Pages
▼
တစ္ဆေခြောက်ခံရသည့် အကြောင်း
တစ္ဆေခြောက်သည်၊ တစ္ဆေခြောက်ခံရသည်ဆိုသော အကြောင်းခြင်းရာကို ရှင်းပြပေးတော်မူပါရန်။
( ဖြေ )။ ၀ိနိပါတပေတ (ပြိတ္တာ)များမှာ အလွန်ဆိုးဝါးသော အဆင်းရှိကြသည်၊
ယင်းတို့၏ အတ္တဘောကို တန်ခိုးဖြင့်၎င်း၊ ဆေးမြစ်စသည်တို့ဖြင့်၎င်း၊ ကွယ်၍ထားကြရသည်၊
တခါတရံ မိမိ၏ဘ၀ဟောင်းက မိတ်ဆွေများကို တွေ့လျှင် ငတ်မွတ်လှသဖြင့် အစားအစာတောင်းလို၍ (သို့မဟုတ်) ကုသိုလ်ပြုလုပ်ပြီး အမျှဝေစေလို၍ ကိုယ်ကို ဖော်ပြမိတတ်ကြသည်၊ ထိုအခါ ဆိုးဝါးသော အတ္တဘောကို တွေ့ရ၍ ခြောက်လှန့်သည်ဟု ထင်ရသည်။
( ပါဠိလို တဇ္ဇေ-(ခြောက်လှန့်)-ဖြစ်၍ တဇ္ဖေ-တစ္ဆေ-ဟု ခေါ်ဝေါ်ကြရာမှ တစ္ဆေ-ဟူသော ဝေါဟာရ ဖြစ်လာရသည်ဟု ဆိုသည်။)
သူတို့ကိုယ်တိုင်က ခြောက်ခြင်း၊ လှန့်ခြင်းလည်း အနည်းအပါး ရှိကောင်းရှိမည်၊ သို့သော် အများအားဖြင့် ဤသို့ အကူအညီတောင်းခြင်းမျိုးသာ ဖြစ်ရာ ခြောက်လှန့်သည်ဟု ဆိုကြသည်မှာ အလွန်သနားစရာပင် ကောင်းပေသည်၊ ထိုအခါမျိုးတွင် အခြောက်ခံရသူများက ကြောက်လန့် ထွက်ပြေးခြင်းမျိုးမလုပ်ပဲ ကုသိုလ်ကောင်းမှုကို အမျှဝေကြရန်၊ သို့မဟုတ်-ကုသိုလ်တခုခု ပြုပေးကြရန်သာ သင့်ပေသည်။
https://www.facebook.com/photo.php?fbid=509938085756401&set=a.501060999977443.1
No comments:
Post a Comment