ရေးစရာများအမြောက်အများရှိေ
လောကတွင် မည်သည့်ကိစ္စမဆို အကြောင်းရင်းတစ်ခုတည်းနှင့်
ကျွန်တော်တို့လုပ်ရမည်မှာ အကြောင်းရင်း (Root cause) ကိုရှာရန် ဖြစ်၏။
ယခု သည်ကားမှောက်သည့်ကိစ္စတွင် ကွန်ကရိလမ်းကို အပြစ်ပုံချနေကြတာ တွေ့ရပါသည်။ သည်ကိစ္စကို ကျွန်တော် ၀င်စွက်လို၍ မဟုတ်ပါ။ ဖြစ်ရပ်မှန်အား ဘယ်လိုဖြေရှင်းရမည် ဆိုသည်ကို အနည်းငယ်မျှ ပြောလို၍ ဖြစ်ပါသည်။ ကျွန်တော်တို့ ကိုယ်ပိုင်ဦးဏှောက်သုံး၍ စဉ်းစားကြည့်ကြပါခင်ဗျား။
ကားမှောက်ရခြင်းတွင် အကြောင်းအချက်များစွာ ပါဝင်ပတ်သက်နေ၏။
၁။ လမ်းမကောင်းသောကြောင့်လည်း ဖြစ်နိုင်သည်။
၂။ ကားမကောင်းသောကြောင့်လည်း ဖြစ်နိုင်သည်။
၃။ ကားမောင်းသူ၏ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်သည်။
၎။ ရာသီဥတု မကောင်းလျှင်လည်း ဖြစ်နိုင်သည်။
၅။ မိမိပတ်ဝန်းကျင်အခြေအနေ (ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ လမ်းသွားလမ်းလာ၊ လမ်းပေါ်တွင် စည်းမဲ့ကမ်းမဲ့ ရပ်ထားသောယာဉ်၊ အခြားမှ ဖြတ်ဝင်လာသောယာဉ်၊ ဖြတ်ပြေးသွားသည့် ခွေး၊ ကြောင်၊ နွား၊ ၀က်၊ ကလေး စသည်)
၆။ ယာဉ်မောင်း၏ ဗဟုသုတနှင့် လမ်းပိုင်းတွင် အကျွမ်းတ၀င်ဖြစ်မှု
၇။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု - - - - စသည် စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။
သည်ကိစ္စ၏ အဓိကလက်သည်မှာ လူ့အသက်တစ်ချောင်းကို တန်ဖိုးမထားတတ်ခြင်းတည်းဟူေ
ရန်ကုန်မှ ဘတ်စ်ကားမောင်းသူနှင့် ယာဉ်နောက်လိုက်များကိုမူ မပြောလိုတော့ပါ။ ကမ်းကုန်နေသောကြောင့် ဖြစ်၏။ ယခင်တစ်ခေါက် မြန်မာပြည်ပြန်စဉ်က ဟောပြောပွဲကိစ္စများဖြင့် အထက်မြန်မာပြည်သို့ ကျွန်တော်သွားပါသည်။ အမျိုးသမီး၏ အဒေါ်များက ပါဂျဲရိုးတစ်စီးနှင့် ကားမောင်းသူတစ်ယောက် ထည့်ပေးလိုက်၏။ ကျွန်တော် ခရီးစမထွက်မီကတည်းက ကားမောင်းသူကို ပြောထားပါသည်။ ငါတို့အချိန်ယူပြီးသွားမယ်။
သိပ်မကြာမီကာလများက (မနှစ်ကထင်ပါသည်။ ရက်စွဲကို အတိအကျမမှတ်မိတော့ပါ။) ရန်ကုန် - နေပြည်တော် အမြန်လမ်းမ ၌ မိသားစုလေးယောက် ကားမှောက်ကာ အားလုံးပွဲချင်းပြီးသေခဲ့သည
သူငယ်ချင်းတစ်ယောက် ပြန်ပြောပြတာ ကြားရသည်မှာ ကားမမှောက်မီ မြို့တစ်မြို့၌ သူ့သူငယ်ချင်းများနှင့်အတူ လဖက်ရည် သောက်ခဲ့ကြစဉ် သူ့သားက အဖေ့ကားစီးရတာ လေယာဉ်ပျံစီးရတာ ကျနေတာပဲ ဟု ပြောသည်ဟု ဆိုပါသည်။ သို့ဆိုလျှင် သူ့ကားအမြန်နှုန်းမှာ ကီလို ၁၅၀ ထိရှိနိုင်ပါလိမ့်မည်။
သည်အမြန်လမ်းတွင် ကားမှောက်ရတာ လမ်းကြောင့်ပါဟု အပြစ်တင်လိုသူများ အောက်ပါဓါတ်ပုံကို ကြည့်ပါ။
စင်ကာပူမြို့လည်ခေါင် ရော်ချာ နှင့် ဗစ်တိုးရီးယားလမ်းဆုံတွင် ၂၀၁၂၊ မေလ ၁၂ ရက်နေ့က တိုက်ခဲ့ပြီး လူ ၃ ယောက် သေခဲ့သည့် ကားတိုက်မှု ဖြစ်၏။ ကားက တစ်နှစ်ကို အစီးရေ ၇၀၀၀ ပဲထုတ်သည့် နာမည်ကြီး ဖာရာရီ။ အမေရိကန်ဒေါ်လာ ၁.၄ သန်း တန်၏။ ကားမောင်းသူ က မြောက်ကြွမြောက်ကြွ တရုတ်လူငယ်။ အသက်က ၃၀။ မီးနီတော့မည့် ဆဲဆဲ အတင်းဖြတ်မောင်းသောကြောင့် တစ်ဖက်မှ လာသည့် တက္ကစီနှင့် ဆိုင်ကယ်ကို ၀င်အောင်းတာဖြစ်သည်။ ဤသည်မှာ လမ်းမကောင်းသောကြောင့် ဖြစ်ပါသလော။
ဖွံ့ဖြိုးပြီးနိုင်ငံများရေ
အထက်တွင်ဆိုခဲ့သလို ကားမှောက်ခြင်းတွင် အကြောင်းတစ်ခုတည်းမဟုတ်။ အကြောင်းများစွာ ပါဝင်ပတ်သက်နေသည် ဖြစ်ရာ ကားမမှောက်အောင် အတတ်နိုင်ဆုံး ထိန်းနိုင်တာ တစ်ချက်သာ ရှိပါသည်။
ဤအချက်ကား အရေးကြီးဆုံး “လူ” ပင် ဖြစ်တော့၏။
လမ်း - ကျွန်တော်တို့ ဘာလုပ်လို့ရပါမည်နည်း။
ရာသီဥတု - ဘာမှလုပ်လို့မရ။ သူ့ဟာသူ မိုးရွာချင်ရွာမည်။ မုန်တိုင်းတိုက်ချင်တိုက်မည
ဘေးမှဝင်လာသည့် ခွေး၊ ကြောင်၊ လူ၊ အခြားကား - ကျွန်တော်တို့ ထိန်းလို့ရပါမည်လား။ နိုး၊ ဝေးပါသေးရဲ့။
သည်တော့ ကျွန်တော်တို့လုပ်လို့ရတာ နည်းနည်းပဲကျန်သည်။
၁။ ခရီးမထွက်မီ အထူးသဖြင့် ခရီးရှည်မသွားမီ မိမိကားကို ကျကျနနစစ်ပါ။ အင်ဂျင်၊ ကားဘော်ဒီ၊ တာရာ၊ လေ စသည်။ မကောင်းလျှင် ဇွတ်မမှိတ်ပါနှင့်။ မကောင်းတာကို သိသိကြီးနှင့် ဇွတ်မှိတ်မည်ဆိုပါက သင်သည် သေမင်းနှင့် အလောင်းအစားလုပ်ခြင်းဖြစ်ြေ
မြင်းခွာသံမှိုတစ်ချောင်းကြေ
၂။ ခရီးထွက်မည်ဆိုလျှင် မိမိသည် ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းနေရမည်။ အိပ်ရေးဝ ရမည်။ ကျန်းမာရေး မကောင်းလျှင် ခရီးမထွက်ပါနှင့်။ အဲလေ ကားမမောင်းပါနှင့်။
၃။ ကားပေါ်တွင်ပါလာသည့်သူအားလုံ
၎။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာပါ။
၅။ မိမိသွားရမည့်ခရီးကို မကျွမ်းကျင်ပါက ရောက်ဖူးသူများအား ကြိုတင်စုံစမ်းမေးမြန်းထားပ
မန်းရွှေမြို့တော်၌လိုက်ပါလာ
ဦးဇင်းပြောသလိုဆို ၁၂၅ မိုင်လောက်ကို ဆယ်နာရီနီးပါးလောက် (ည ၈နာရီခွဲမှ မနက် ၆နာရီခွဲခါနီးထိ) ကြာသည်ဆိုတော့ တစ်ခုခု လွဲနေပြီ။ နောက်ပြီး လမ်းမှာကားနှစ်ခါပျက်သည်ဆို
ယခုတော့ သူတို့ ပေါ့ဆမှု၊ ဂရုမစိုက်မှု၊ လူ့အသက်များကို မနှမျောတတ်မှုတို့ကြောင့် အပြစ်မရှိသော ခရီးသည် ၁၁ ဦး သေရပြီ။ ခြေကျိုးလက်ကျိုး၊ ဒုက္ခိတဘယ်နှစ်ဦးဖြစ်ဦးမည်
မိတ်ဆွေ သင်စဉ်းစားကြည့်ပါ။ ဤ ၁၁ ဦးထဲ၌ သင့် မိဘ၊ မောင်ဘွားများပါသည်ဆိုလျှင်
အရေးကြီးသည်မှာ စိတ်ရှည်သည်းခံဘို့ ဖြစ်ပါသည်။
ကျွန်တော်တို့လူများသည် အဘယ်ကြောင့် စိတ်မရှည်ကြပါသနည်း။ အဘယ်ကဲ့သို့သော သေလောင်းပျောက်ဝ ကိစ္စများ ရှိနေသဖြင့် သည်မျှ အလျင်လိုနေရပါသနည်း။ မိမိရှေ့မှ ကားဖြစ်စေ၊ ဆိုက္ကားဖြစ်စေ ပိတ်နေလျှင် ဟွန်းကို အသားကုန် တီးကာ ဆဲဆို၊ ဆူပူကြိမ်းမောင်းနေလိုက်သည်
လမ်းနှင့်ကားကို ပြင်ရတာ လွယ်ပါသည်။ ပြင်ရမည်မှာ လမ်းကိုလည်းမဟုတ်ပါ။ ကားကိုလည်းမဟုတ်ပါ။ ယခုအရေးတကြီး ပြင်ရမည်မှာ ချုံးချုံးကျ၊ ယိုယွင်းပျက်စီးနေသော ကျွန်ုပ်တို့၏ အကျင့်စရိုက်၊ အတွေးအခေါ်၊ အယူအဆ၊ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံများ ဖြစ်ပါသည်။
အကျွန်ုပ်တို့၏ အကျင့်စရိုက်၊ အတွေးအခေါ်၊ အယူအဆ၊ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံများ ပြောင်းလဲ ကောင်းမွန်လာပြီဆိုလျှင် ကွန်ကရိလမ်းသည်လည်း ကွန်ကရိလမ်းနှင့်တူတူတန်တန်
တစ်ထစ်ချ ကျွန်ုပ်ပြောလိုက်ပါသတည်း။
အေးငြိမ်း (လေးမျက်နှာ)
စက်မှုအင်ဂျင်နီယာ / နည်းပညာစာရေးဆရာ ဆရာ အေးငြိမ်းရဲ့  ဆောင်းပါး ဖြစ်ပြီး ဗဟုသုတ ရရှိရန် တစ်ဆင့်မျှဝေပေးလိုက်ရ ပါတယ်။
https://www.facebook.com/photo.php?fbid=423252594439244&set=a.351047714993066.7
No comments:
Post a Comment