Pages

အလုပ် အင်တာဗျူးမှာ မပြောသင့်တဲ့စကားလုံးများ (၁)





ကျွန်တော်ကြည့်လိုက်ရင်ဖြင့် ပုံမှန်စကားလုံးတွေလို ထင်ရပေမဲ့ တကယ်တမ်း အင်တာဗျူးသူတွေ အတွက်တော့ သင့်ကို မျဉ်းနီ ဖြတ်လောက်အောင် အနီတွေ တားစေနိုင်တဲ့ စကားလုံးအချို့၊ သင့်ပြောနိုင်တဲ့ အမှားတစ်ချို့ကို အောက်မှာ ဖော်ပြထားပါတယ်။အစမ်းလေ့ကျင့်ခြင်း အားဖြင့် အင်တာဗျူးမှာ အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။

No !
===

အင်တာဗျူးမှာ ကိုယ်ဖြေရာမှာက ယေဘူယျအားဖြင့် Yes or no နှစ်ခုကိုသာ အဓိကဖြေရဖို့ ရှိပေမဲ့ ကျွန်တော်တို့ နိုးဖြေတဲ့ အလှည့်ရောက် ရင် နည်းနည်းစဉ်းစားဖို့ ရှိပါတယ်။ တကယ်လို့ အင်တာဗျူးသူက သင့်ကို အလုပ်နဲ့ အနည်းငယ် ဆက်စပ်တဲ့ တစ်ခြား အလုပ်တစ်ခုခုကို မေးမယ်ဆိုရင် No လို့ ဖြေမဲ့အစား I haven't yet had a chance to learn it but would be interested to do so,” လို့ ဖြေရမှာ ဖြစ်ပါတယ်။

Er… Um…
=======

တကယ်လို့ အင်တာဗျူးသူတွေက တစ်ခုခု မေးပြီး သင့်က အဖြေကို စဉ်းစားနေချိန်မှာ Er… Um… လို့ အသံထွက်ပြီး ပြုမူနေခြင်းက သင့်ကို ကြိုတင်မပြင်ဆင်လာဘူး။ အာရုံမရှိဘူးလို့ ထင်စေနိုင်ပါတယ်။ ဒီတော့ တကယ်လို့ ဖြေဖို့ စဉ်းစားစရာလိုတယ်ဆိုလျှင် တိတ်ဆိတ်စွာ စဉ်းစားသင့်ပါတယ်။ ဗန်းစကားတွေကို အတတ်နိုင်ဆုံး ရှောင်ကြည်ခြင်း
ဒါဟာ ပရောဖဖ်ရှင်နယ်ကျမှုတစ်ခုကိုလည်း ပြသတာဖြစ်ပါတယ်။ ဒီတော့ Slang တွေကို အတတ်နိုင်ဆုံး ရှောင်ကြည့်သင့်ပါတယ်။

Sure, cool, kinda…

=================

ဒီစကားလုံးတွေက သိပ်ကို အမှတ်မထင်နိုင်တယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ Casual workplace တွေထဲမှာတောင် အရမ်း Casual ဆန်းပါတယ်တဲ့။ ဖြစ်ကတတ်ဆန်းနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီတော့ ထိုစကားလုံးတွေကို မသုံးရင် အကောင်းဆုံးပါတဲ့။

.

Ref: Linkedin

  အောင်ဟိန်း

No comments:

Post a Comment