Pages

အရပ်ရှည်လိုပါသလား



       ယောက်ျာလေးများက အသက် ၂၀အရွယ်နဲ့ မိန်းကလေးများက အသက်၁၈အရွယ်တွေမှာ အများ အားဖြင့် နဂိုအရပ်ထက်ပိုမရှည်ကြ တော့ပါဘူး။ အရပ်ရှည်ချင် တယ် ဆိုရင် ပထမဆုံးအနေနဲ့ မင်းဟာ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီကို လုံလုံလောက်လောက်စားနေကြောင်း သေချာရပါမယ်။ နေ့စဉ်အစာကို အချိန်မှန်စားဖို့ လိုပြီး ထမင်းကြီးစားချိန်များကြားမှာလည်း အဆာပြေစား ပေးဖို့လိုအပ်ပါတယ်။ 


       အဓိက ထမင်း ကြီးစားချိန်မှာ (အသားဓာတ်၊ အသီး၊ အရွက်၊ နို့ထွက်ပစ္စည်းများနဲ့ ကျန်း မာရေးနဲ့ညီညွတ်တဲ့အဆီတွေကို အဓိကထားစားသင့်ပါတယ်။ နောက် တစ်ချက်က အရိုးတွေကြီးထွားဖို့ ကယ်ဆီယမ်နဲ့ ဗီတာမင် ဒီကိုလည်း လုံလုံလောက်လောက် စားပေးဖို့ လိုပါတယ်။ အရိုးတွေကြီးထွားဖို့ အတွက်က တစ်ရက်ကို ကယ်ဆီ ယမ် 1300mg စားပေးဖို့လိုအပ် ပါတယ်။ ကယ်ဆီယမ်က အဓိက အားဖြင့် နို့ထွက်ပစ္စည်းတွေမှာပါဝင်ပြီး နို့တစ်ခွက် (သို့) ဒိန်ချဉ်တစ်ခွက် (သို့) ချိစ် ၀.၂ အောင်စမှာ ကယ်ဆီယမ် 300mg လောက်ပါပါတယ်။ 

           အမေရိ ကန် ကလေးကျန်းမာရေး (AAP)ကတော့ ကလေးတွေနဲ့ ဆယ်ကျော် သက်တွေမှာ အစားကနေ ကယ်ဆီ ယမ်လုံလောက်စွာမရရင် ပြင်ပက ဆေးသောက်နိုင်ကြောင်း ပြောပါ တယ်။ ဒါ့အပြင် ဗီတာမင်ဒီကလည်း ကယ်ဆီယမ်စုပ်ယူမှုမှာ အရေးပါပါ တယ်။ တစ်ရက်ကို ဗီတာမင်ဒီ 600IU လောက် သောက် သုံးသင့်ပြီး သင်ကပုနေပါက ပိုလို အပ်ပါတယ်။ နောက်ဆုံး အနေနဲ့ကတော့ အချိန် မှန်မှန်နဲ့ လုံလောက်စွာ အိပ်စက်ဖို့ပါပဲ။ မျိုးရိုးဗီဇနဲ့ ပတ်သက်လို့ဘာမှ မပြောင်းလဲနိုင်ပေမယ့် မျှတစွာစား သုံးပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေး ပါက မိမိဖြစ်နိုင်ချေထဲက အကောင်းဆုံးအခြေအနေထိရောက်ရှိနိုင်ပါ တယ်။

အ၀င်း
Ref:Web MD
Health Updates Journal
Vol-2,No-11

http://www.facebook.com/photo.php?fbid=143097562526705&set=a.131750700328058. 

No comments:

Post a Comment