ပါရမီဖြည့်တယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ မေးရင်။ ကိုယ်ကြုံနေရသမျှတွေအပေါ်မှာ
ခင်ပွန်းသည် ယောက်ျား၊ အိမ်သူသက်ထား ဇနီးမယား သားသမီး၊ ဆွေမျိုးသားချင်းတွေအတွက် ကြီးပွားရေး၊ စီးပွားရေး၊ လူမှုရေး၊ လောကအရေးတွေ ကြုံတွေ့ကြရပါတယ်။ အဲဒီ ကြုံတာတွေ အားလုံးကို စိတ်ကောင်းလေး ထားလိုက်ပါ။ စိတ်ကောင်းလေး ထားလိုက်ရင် ပါရမီ ဖြစ်ပါပြီ။ ပါရမီ ဆိုတာ သီးခြား မဟုတ်ပါ။ သို့သော်သူ့ဟာသူ အလိုလိုမပြည့်ပါ။ စိတ်ကောင်းတွေထားပြီး ပြုပြောကြံစည်ရင် ပါရမီဖြည့်တယ်ခေါ်ပါတယ်။ စိတ်ကောင်းထားနိုင်ရင် ပါရမီ ပြည့်တယ်။ စိတ်ကောင်း မထားနိုင်ရင် ပါရမီ မပြည်ပါ။
စိတ်ကောင်းဆိုတာ ဗုဒ္ဓဘာသာဝင်တွေသာ ထားလို့ရတာ မဟုတ်ပါ။ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံး စိတ်ကောင်းထားလို့ ရပါတယ်။ တကယ်ပြောရင် စိတ်ကောင်းထားရင် ပါရမီဖြည့်လို့ ပါရမီပြည့်ပါတယ်။ စိတ်ကောင်းထားရင် ကြီးကျယ်မြင့်မြတ်တဲ့လူ ဖြစ်လာပါတယ်။
မိမိ မိသားစုထဲမှာတင် လေ့လာကြည့်ရှုနိုင်ပါတယ်။ ဘယ် မိသားစုဝင်က ကြီးပွားသွားသလဲ၊ ဘယ်သူက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လဲ။ သားမို့လို့ အထင်မသေးနဲ့၊ သားကို မိဘတွေက လေးစားရတာ တစ်ပုံကြီးပါ။ သမီးမို့လို့အထင်မသေးပါနဲ့၊
တစ်အိမ်လုံးမှာ စိတ်ကောင်းလေးမွေးတဲ့ ပုဂ္ဂိုလ်ရှိရင် – အဲဒီ ပုဂ္ဂိုလ် ကြီးကျယ်မြင့်မြတ်လာမယ်။ မိဘဆိုရင် ကိုယ် မွေးထားတဲ့ ကိုယ့်သားသမီးတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်သူ စိတ်ကောင်းထားလို့ ကြီးကျယ်မြင့်မြတ်လာသလဲဆိုတ
ဒါမှ မဟုတ်ရင် မိမိ ညီအစ်ကို မောင်နှမတွေကို ကြည့်နိုင်ပါတယ်။ အခု အသက် ၃၀၊ ၄၀၊ ၅၀၊ ၆၀ ရှိပြီး ငယ်ငယ်တုန်းက သူလိုကိုယ်လို နေခဲ့တဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ ဘယ်သူကြီးကျယ်မြင့်မြတ်လို့
Tun Tun Naing
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627
No comments:
Post a Comment