လုပ်ခလစာဈေးပေါခြင်း၊ လုပ်သား အင်အားအလုံအလောက်ရှိခြင်းအြ
အာဆီယံအဖွဲ့အစည်းအင်အား တောင့်တင်းလာပြီး တရုတ်နှင့် အိန်္ဒိယပြီး လျှင် အာဆီယံသည် ဒေသတွင်း၌ တတိယမဏ္ဍိုင်သဖွယ်ဖြစ်လာမည်။ အရှေ့ တောင်အာရှ စုစုပေါင်းလူဦးရေသန်း ၆၅၀ ၏ ထက်ဝက်ခန့်သည် ၂၀၃၀ ခုနှစ်တွင် အသက် ၃၀ အောက် ငယ်သူများဖြစ်ပြီး လူလတ်တန်းစား လူဦးရေတိုးပွားလာ၍ သုံးစွဲမှုနှုန်းလည်း မြင့်မားလာမည်ဟု ခန့်မှန်းရသည်။
““နောင် ၁၀ နှစ်၊ ၁၅ နှစ်လောက် အတွင်းမှာ လုပ်ခပေါပေါ၊ လုပ်သား အင်အား ဖောဖောသီသီရှိတဲ့ မဲခေါင်လို နေရာတွေကို စက်ရုံ၊ အလုပ်ရုံတွေ ရွှေ့ ပြောင်းလာမှာဖြစ်လို့ အာဆီယံက ကမ္ဘာ့ စက်ရုံကြီးဆိုတဲ့ နာမည်ကို တရုတ်ဆီက လွှဲပြောင်းယူသွားလိမ့်မယ်လိ
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့ရှိ စရိတ်သက်သာသည့်လုပ်အား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ရှိ စွမ်းရည်မြင့် လုပ်သားအင်အား၊ စင်ကာပူနှင့် မလေးရှား တို့ရှိ အဆင့်မြင့် လုပ်သားအင်အားတို့ ချိတ်ဆက်မှုက အဆိုပါအပြောင်းအလဲကို အထောက်အပံ့ပေးမည်ဖြစ်သည်။ တနည်း အားဖြင့် အာဆီယံဒေသတွင်း၌ ဖော်ပြပါ လုပ်သားအင်အား ၃ ရပ်တည်ရှိနေခြင်း သည် အားသာချက်ပင်ဖြစ်သည်။ အရှေ့ တောင်အာရှနိုင်ငံများကလည်း ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ဒေသတွင်း နိုင်ငံများ အကြား လွတ်လပ်စွာကုန်သွယ်မှုပြုနို
၂၀၂၅ ခုနှစ်တွင် အရှေ့တောင် အာရှနိုင်ငံများအကြား စုစုပေါင်းကုန်သွယ် မှုပမာဏသည် ဒေါ်လာ ၁ ထရီလီယံခန့် ရှိလာမည်ဖြစ်ပြီး စီးပွားရေးအင်အားကြီး နိုင်ငံများမှ အာဆီယံဒေသတွင် ၀င်ရောက် ရင်းနှီးမှုပမာဏသည် ဒေါ်လာ ၁၀၅ ဘီလီယံခန့်ရှိမည်ဟု ANZ က ခန့်မှန်း သည်။
အာဆီယံနိုင်ငံများစုသည် ပစိဖိတ် သမုဒ္ဒယာနှင့် အိန်္ဒိယသမုဒ္ဒယာ ဆုံမှတ် ၀န်းကျင်တွင် တည်ရှိခြင်း၊ ကုန်းတွင်းနိုင်ငံ များသည်လည်း စားသုံးမှုပမာဏမြင့်မား သည့် တရုတ်နှင့် အိန်္ဒိယဈေးကွက်ကြီး နှစ်ခုအကြား တည်ရှိနေခြင်းတို့ကြောင့် ၎င်းင်းတို့အနေနှင့် ကြီးထွားလာနေသော အာရှ၏ ကုန်ထုတ်လုပ်မှုကွန်ရက်တွင် ပါဝင်နိုင်စွမ်းရှိကြသည်။
Bloomberg
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551
No comments:
Post a Comment