Pages

သွေးဆုံးပြီးအမျိုးသမီးများဆေးလိပ်သောက်ခြင်းက သွားများဆုံးရှုံးစေနိုင်



          သွေးဆုံးပြီးအမျိုးသမီးများတွင် ဆေးလိပ်သောက်ခြင်းသည် သွားများဆုံးရှုံးနိုင်ချေကို
 
ု မြင့်တက်စေကြောင်းသုတေသနတစ်ရပ်တွင် ဖော်ပြထား သည်။ ယခုလေ့လာမှုတွင် အမျိုးသမီး ၁၁၀၆ဦးကို လေ့လာခဲ့ပြီးအမေရိကန် နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


        လေ့လာမှုကိုဦးဆောင်သူ Uni-versity of Buffalo မှ ကာကွယ်ရေး နှင့် လူမှုရေးဆေးပညာ သုတေသီ Dr.Xiaodan Mai ခံတွင်း ကျန်း မာရေး ဂရုစိုက်မှုများဖြစ်သောသွား တိုက်ခြင်း၊ အာလုတ်ကျင်းခြင်းနှင့် သွားဆရာဝန်ထံ ရက်ချိန်း ပုံမှန် ပြသခြင်းတို့ ပြုလုပ်နေသော်လည်း သွေးဆုံးပြီးသူ အမျိုးသမီးများသည် အမျိုးသားများထက်ပိုပြီး သွားပျက် စီးနိုင်ချေရှိနေကြောင်း၊ ဆေးလိပ် သောက်သူများဆိုပါက ပိုမိုဆိုးရွား နိုင်ကြောင်း၊ သွေးဆုံးပြီးအမျိုးသမီး များကို သွားဆုံးရှုံးစေ နိုင်သော အကြောင်းအရာများတွင် ကင်ဆာ ရောဂါ၊ လေဖြတ်ခြင်း၊ အဆစ်အမြစ် ရောင်ရောဂါနှင့် ဆီးချိုသွေးချို ရောဂါများလည်း ပါဝင်နေကြောင်း ယခုလေ့လာမှုစာတမ်းတွင် ဖော်ပြထား သည်။


       ဆေးလိပ် အလွန်အကျွံသောက် သုံးသူ အမျိုးသမီးများသည် သွေးဆုံး ပြီးချိန်တွင်လည်း ဆက်လက် သောက် သုံးနေပါက သွားနှင့်ခံတွင်း ရောဂါများ ကို ဆေးလိပ်လုံးဝမသောက်သော အမျိုးသမီးများထက်ခြောက်ဆပိုပြီး ဖြစ်ပွားနိုင်ချေများကြောင်း ဖော်ပြထား ပါသည်။
Dr.Xiaodan Mai က ဆေးလိပ် အလွန်အကျွံ သောက်သုံးသူ အမျိုး သမီးများသည် သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်း၊ သွားနဲ့ခြင်းကဲ့သို့သော ဝေဒနာများကို ပိုမိုခံစားရပြီး ခံတွင်း ကင်ဆာကြောင့် အသက်ဆုံးရှုံးရမှု ကိုလည်း မြင့်တက်စေကြောင်း ပြောကြားခဲ့သည်။
ယခုလေ့လာမှုကို Journal of American Dental Associa-tion တွင် ဖော်ပြထားခြင်းဖြစ်သည်။

ငြိမ်းအေး
Ref:ANI
Health Updates Journal

Vol-2,No-11

http://www.facebook.com/photo.php?fbid=143097762526685&set=a.131750700328058 

No comments:

Post a Comment