ဥပမာ သင်အလုပ်တစ်ခုကိုလျှောက်နေတယ်ဆိုပါစို့။ CV တစ်စောင်၊ Cover Letter တစ်စောင်လည်း သေသေချာချာရေးပြီးသွားပြီးဆိုပါစို့။ ဒါပေမယ့် သင့်မှာကအဲ့ဒိအလုပ်နဲ့ပက်သက်ပြီးအတွေ့အကြုံမရှိဘူး ဆိုပါစို့။ ဒါပေမယ့် အဲ့ဒိ CV နဲ့ Cover Letter မပို့ခင်မှာသေချာပြန်စစ်မိပါရဲ့လား။ လူတော်တော်များများ လုပ်လေ့ရှိတဲ့အမှားတစ်ခုကိုပြောပြပါမယ်။ သင့်ရဲ့ Cover Letter မှာအောက်ပါ ၀ါကျမျိုးတွေသုံးဖူး ပါသလား? • “Despite my limited experience with marketing…” • “Although I do not have experience directly managing people…” • “While I only have work experience doing administrative tasks…”
သင်အရင်ကအတွေ့အကြုံမရှိခဲ့လည်း သင်အတွေ့အကြုံမရှိကြောင်းကိုဖော်ပြမယ့်အစား အခြားသင့်ရဲ့အားသာချက်တွေကို ပိုအာရုံစိုက်ဖော်ပြသင့်ပါတယ်။ သင့်ရဲ့အားသာချက်တွေက သူခေါ်ယူနေတဲ့ရာထူးအတွက် ဘယ်လိုသင့်တော်ကြောင်းဖော်ပြပါ။ သင့်ရဲ့စိတ်အားထက်သန်မှုကို ဦးစားပေးဖော်ပြပါ။ ဥပမာ အောက်ပါဝါကျမျိုးတွေသုံးလို့ရပါတယ်။ • “I’m excited to parlay my experience in PR to a more analytical marketing position.” • “I’m ready to take the next step in my career- management.” • “I’m eager to translate my success in this administrative position to a more client-focused role.” ဒါကြောင့်မို့လို့အတွေ့အကြုံမရှိတဲ့အကြောင်းကိုထောက်မပြပါနဲ့။ သင်ရဲ့အားသာချက်တွေက သင်လျှောက်ထားတဲ့ ရာထူးအတွက် ဘာကြောင့်သင့်တော်သလဲဆိုတာကိုသာ အဓိကထားဖော်ပြပါ။
No comments:
Post a Comment