မဖြစ်နိုင် ဘူးမထင် လိုက်ပါနဲ့…တကယ်လှူခဲ့တဲ့ အလှူကြီးပါ…
၁၃၂၀ ပတ်ဝန်းကျင် မှာပေါ့ ညောင် တုန်း ရွှေဟင်္သာတောရတိုက်ကြီးမှာ သံဃာအပါး ၂၀ မှ ၂၀၀ ထိ သီတင်းသုံးလေ့ရှိပြီး…မ ထေရ်ကြီးတစ်ပါးကသာ ဆွမ်းခံကျွေး၍ ကျန်သော သံဃာများကား ရသမျှနှင့် မျှတကာ စာပေသင်ကြားကြရပါသတဲ့…
ဒါကို သိတဲ့ ပန်းတ နော်မြို့မှ ကိုင်းလုပ်သားကြီး ဦးအောင် ချစ်ဖေ နှင့် ဒေါ်သောင်းကြည် မိသားစုမှ နှစ်ပေါင်း သုံးဆယ်ကျော် ဆွမ်းကပ် လောင်းလှူခဲ့ကြပါသတဲ့…
တစ်နှစ်မှာ တစ်လ တိတိ မိသားစုလိုက် ကျောင်းလာပြီး ဆွမ်းကပ် ချက်ပြုတ် လှူဒါန်းကြပါတယ် ထင်းခွေ ရေခပ်တာကစပြီး လူငှားမထား ကိုယ်တိုင် လုပ်အားလှူခဲ့ကြပါသတဲ့…
နှစ်ပေါင်းသုံးဆယ်ကျော်ဆိုေ
ဒါကြောင့် စစ်ကိုင်း အဘိဓဇ ရွှေဟင်္သာဆရာတော်ကြီးက
" မြန်မာနိုင် ငံမှာ ရှေးက မကြားဖူး မရှိဖူးသော အံ့ဖွယ်အလှူကြီး " ဟု ဂုဏ်ပြုခဲ့ပါတယ်…
အသားဟင်းကောင်းဆိုရင် ဆွမ်းကပ်ပြီး အရိုးနဲ့ ခေါင်းလောက်သာ အိမ်မှာ ချက်စားလေ့ရှိကြောင့် ဆွမ်းဒကာကြီးရဲ့ သားသမီးများ ဟင်းမ ကောင်းလို့ ငြီးတဲ့အခါ ၎င်းဒကာကြီး ပြောလေ့ရှိတာက
" ကိုရင် ဦးဇင်းတွေ နေ့ရော ညပါ တစာစာနဲ့ အံရတဲ့စာက နင် တို့သင် ရတဲ့စာနဲ့ ဘာမှမဆိုင် ဘူး
ဒီလောက် စားရတာကိုပဲ ကျေနပ်ကြ " ဟူသတဲ့…
ဒီအ ကြောင်းလေးဖတ်ပြီး ဟင်း ဂျီးများမိနေတတ်တဲ့ ကိုယ့်ဘာသာ မလုံမလဲဖြစ်မိပြီး သတိပေးမိတယ်
" ဒီလောက်လေး စားနေရတာကိုပဲ ကျေနပ်ပါ " လို့…
Credit to Moe Thandar Nyein
https://www.facebook.com/photo.php?fbid=1494177067468043&set=a.138105211544720
No comments:
Post a Comment