Pages

အမွေခံထိုက်သူဖြစ်ပါစေ

 

            တခါတခါ သတိမခိုင် ထမိန်မနိုင် ပုဆိုးမနိုင် ယိုင်နဲ့ နဲ့  အဖေအို အမေအိုတို့ က ကိုယ့်ကိုယ်ကို မသန့်  စင်နိုင်တော့ ဂျီးစော်ကနံ- ချွေးစော်ကနံပြန်တော့ သားသမီးတွေက နှာခေါင်းလေး တရှုံ့ ရှုံ့  လုပ်တတ်ကြတယ်။ ကိုယ့်တုန်းက အမေ့ရင်ခွင်ထဲ အဖေ့လက်ထဲမှာ ပါချခဲ့တဲ့ အီအီးတွေ ချူချူးတွေကျတော့ မေ့နေတတ်ပီး သူတို့  အလှည့်ကျတော့ မျက်စောင်းတွေထိုး ခြေဖနောင့်သံတွေ ခပ်ပြင်းပြင်းနဲ့  ဆန္ဒတွေ ပြတတ်တဲ့ သားသမီးတွေထဲမှာ သင်မပါစေနဲ့  ။

!!! - အမှားတွေကို သိရင်ပြင်လိုက်ပါ...
မှားမှန်းသိရက်နဲ့  မပြင်ရင် သူယုတ်မာဘဲ။

>>> အမေ့ရင်ခွင်မှာ မိမိတို့  အီအီးတွေ ချူချူးတွေ ပါချခဲ့ တုန်းက အမေက ပျော်စရာ ချစ်စရာ ရယ်စရာလို့  မှတ်ယူ ခဲ့တယ် ကိုယ့်အလှည့်ကျမှ ရွံစရာဆိုပြီး ... မှတ်ယူနေမယ်ဆိုရင် >>>
အမွေခံထိုက်တဲ့ သားသမီး ဖြစ်ပါ ဦးမလား ?

မဇ္ဈိမဂုဏ်ရည်ဆရာတော်ဒေါက်တာ အရှင်ကောဝိဒ- ၏
အမွေခံထိုက်သူဖြစ်ပါစေ တရားတော်မှ


https://www.facebook.com/photo.php?fbid=509923019091241&set=a.501060999977443.

1 comment:

  1. တရားနာရင်းမျက်ရည်ဖြိုင်ရပါတယ်၊အရမ်းကောင်းတဲ့တရားပါ၊တရားကောင်းပိုင်ရှင်ဆရာတော်အရမ်းကြည်ညိုပါတယ်

    ReplyDelete