Pages

ကြွက်တွေလို နေထိုင်ကြရ သူများ


  ကြွက်တွေဟာ မြေကြီးမှာ ကျင်းတူးပြီး နေထိုင်လေ့ရှိကြ ပါတယ်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ မှာလည်း ဒီလိုမျိုး နေထိုင်ကြ သူတွေ အများအပြားရှိ နေပါတယ်။ တရုတ်နိုင်ငံမှာ စစ်ပွဲ ဖြစ်ပွားခဲ့ရင် ရှောင်လွှဲနိုင်ဖို့ ကတုတ် ကျင်းတွေ အများအပြား တူးဖော်ထားကြ ပါတယ်။

တရုတ် ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၆၀ ၀န်းကျင်လောက်မှာ ရုရှားတွေရဲ့ ရန်ကို ကြောက်ရွံ့တာမို့ ဘေဂျင်းမြို့မှာ ကတုတ် ကျင်းပေါင်း (၂၀၀၀၀) ကျော် တူးဖော်ထား ပါတယ်။ တိန့်ရှောင်ဖိန် လက်ထက် မှာတော့ ကတုတ်ကျင်းတွေ အားလုံး အများပြည်သူတွေကို ငှားစားတဲ့ နေရာ အဖြစ် ပြောင်းလဲခဲ့ ပါ တယ်။ ကတုတ်ကျင်းတွေမှာ နေထိုင်နေတဲ့ တရုတ် လူမျိုး အရေအတွက်ဟာ တစ်သန်းကျော် အထိရှိ နေတယ်လို့ သိရပါတယ်။ အများစု ဟာ ရွှေ့ပြောင်း လုပ်သားတွေ ဖြစ်ကြ ပါတယ်။ ဘေဂျင်းမြို့ရဲ့ အိမ်ခြံမြေ ဈေးနှုန်းဟာ အရမ်းကို ကြီးမြင့်ပါတယ်။

ဒါကြောင့် ဘေဂျင်းမြို့ကို လာရောက် ကြတဲ့ ရွှေ့ပြောင်း လုပ်သားတွေဟာ ကတုတ်ကျင်းတွေမှာ တည်ဆောက် ထားတဲ့ အခန်းတွေကို ငှားရမ်း နေထိုင်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဒီအခန်းတွေရဲ့ တစ်လ ငှားရမ်းခက (၄၈) ဒေါ်လာသာ ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့် အရ ကြည့်မယ်ဆိုရင် တော့ လုံးဝမနေထိုင် သင့်တဲ့ အခန်းတွေ ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ လေကောင်း လေသန့် လုံးဝမရှိတဲ့ ကြွက်တွေ နေထိုင် သလိုမျိုး နေထိုင် သွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၀င်ငွေနည်းတဲ့ သူတွေ ကတော့ ရွေးချယ်စရာ မရှိဘဲ ဒီလို အခန်းမျိုးတွေမှာ နေထိုင်နေရ ပါတယ်။ ဒါကို ဒေးလီးမေးလ် သတင်းစာမှ သတင်းထောက်က ဓာတ်ပုံ ရိုက်ယူပြီး သတင်း ဆောင်းပါး အဖြစ် ပြန်လည် ဖော်ပြခဲ့ ပါတယ်။ ဒါပေမဲ့ တရုတ် အစိုးရ တာဝန်ရှိသူတွေဟာ ဒီလို နေထိုင်မှုမျိုးကို အနာဂတ်မှာ မရှိလာဖို့ ကြိုးစား အကောင်အထည်ဖော် နေတယ်လို့ သိရပါတယ်။
 

No comments:

Post a Comment