စာရေးဆရာသက်တမ်း ၁၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ် စာရေး ဆရာမ ပုညခင်က ‘‘အထက်တန်းစားရေ’’ဟု အမည်ပေးထားသော ၀တ္ထုကိုပြီးခဲ့သည့်ရက်ပိုင်
‘‘ကျွန်မကနှင်းဆီပါမောင်’’မ
တချို့စာအုပ်ဖတ်တဲ့ပရိသတ် မဟုတ်ဘဲ နာမည်ကိုတော့သိတယ်။ စာအုပ်ကိုတော့ သေသေချာချာ ဖတ်ဖူးတာမဟုတ်ဘူး။ အဲဒီလိုလူ မျိုးတွေက ကျွန်မတို့ရေးတဲ့ဝတ္ထုကို အပျော်ဖတ်ဆိုပြီး ခေါင်းစဉ်တပ် ကြတယ်။ သူဘာကိုရေးတယ်၊ သူ့ ရဲ့အရေးအသားကဘယ်လို၊သူ့ရဲ့ အတွေးအခေါ်က ဘယ်လို၊ သူ့ရဲ့ ဦးတည်ချက်က ဘယ်လိုရေးတယ် ဆိုတာ နားမလည်တော့ သိမ်းကျုံး ပြီး အပေါစားစာပေပါ၊ အပျော် ဖတ်စာပေပါဆိုပြီး ခေါင်းစဉ်တပ် ကြသူတွေလည်းရှိတယ်။ တကယ် စာဖတ်တဲ့သူဆိုရင် သိလိမ့်မယ်။ ကျွန်မပရိသတ်က ကျွန်မကိုတန် ဖိုးထားနေသရွေ့ ဒါတွေကို တုန် လှုပ်စရာမလိုဘူး။ ကျွန်မကအချစ် ၀တ္ထုရေးတယ်ဆိုပေမယ့် လူငယ် တွေကို လမ်းမှားရောက်အောင် မ လုပ်ဘူး။ အချစ်ဆိုပေမယ့်လည်း ချစ်ကြတဲ့သူတွေရဲ့ ဘ၀ရုန်းကန်မှု တွေ၊ အတွေးအခေါ် အယူအဆ တွေ၊ ဘ၀ထဲမှာလက်တွေ့ဖြစ်နေ တဲ့ ဒဿနတွေ ခေတ်အခြေအနေ တွေ ဒါတွေကိုထင်ဟပ်ပြီး ဦးတည် ချက်ကောင်းကောင်းနဲ့ လူငယ်တွေ ကို ရသ၀တ္ထုဖတ်ရင်း တစ်စုံတစ် ရာအကျိုးရပါစေဆိုပြီး စိတ်ရင်း စေတနာနဲ့ ရေးခဲ့တဲ့အတွက် ဒီနေ့ အထိ ပရိသတ်က ချစ်ခင်အားပေး နေသလို ရပ်တည်နေနိုင်သေးတယ်လို့ထင်
ရသစာဖတ်သူတွေရဲ့ ရင်ထဲရောက် ဖို့အတွက် အချစ်ဝတ္ထုတစ်ပုဒ်ကို ဘယ်လိုချဉ်းကပ်ဖန်တီးလေ့ရှိ
ရသစာပေမှာ စိတ်ခံစားမှုက အဓိကကျတယ်။ အတတ်ပညာ ရယ်၊ အနုပညာရယ်နှစ်ခုရှိတယ်။ အတတ်ပညာက ၀တ္ထုတို စ၊ လယ်၊ ဆုံး ဘယ်လိုညီညွတ်အောင်ရေးမ လဲပေါ့။ ၀တ္ထုရေးတဲ့အတတ်ပညာ က လေ့လာလို့ရတဲ့အပိုင်းပေမယ့်
စာရေးဆရာသက်တမ်း ၁၅ နှစ် တောင် ရှိသွားပြီဆိုတော့ အစ်မရဲ့ စာရေးသားမှုအတွက် ၀မ်းစာကို ဘယ်လိုဖြည့်ပါသလဲ။
တချို့စာရေးသူတွေ တွေ့ဖူး တယ်။ စာမဖတ်နိုင်တော့ဘူးဆို တာမျိုး၊ စာရေးတဲ့သူတစ်ယောက် က စာမဖတ်လို့မရဘူး။ စာမဖတ် တဲ့အချိန်ကြာလာလေ သူ့အတွက် မကောင်းဘူး။ လူဆိုတာကုန်ချော ထုတ်နိုင်ဖို့ ကုန်ကြမ်းလိုအပ် တယ်။ ကုန်ကြမ်းထည့်နိုင်ဖို့အ တွက်က စာဖတ်ဖို့လိုအပ်သလိုသီ ချင်းနားထောင်တာမျိုး၊ ရုပ်ရှင် ကြည့်တာမျိုး အနုပညာခံစားဖို့ လည်း လိုအပ်တယ်။ နောက်တစ် ခုက ခေတ်နဲ့အညီဖြစ်နေတာကို သိဖို့လည်းလိုအပ်တယ်။ ဒီမှာဘာ တွေခေတ်စားလဲ၊ ကမ္ဘာမှာဘာ ခေတ်စားလဲဆိုတာကိုသိမှ ခေတ် နဲ့အညီတွေးခေါ်နိုင်မယ်။ အဲဒါ ကြောင့် Information တွေကိုအမြဲ စုဆောင်းရတယ်။ နောက်တစ်ခု က ခရီးထွက်ရတယ်။ နေရာဒေသ အသီးသီးကိုရောက်တယ်။ လူမျိုး အမျိုးမျိုးကိုတွေ့တယ်။ ခရီးထွက် ရင်း တွေ့ရတဲ့ ရှုခင်းတွေရေမြေ တောတောင် သဘာဝတွေက လည်း ကိုယ့်ရဲ့ အနုပညာစိတ်ကို လှုံ့ဆော်နိုင်တယ်။ ၀တ္ထုတစ်အုပ် ရေးဖို့ ကိုယ့်စိတ်ကိုလှုံ့ဆော်ပေး မယ့်အရာတွေရှိမှဖြစ်မှာဆိုေ
အခု‘‘အထက်တန်းစားရေ’’ ၀တ္ထုမှာ နိုင်ငံရေး နောက်ခံအကြောင်းလေးတွေပါ တာတွေ့ရပါတယ်။ အဲဒီအကြောင်းလေးတွေ ပြောပြပေးပါဦး။
အမှန်တော့ ဒီစာအုပ်မျိုးကို ပြောင်းလဲလာတဲ့ခေတ်အခြေအ နေကြောင့်သာ ထုတ်ဝေနိုင်ခဲ့တာ ပါ။ အရင်ခေတ်ကဆို စာပေစိစစ် ရေးမှာတင် အပယ်ခံရနိုင်တဲ့ ၀တ္ထု မျိုးပါ။ ဒီစာအုပ်မှာ နိုင်ငံရေးနဲ့ပတ် သက်တာ တချို့ပါပါတယ်။ ဒါပေ မဲ့ အစိုးရကိုအပျက်သဘောဝေဖန် ပုတ်ခတ်တာမျိုးမဟုတ်ပါဘူး။ ကျွန်မခံယူတဲ့နိုင်ငံရေးဆို
အရွယ်မရောက်ခင် အဓမ္မပြု ကျင့်ခံခဲ့ရတဲ့ မိန်းကလေးတစ် ယောက်ရဲ့ ဘ၀ကိုအခြေခံပြီး ရုပ် မြင်သံကြားအစီအစဉ်တင်ဆက် သူ လူငယ်တစ်ဦးရယ်၊ လွှတ် တော်အမတ်ရယ်၊ အမတ်ရဲ့သား ရယ်၊ ဒီဇာတ်ကောင်တွေကို ဖန် တီးရေးဖွဲ့ခဲ့ပါတယ်။ မတူညီတဲ့ ဘ၀တွေထဲက လူငယ်တွေရဲ့ အ ချစ်ကို ဥပဒေအချက်အလက်တ ချို့ကို နိုင်ငံရေးအခြေအနေတချို့ နဲ့ ပေါင်းစပ်ရေးခဲ့တာပါ။ ၂၀၁၀ မတိုင်မီ ခေတ်အခြေအနေက စ လာပြီး လက်ရှိခေတ်အထိ ဆွဲခေါ် ပြီးရေးဖြစ်တဲ့ဝတ္ထုလေး။ ကျွန်မ အတွက်လည်း ထူးခြားတယ်။ ဖတ်ပြီးတဲ့ပရိသတ်တွေကလည်း ထူးခြားတယ်လို့ အသိအမှတ်ပြုခံ ရတဲ့ ၀တ္ထုပါ။
သုတရသပဲဖြစ်ဖြစ်၊ အချစ်ပဲဖြစ် ဖြစ် စာပေအမျိုးအစားတွေ အသီး သီးရှိပေမယ့် စာရေးသားမယ့် မျိုး ဆက်သစ်တွေကတော့ အရင် ဆယ်စုနှစ်တွေနဲ့ ယှဉ်ရင်နည်းပါး သွားတယ်။ ခေတ်ပြိုင်ခံစားမှုကို ထင်ဟပ်တဲ့စာရေးသူမျိုးဆက်ရှ
ကျွန်မကတော့ စာရေးတဲ့မျိုး ဆက်သစ်တွေ အများကြီးပေါ် ပေါက်လာစေချင်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ အထူးသ ဖြင့် ရသစာပေမှာမျိုးဆက်သစ် တွေများကြီးပေါ်ထွက်လာတာမျို
အခုခေတ်မှာ အင်တာနက်အွန် လိုင်းတွေ၊ လူမှုကွန်ရက်တွေမှာ လူငယ်တွေသာမက လူကြီး၊လူ လတ်ပိုင်းတွေ အချိန်တွေအတော် ပေးသုံးစွဲနေကြတယ်။အစ်မကိုယ
ဖေ့စ်ဘွတ်ခ်သုံးတဲ့လူရဲ့ ယူ တတ်မှုအပေါ်မူတည်တယ်။ကိုယ့် ရဲ့အချိန်ကို Management လုပ် နိုင်တယ်။ တချို့ဆို ဒီထဲမှာမျော သွားတယ်။ ဖေ့စ်ဘွတ်ခ်မှာက ကိုယ့်အတွက်အကျိုးရှိတာရှိသ
အခုချိန်ထိ အားပေးနေတဲ့ ပရိ သတ်တွေအတွက် စကားလက် ဆောင်လေး ပြောပေးပါဦး။
ကျွန်မရဲ့ဝတ္ထုကို ရုပ်ရှင်အ ဖြစ် အားပေးတာကို ကျေးဇူးတော့ တင်ပါတယ်။ ရုပ်ရှင်အဖြစ်အောင် မြင်တာကတော့ ကျွန်မတစ် ယောက်တည်းရဲ့ စွမ်းဆောင်မှု ကြောင့် မဟုတ်ဘူး။ အားလုံး Team Work အနေနဲ့လုပ်လို့ အောင်မြင်တာ။ ကျွန်မတစ် ယောက်တည်းရဲ့ စွမ်းဆောင်မှုက တော့ ၀တ္ထုရေးပြီး ၀တ္ထုထွက်တာ။ ဒါကြောင့် စာပေမှာကြာရှည်တည် တံ့နိုင်ပြီး စာအုပ်တွေ အမြဲတမ်း ထွက်နေဖို့ စာဖတ်ပရိသတ်က အားပေးနေဖို့ က အရေးကြီးတယ်။ အဲဒါကြောင့် အမြဲကြိုးစားပြီးရေး နေပါတယ်။ စာဖတ်ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်တယ်။
ကျေးဇူးတင်ပါတယ်။
https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366
No comments:
Post a Comment