Pages

"အိုင်းစတိုင်း လက်သစ်လေးဟု ဆိုရပေမည်လား"




  ကျောင်းသွားခဲ့ရသော နှစ်များအတွင်း ဂဲသြမေတြီ ဘာသာရပ် သင်ကြားချိန် သို့မဟုတ် အခြား အတွက်အချက် ပါသည့် သင်ကြားပို့ချချိန်များကို အမှန်တကယ် နှစ်သက်ခဲ့သည့် ကာလများ ရှိခဲ့လေသလားဟု ပြန်လည်တွေးတောမိရာ လုံးဝ အစရှာမရအောင် ဖြစ်ခဲ့သည်။

သို့သော် ဖိလစ်ပိုင်နိုင်ငံမှ မစ်ကိုအမည်ရှိ ဤ ၄ နှစ်အရွယ် ကလေးငယ်လေးသာ မိမိ၏ဆရာ ဖြစ်ပါမူ မည်သည့်အခါမျှ အတန်းပျက်မိမည် မဟုတ်သည်မှာ သေချာသည်။

ထို့ပြင် ပုံသေဇယားကွက်များကိုလည်း သူက အလွတ်ရွတ်ပြနိုင်သေးသည်။ ကမ္ဘာ့မြို့တော်များ၏ အမည်၊ ကမ္ဘာ့မြေပုံထက်က အမှတ်အသား အဖုံဖုံတို့ကို ဤ ၄ နှစ်သားလေးက ရွတ်ပြခဲ့ခြင်း ဖြစ်၏။ အသက် ၂ နှစ် အရွယ်ကပင် ထူးချွန်သည့် IQ အရည်အသွေး လက္ခဏာများ ပေါ်လွင်ခဲ့သည်။

အရုပ်များ၏ အမည်နာမတို့ကို နမူနာယူလျက် စာလုံးပေါင်းခြင်း၊ စာဖတ်ရှုခြင်းတို့ ပြုခဲ့သည်။ သုံးနှစ်သားတွင် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်များ၊ ယင်းပြည်နယ်များ၏ မြို့တော်များ၊ တည်နေရာများ၏ အမည်တို့ကို သိနေပြီ ဖြစ်ကာ ပြည်နယ်အလံများ အားလုံးကိုလည်း ခွဲခြား နိုင်နေပြီ ဖြစ်သည်။

ထို့နောက် ကမ္ဘာတ၀န်းရှိ နိုင်ငံများအားလုံး၏ အမည်နှင့် အလံတော်များကိုပါ သိလာခဲ့သည်။ ယခု ၄ နှစ်အရွယ် ရောက်သည့် အခါဝယ် အဆိုပါ ဖိလစ်ပိုင်သားလေးသည် ဗဟုဂံများ၊ မူသေမရှိသည့် ပုံသဏ္ဍာန်များနှင့် ကန်တော့ချွန်များ၏ ဧရိယာတို့အား တွက်ချက်အဖြေရှာရခြင်းကို ပျော်မွေ့နေပြီ ဖြစ်သည်။

ဂဲသြမေတြီ ပုစ္ဆာတပုဒ်အား တွက်ချက်သည့်အခါတိုင်း ရယ်ရွှင်ကြည်နူးစွာ ရှင်းလင်း ပြတတ်သည်။ အဓိကမှာ မစ်ကိုသည် တွက်ချက်နေရလျှင် ပျော်ရွှင်နေခြင်း ဖြစ်၏။ မိဘများအနေဖြင့် မစ်ကိုလေးအတွက် လွန်စွာ ဂုဏ်ယူမိကြပေလိမ့်မည်။

ကျော်လင်းထွန်း

__Ref; Dramafever

No comments:

Post a Comment