို့ စီးပွားရေးတွေ တွင်တွင် ကျယ်ကျယ်လုပ်နေပါတယ်။ မီဒီယာအနေနဲ့ရေ၊ ကုန်သွယ်မှု အနေနဲ့ရော၊ ပညာရေးအနေနဲ့ရော အစရှိသဖြင့် ဘက်ပေါင်းစုံသော ကဏ္ဍန်များမှာ ကိုယ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြ ပါတယ်။ ကြားဖူးမှာပါ။ Google မှာ Register လုပ်ပြီး ကိုယ်တတ်နိုင်တဲ့ technical အပိုင်းသော် လည်းကောင်း၊ Content အပိုင်းသော်လည်းကောင်း၊ Research အပိုင်းသော် လည်းကောင်း၊ ဘက်ပေါင်းစုံမှာ ဖြည့်ဆည်းပေးပြီး အသက်ငယ်ငယ်နဲ့ ဝင်ငွေများနေသူများပါတယ်။ ကိုယ် တတ်သလောက်မတ်သလောက်နဲ့ မိုဘိုင်း App ဆွဲပြီး အွန်လိုင်း Store ပေါ် တင်လိုက်တာနဲ့ သူ့အွန်လိုင်း အကောင့်မှာ ငွေတွေ တစ်ပုံကြီး ဝင်သွားတာတို့၊ Theme ရောင်းပြီး မီလျံနာ ဖြစ်သွားတာတို့ ဇာတ်လမ်းတွေ၊ ဇာတ်လမ်းတွေ ပြောလို့တောင် မကုန်၊ ရှာလို့တောင် မကုန် တကယ်ရှိနေပါတယ်။ ဖြစ်လည်း ဖြစ်နေပါတယ်။

ယခု မြန်မာပြည်မှာ အရည်အချင်းရှိတဲ့ လူငယ်တွေ တစ်ပုံကြီးပါ။ ဟိုနေ့ (ဖေဖော်ဝါရီ ၂ ရက်နေ့) က ဆွေးနွေးပွဲတက်လိုက်တာနဲ့ အားတတ်ရပါတယ်။ လာတဲ့သူတွေက--

ဆော့ဖ်ဝဲ ဒီပလိုပါ၊ ဟာ့ဒ်ဝဲအင်ဂျင်နေယာ၊ BE (IT) ကျောင်းဆင်း၊ ဆောက်လုပ်ရေး အင်ဂျင်နေယာ၊ မာကဲတင်း မနေဂျာ၊ နည်းပညာ သတင်းမီဒီယာ၊ Mobile application ရေးဆွဲသူ၊ Java ပရော်ဖက်ရှင်နယ်၊ အွန်လိုင်းမာကဲတင်း၊ စင်္ကာပူပြန် အိုင်တီကျောင်းသား၊ US ပြန်အိုင်တီ ကျောင်းသား အစရှိသဖြင့် အခြားသော နယ်ပယ်များလည်း ပါဝင်ပြီး စုစုပေါင်း ၄၀ ကျော်လောက်တတ်ပါတယ်။

အားလုံးမှာ ကိုယ်စီ ပညာအရည်အချင်းများ ရှိနေပါတယ်။ တကယ်လည်း လုပ်နေသူတွေ ပါပါတယ်။ ဒီ အွန်လိုင်းအခြေခံ၊ ဆိုရှယ်မီဒီယာ အခြေခံ စီးပွားရေး ဘယ်လိုလုပ်ရမယ် ဆိုတာကို လမ်းစဖွင့်ပေးမယ့်သူလိုနေပါတယ်။ အိုင်ဒီယာ ကူညီပေးမယ့်သူ လိုနေပါတယ်။ ဒါကြောင့် ကျွန်တော် မောင်အောင်ခမ်းနဲ့ ကိုဖရက်ဒီ တို့ ဦးဆောင်ပြီး ဒီ လူငယ်တွေကို

- လက်တွဲခေါ်မယ်၊-
strategy ပေးမယ်။
- မားကဒ်ကို ဘယ်လို approach လုပ်မယ်။
- စီးပွားရေး လမ်း ပွင့်သည် ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ လက်ရှိ အနေအထားမှာ ဘယ်လို ရပ်တည်လို့ရမယ့် Online Business တွေတည်ထောင်မယ်။
- ဘယ်လို ကြိုးစားဖန်တီးမယ်။

ဒါကို အခြေခံလို့ ဘယ်လို တိုင်းပြည် အကျိုးပြုမယ့် အွန်လိုင်းအခြေခံ စီးပွားရေး စနစ် တစ်ခု ပေါ်ပေါက်လာအောင် ဘယ်လို တိုင်ပင်လုပ်ဆောင်သွားကြမယ်

အစရှိသဖြင့် ပြောမကုန်အောင် ရည်ရွယ်ချက်ပေါင်းများစွာ၊ နည်းလမ်းပေါင်း များစွာနဲ့ လက်တွဲ ခေါ်သွားမှာ ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ဖို့ ကျွန်တော်နဲ့ ကိုဖရက်ဒီ က လက်တွဲခေါ်မှာပါ။ ဒါဆို စာရေးသူ ကျွန်တော် အောင်ခမ်းနဲ့ ဖရက်ဒီတို့က ဘယ်လို၊ ဘာတွေလုပ်နေလည်းလို့ မေးချင်စရာ ရှိပါတယ်။

ဖရက်ဒီဆိုတာ---

Funny World (ဟာသကမ္ဘာ) (https://www.facebook.com/keepsmile.funnyworld) ဆိုတဲ့ Facebook စာမျက်နှာမှ အက်ဒမင် တစ်ဦးဖြစ်ပြီး၊ အခြားသော Website များ၊ Facebook page များကိုလည်း content အပိုင်းမှာတာဝန်ယူပေးနေပါတယ်။ Web Designer တစ်ဦးလည်း ဖြစ်ပြီး Myanmar Youth Forum မှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ၊ Web admin အနေနဲ့ တာဝန်ယူ လုပ်ရှားပေးနေသူ ဖြစ်ပါတယ်။ မြန်မာ့ အိုင်တီလောက ဖွံ့ဖြိုးရေးအတွက် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်နေပါတယ်။ အသက် ၂၂ နှစ် ဝန်းကျင်သာ ရှိသေးပေမယ့် မြန်မာ့လူငယ် ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးစားနေသူ ဖြစ်ပါတယ်။

ကျွန်တော် အောင်ခမ်းဆိုတာ --

International news for myanmar (https://www.facebook.com/Internationalnewsformyanmar) (www.innewsmyanmar.com) ဆိုတဲ့ အွန်လိုင်း မီဒီယာ ဝဘ်ဆိုဒ်ကို တစ်ဦးတည်း ရေးသား တည်ထောင်နေပြီး အခြားသော အွန်လိုင်း၊ ပုံနှိပ် - မော်တော်ယာဉ်၊ အိုင်တီ၊ နှင့် အထွေထွေ သတင်းမီဒီယာတို့မှာ အယ်ဒီတာရာထူး၊ Team Leader ရာထူး၊ Business Consultant အစရှိသဖြင် အွန်လိုင်းနဲ့ ဆက်စပ် သတင်းအချက်အလက်နဲ့ နည်းပညာ ဆိုင်ရာ၊ မီဒီယာဆိုင်ရာ လုပ်ငန်းများကို လက်တွဲ ဦးဆောင် လုပ်ကိုင်လျက် ရှိပါတယ်။ အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် ကိုယ်ပိုင်အွန်လိုင်းမီဒီယာလုပ်ငန်းအား ပုံမှန်လည်ပတ်နိုင်မည့် အရင်းအနှီး တစ်ခုရရှိကာ ကြိုးစားလုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

ဆိုလိုရင်းက ကျွန်တော်တို့ နှစ်ဦးဟာ အသက်ငယ်ပေမယ့် တတ်သိသလောက် လူငယ် အချင်းချင်း ပြန်လည်မျှဝေနိုင်၊ လက်တွဲခေါ်ဆိုနိုင်ရင် အကျိုးဖြစ်ထွန်းမှု အင်မတန်များပြား မယ်လို့ ယုံကြည်ပါတယ်။

အသိ မိတ်ဆွေ စာရေးဆရာကြီး တစ်ဦးက ဒီလို အားပေး စကား ဆိုပါတယ်။ " ဒီခေတ်မှာ လူကြီးက လူငယ်တွေကို ဆုံးမတာ၊ သင်ပြတာ၊ လက်တွဲခေါ်တာ တော်ရုံနဲ့ နားဝင်ခဲတယ်။ လူငယ်ချင်းကျတော့ ပွင့်လင်းတယ်၊ ထင်သာမြင်သာရှိတယ်။ ပိုထိရောက်တယ်" လို့ ဖြစ်ပါတယ်။

ကျွန်တော်တို့က ဆရာတွေ မဟုတ်ပါဘူး။ ဆရာလည်း မလုပ်ပါဘူး။ သို့သော် လက်ရှိ အွန်လိုင်း မီဒီယာကို အခြေခံလို့ စီးပွားရေး တစ်ခုဖြစ်လာဖို့ တွင်တွင်ကျယ်ကျယ် ကြိုးပန်းနေ သူ ဖြစ်ပါတယ်။ ခရီးလည်း ရောက်သင့်သလောက် ရောက်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရောက်နေတဲ့ ခရီးအတိုင်း ကျွန်တော်တို့လို လူငယ်တိုင်း ခရီးရောက်စေဖို့ ဆန္ဒ အပြည့်အဝ ရှိပါတယ်။ တကယ် ဘာအကျိုးမမြတ်မယူပါဘူး။

အကျိုးအမြတ်တော့ ရပါတယ်။ ဒါဟာ တိုင်းပြည်အတွက်ပါ။ ဒီလိုသာ လက်တွဲခေါ်သွားနိုင်မယ် ဆိုရင် မြန်မာပြည်မှာ -

၁။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာမယ်။

၂။ အွန်လိုင်းအခြေခံ စီးပွားရေး စနစ်တစ်ခု လုံးကို ဦးမဆောင်နိုင်တောင် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာစေမယ်။

၃။ တိုင်းပြည်အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမို ဖွံ့ဖြိုးတိုးတက်လာမယ်။

၎။ ပြည်တွင်းထုတ်ကုန် စီးပွားရေး လုပ်ငန်းစုများအတွက် အားကိုးအားထား ပြုရတဲ့ အွန်လိုင်း Business ကွန်ရက်ကြီး တစ်ခု ဖြစ်ပေါ်လာမယ်။

၅။ မြန်မာပြည်မှာ လူတိုင်းပညာတတ်ဖြစ်လာစေရမယ်

၆။ လူငယ်မှန်ရင် နိုင်ငံတကာနှင့် အဆင့်မှီသော အင်တာနက်အခြေခံ ဗဟုသုတနဲ့ နည်းပညာ များကို ခေတ်နဲ့အမှီလိုက်နေနိုင်ရမယ်။

၇။ လူငယ်များ မိမိလိုက်စားနေသော ပညာရပ်ကို သေချာ သိရှိနားလည်ပြီး အခြားသော နယ်ပယ်အသီးသီးကိုလည်း နားလည်သဘောပေါက်လာစေရမယ်။

၈။ တိုင်းပြည်အတွက် အနာဂတ်မှာ အားကိုးအားထား ပြုရမယ့် ဦးဆောင်သူများ ပေါ်ပေါက် လာစေရမယ်။

အစရှိသဖြင့် ပြောမကုန်သော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ ဘာချပြမှာလဲ။

ဟုတ်ကဲ့ ဒါဟာ အရေးကြီးဆုံးပါ။

၁။ ဆိုရှယ်မီဒီယာကို အခြေခံလို့ ဗဟုသုတ မျှဝေမယ်။

၂။ လက်ရှိ လုပ်ကိုင်နေသော နယ်ပယ်မှာ မိမိသိသလောက် ပြန်ချပြမယ်။ သင်ကြားပေးမယ်။

၃။ နည်းလမ်းပေးမယ်။

၎။ ကွန်ရက်တစ်ခုဖြစ်လာအောင် ဖန်တီးပေးမယ်။ ချိတ်ဆက်ပေးမယ်။

၅။ လုပ်ငန်းစမယ်။

၆။ လုပ်ငန်းကို အမြဲမပြတ်စောင့်ကြည်ပေးမယ်။ ကူညီပေးမယ်။

ဒါတွေ လုပ်ဖို့အတွက် လက်ရှိ ကိုယ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အလုပ်ကို မပျက်စေ ရပါဘူး။ အွန်လိုင်းအခြေခံတဲ့ Business ၊Education တို့ဆိုတာ အလုပ်ချိန်ပြင်ပ ကိုယ် အားလပ်တဲ့ အချိန်မှာတောင် လုပ်ကိုင်နိုင်တဲ့ အရာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဆွေးနွေးပွဲမှာ Team ဖွဲ့ပြီးသွားပါပြီ။ MM Social Sky လို့ အမည်ပေးထားပါတယ်။ ယင်း MM Social Sky မှာ အဖွဲ့ဝင် ၃၀ ကျော် ရှိပါတယ်။ ယင်း ၃၀ ကျော်ကို ပထမဦးဆုံး လက်တွဲခေါ်သွားမှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ အခြားသော လူငယ်များကိုလည်း လက်တွဲခေါ်ဖို့ Plan များ ရှိပါတယ်။ ဒီ Training ပြီးဆုံးပြီး တတ်မြောက် သွားတဲ့ လူငယ် ၃၀ ကျော်က ဦးဆောင်လို့ နောက်ထပ် လူငယ်များကို လက်တွဲခေါ်ပါမယ်။ ၃၀ မှ ၃၀၀ ၊ ၃၀၀ မှ ၃၀၀၀ ၊ ၃၀၀၀ မှ ၃၀၀၀၀၊ ၃၀၀၀၀ မှ ၃၀၀၀၀၀ အစရှိသဖြင့် အရေအတွက် များ တိုးသထက်တိုးလို့ လူငယ်ထုအတွက် အကျိုးပြုသော ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေ မှာ ဖြစ်ပါတယ်။

ဒီအတွက် လူငယ်တွေ ဘာမှ ဆိုက်ထုတ်စရာ မလိုပါဘူး။ အချိန်နဲ့ စိတ်တစ်ခုသာ ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။ အခြားသော ငွေကြေးကောက်ခံခြင်း၊ အကျိုးအမြတ်ယူခြင်း လုံးဝ (လုံးဝ) လုပ်ဖို မြန်မာပြည်ရဲ့  အွန်လိုင်းအခြေခံစီးပွားရေး စနစ်တစ်ခုပေါ်ပေါက်ရန်၊ လူငယ်တိုင်း အလုပ်အကိုင်အခွင့်အလမ်းဖွံ့ဖြိုးတက်ရန်၊ နိုင်ငံက အားကိုးအားထားပြုရသော စွမ်းဆောင်ရှင် လူငယ်ထုများ ပေါ်ပေါက်လာစေရန် အစရှိသဖြင့် ပြော မကုန်အောင် သော ကောင်းကျိုးရည်ရွယ်ချက်များဖြင့်သာ ဖြစ်ပါတယ်။

ဘားကမ့် ရန်ကုန်မှာလည်း ဒါနဲ့ပက်သက်လို့ ဆွေးနွေးပွဲ ပြုလုပ်ပြီး နောက် ထပ်ဆွေးနွေး ပွဲကိုလည်း ပြုလုပ်ခဲ့ပြီး စိတ်ပါဝင်စား၍ လုပ်ကိုင်လိုသော လူငယ်အချို့ လည်း ပေါ်ပေါက် လာပါတယ်။ စုစုပေါင်း ၃၀ ကျော်ရှိပြီး MM Social Sky အမည်နဲ့ Training စတော့မှာ ဖြစ် ပါတယ်။ Training ဆိုလို့ ကြီးကြီးမားမား မဟုတ်ပါဘူး။ တတ်သိသလောက် မျှဝေလို့ ကိုယ်တိုင်လုပ်ကိုင်၊ လုပ်ငန်းဖြစ်လာသည်အထိ ကူညီဆောင်ရွက်ပေးမှာ ဖြစ် ပါတယ်။ နောက်ထပ် လူငယ်တွေကိုလည်း လက်တွဲခေါ်မှာပါ။ ယခု Training ပြီးတဲ့ လူငယ် ၃၀ မှ နောက်ထပ် လူငယ်များကို တစ်ဆင့်ပြီး တစ်ဆင့်လက်တွဲခေါ်သွားပါမယ်။ ၃၀ မှ ၃၀၀၊ ၃၀၀ မှ ၃၀၀၀၊ ၃၀၀၀ မှ ၃၀၀၀ အစရှိသဖြင့် မြန်မာပြည်ရှိ လူငယ်တိုင်း ပါဝင်နိုင်သော ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ MM Social Sky ဆိုတာ တိုင်းပြည်အတွက် အကျိုးပြုသော လူငယ်အဖွဲ့အစည်း တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ပါဝင်စားသော လူငယ်များကို ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါတယ်။ အပြင်မှာ ကျွန်တော်တို့ထက် ကျွမ်းကျင်သော လူငယ်များရှိပါတယ်။ လူကြီးများ ရှိပါတယ်။ ပညာရှင်များ ရှိပါတယ်။ ပရော်ဖက်ရှင်များ ရှိပါတယ်။ လာခဲပါ။ ဖိတ်ခေါ်ပါတယ်။ အိုင်ဒီယာပေးပါ။ အကြံပေးပါ။ နည်းလမ်းပေးပါ။ မြန်မာပြည် လူငယ်များ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေရန် ကူညီနိုင်မယ့် နည်းလမ်းများရှိမယ် အားလုံးကို ဖိတ်ခေါ်ပါတယ်။

အောင်ခမ်း (MM Social Sky)

MM Social Sky တွင် အဖွဲ့ဝင်လိုသော လူငယ်များ အောက်ပါ ဖုန်းနံပါတ် နဲ့ အီးမေးလ်ကို ဆက်သွယ်နိုင်ပါတယ်။ နောက်ထပ် ဆွေးနွေးပွဲ၊ Workshop များကိုလည်း ပြုလုပ် သွားအုံးမှာ ဖြစ်ပါတယ်။ မန္တလေး၊ တောင်ကြီး နဲ့ အခြားမြို့ ကြီး၊ မြို့ ငယ်များကိုလည်း သွားရောက် အုံးမှာ ဖြစ်ပါတယ်။


အောင်ခမ်း (MM Social Sky)

aungkhamkyaw@gmail.com
www.facebook.com/aungkhamkyaw
09-431 740 97

Freddy

tazaung.pr@gmail.com
https://www.facebook.com/lynntansaung
09 421 719 720

MM Social Sky Facebook Group
https://www.facebook.com/groups/156698514482170/


--
http://www.innewsmyanmar.com/2013/02/blog-post_6051.html
Related Posts Plugin for WordPress, Blogger...