Pages
(Move to ...)
စိတ်ကူးအိမ်
ဘာသာရေး
ကျန်းမာရေး
သတင်း
နည်းပညာ
ထူးထူးဆန်းဆန်း
ဗဟုသုတ
မိဘမေတ္တာ
တရားတော်များ
ပန်းချီ
အနုပညာ
အလှအပ
စာအုပ်၊စာပေ
စားဖိုဆောင်
ဟာသ
ရသ
ပုံရိပ်
သံဝေဂ
စိုက်ပျိုးရေး
ပညာရေး
ပုံပြင်
တီးဝိုင်း
တက်ကျမ်း,
▼
လူတစ်ဦးအတွက်နေ့ စဉ်ပရိုတိန်းလိုအပ်ချက်
အခြေခံအာဟာရအုပ်စုသုံးမျိုး တွင်၊အားကစားသမားများအကြားေ ရပန်းအစားဆုံးသော၊အငြင်းပွားဖွယ် အဖြစ်ဆုံးသောအာဟာရဖြစ်သည့်ပ ရိုတိန်းခေါ်အသားဓါတ်အကြောင်းကိုယခုဆောင်းပါးတွင်ဆွေးနွေးကြည့် ကြပါစို့ ။လူတစ်ယောက်တစ်နေ့ လျင်ပရိုတိန်းမည်မျှမှီဝဲသ င့်ပါသနည်းဟူသောမေးခွန်းကို ဖြေရန်အဖြေတစ်ခု တည်းဖြင့်မလုံလောက်ပါ။ထိုမေးလာသူ၏နေ့ စဉ်လှုပ်ရှားမှုအနေအထား၊လက်ရှိကျန်းမာရေးအခြေအနေ၊ ယခင်ဖြစ်ခဲ့သောရောဂါရာဇ၀င်( ဥပမာ-ကျောက်ကပ်ရောဂါ)စသည်တို့ အပေါ်မူတည်ပါသည်။အထက်ပါ အချက်များအပေါ်မူတည်ပြီး၊အော က်ပါအတိုင်းယေဘူယျအကြံပြုနိုင်ပါသည်။ -ကိုယ်အလေးချိန်လျော့ချလြို ပီး၊ခန္ဓာကိုယ်တွင်းမှအဆီမပါ သောကြွက်သားစစ်စစ်ကိုထိန်းလိုသူအားကစား သမားသို့ မဟုတ်တစ်နေကုန်လှုပ်ရှားနေ ရသူများအတွက်၊ကိုယ်အလေးချိန်တစ်ကီလိုလျင်ပရိုတိန်း၁.၅ဂ ရမ် မှ၂.၂ဂရမ်နှုန်း(ထို့ ကြောင့်ကိုယ်အလေးချိန်တစ်ေ ပါင်လျင်ပရိုတိန်း ၀.၆၈ ဂရမ် မှ ၁ ဂရမ်နှုန်း)လိုအပ်ပါသည်။ -ကိုယ်လက်လှုပ်ရှားမှုနည်းေ သာ၊ကိုယ်ခန္ဓာထိန်းညှိရန်သိပ်မလိုသောလူသာမန်များအနေနှင့် ကိုယ်အလေးချိန် တစ်ကီလိုလျင်ပရိုတိန်းဝ.၈ဂရ မ်မှတစ်ဂရမ်နှုန်း(ထို့ကြော င့်ကိုယ်အလေးချိန်တစ်ပေါင်လျင်ပရိုတိန်း ၀.၄ဂရမ် မှဝ.၅ဂရမ်နှုန်း)အသုံးပြုရန်လိုအပ်ပါသည်။ -အကယ်၍ကိုယ်အလေးချိန်များလွ န်းနေသူဖြစ်ပါက၊ပရိုတိန်းတွ က်ချက်ရာတွင်ခန္ဓာကိုယ်တစ်ခု လုံးအလေးချိန် နှင့်မတွက်ချက်ဘဲအဆီအလေးချိ န်မပါသောကြွက်သားစစ်စစ်ထုထည်ပမာဏ(lean body mass)ဖြင့်သာ တွက်ချက်အသုံးပြုရပါမည်။ -အမေရိကန်နိုင်ငံ၏ ပရိုတိန်းအတွက် RDA (Recommended Daily Allowance)မှာကျားမလိင်ကြွဲ ပားမှု အပေါ်မူတည်ပြီး၊46 ဂရမ် မှ 56 ဂရမ်သတ်မှတ်ထားပါသည်။ -အထက်ဖော်ပြပါပမာဏသည်အသက်အရွယ်ကြီးရင့်သူများနှင့်တိုက်ရိုက်မသက်ဆိုင်သောနေ့ စဉ်အသုံးပြု ရမည့်အနည်းဆုံးပမာဏဖြစ်သည်။ -အားကစာသမားများနှင့်ကိုယ်ခ န္ဓာအချိုးအစားပြုပြင်ပြောင်းလဲလိုသူများအတွက်သုတေသနတစ် ခုက ကိုယ်အလေးချိန်တစ်ပေါင်လျင် ပရိုတိန်း ၀.၇ ဂရမ်မှ ၀.၈ ဂရမ်သာအသုံးပြုရန်အကြံပြုထားသလို အခြားသောသုတေသနတစ်ခုကလည်း ကိုယ်အလေးချိန်တစ်ပေါင်လျင် ပရိုတိန်း ၁.၄ ဂရမ်(ကိုယ် အလေးချိန်တစ်ကီလိုလျင်၊ပရို တိန်း ၃-ဂရမ်)အထိအသုံးပြုရန်အကြံ ပုထားသည့်အတွက်အားကစားသမား များအနေနှင့်မိမိတို့ အတွက်သင့်လျော်သလိုအသုံးပြုနိုင်ပါသည်။ကိုယ်အလေးချိန် တစ်ပေါင်လျင်ပရိုတိန်း ၁.၄ ဂရမ်အထိအသုံးပြုလျင်လည်းမများလွန်းသည့်အပြင်အကျိုးကျေး ဇူးအနည်းငယ်ပင်ပိုထူးနိုင်ပါသည်။ - International Society of Sports Nutrition ကအားကစားသမားများသည်ကိုယ်အေ လးချိန်တစ်ပေါင် လျင်ပရိုတိန်း ၀.၆ မှ ၀.၉ ဂရမ်အထိအသုံးပြုခြင်းသည်ဘေး ကင်းရုံသာမက၊လေ့ကျင့်ခန်း၏ြ ပင်းထန်မှု များကိုခံနိုင်ရည်ရှိစေသည်။
- The American Dietetic Association, Dietitians of Canada, and the
American College of Sports Medicine ကလည်းအားကစားသမားများအနေနှင့်၊ကိုယ်အလေးချိန်တစ်ပေါင်လျင် ပရိုတိန်း ၀.၅ ဂရမ်မှ ၀.၈ ဂရမ်အသုံးပြုရန်အကြံပြုထားသ ည်။ -စားသုံးသောအာဟာရတွင်ပရိုတိ န်းနည်းနေပါက၊ leucine လောင်ကျွမ်းမှုများစေခြင်းေ ကြာင့်အမိုင်နိုအက်ဆစ် များလောင်ကျွမ်းခံရနှုန်းများသည့်အတွက်၊ကိုယ်တွင်းမှနိုက်ထရိုဂျင်ပမာဏမျှတနေစေရန် အမိုင်နိုအက် ဆစ်များ ပိုမိုစားသုံးရန်လိုအပ်ပါသည်။အားကစားစွမ်းရည်တိုးတက်စေ ရန်အတွက်၊ RDA မှသုံးရန်ညွှန်ကြားသောပမာဏ ၏နှစ်ဆခန့် အသုံးပြုပါကလည်းမည်သည့်ဆိုးကျိုးမျှမရှိဘဲကြွက်သားမျှ င်များကြီးထွားရန်အထောက် အကူပြုပါ သည်။ -အ၀လွန်သူရော၊အားကစားသမားများပါ diet လုပ်နေချိန်တွင်ပရိုတိန်းများများစားသုံးသင့်ပါသည်။သို့ မှသာ ခန္ဓာကိုယ်အချိုးအစားပြောင်း လဲမှုအပေါ်သက်ရောက်မှုရှိမည် ဖြစ်သည်။ -ကိုယ်အလေးချိန်တစ်ပေါင်လျင်ပရိုတိန်း ၁.၄ ဂရမ်မှီဝဲသူများအနေနှင့်ကို ယ်အလေးချိန်တစ်ပေါင်လျင်ပရိုတိန်း ၀.၇ ဂရမ်မှီဝဲသူများထက်သွေးအတွင်းတွင်အာရုံကြောများသန်စွမ်းဖျတ်လတ်စေသော၊L-Tyrosine, DL-Phenylalanine and L-tryptophan တို့ တိုးပွားလာပြီး၊သွေးထဲရှိ branch chain amino acids သည် L-tryptophan and serotonin pharmacokinetics တို့ အပေါ်တွင်အကျိုးရှိစွာပြုပြ င်ပြောင်းလဲမှု များအတွက်သက်ရောက်မှုဖြစ်ပေါ်စေသည်။ လေးစားလျက်- နိုင်ဦး-၁၁၉ References မူရင်း=http:// muscleprofessor.blogspot.co m/2015/05/blog-post.html
https://www.facebook.com/photo.php?fbid=1407813722881957&set=pb.1000096002
No comments:
Post a Comment