စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် မကောင်းတာ ကျန်းမာရေးပြဿနာပါ။ ဆရာဝန် တွေ ဟာ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေး အတွက်ပါ တာဝန် ယူကြရ တယ်။ လူတိုင်းရဲ့ စိတ်ဟာ တသတ်မှတ်ထဲ တည်ငြိမ်နေတာ မဟုတ်ဘူး။ စိတ်မငြိမ် သက်တာ ကယောက်ကယက် ဖြစ်တာ သာမန်လူတို့ရဲ့ ထုံးစံပါ။ ဝမ်းနည်း ဝမ်းသာ စိုးရိမ်ကြောင့်ကြမှုဆိုတာ လောကသုံးပါး မလွဲမသွေ ကြုံတွေ့ နေရမှာပဲ မဟုတ်လား။ လူဖြစ်လို့ ဝမ်းနည်းတာ သဘာဝပါ။ ဒါပေမယ့် ခဏပါပဲ။ စိတ်ကျရောဂါကျတော့ မတူတော့ဘူး။ ကျနေတဲ့ စိတ်က တက်မလာ တော့ တာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့တာ၊ ဘဝအဓိပ္ပါယ် ကင်းမဲ့သလို ခံစားရတာတွေ ဟာ စိတ်ကျရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။
စိတ်ကျရောဂါလို့ အမည်တပ်ဖို့ နည်းနည်းခက်တယ်။ဖြစ်တာတွေ တယောက်နဲ့ တယောက် တူချင်မှ တူမယ်။ စိတ်ကျရောဂါတွေမှာ လက္ခဏာတွေ ကိုယ်စီရှိ တယ်။ အဆင့် သတ်မှတ်ချက်၊ ရောဂါအပျော့အပြင်းလည်း မတူကြ ဘူး။ ဝေဒနာခံစား ရသူတွေဟာ အစွန်းနှစ်ပါး မလွတ်ကင်း ကြတာ များတယ်။ စားချင်စိတ်ကဲသူရှိသလို ဘာစားစား ခံတွင်းမတွေ့ပဲ အစား အသောက် ပျက်တာလည်း ရှိတယ်။ တချို့က အအိပ်ပျက် အအိပ်ခက်ပေမယ့် တချို့က အိပ်ပြီးရင်း အိပ်ချင်တတ်တယ်။ မျက်တွင်း ဟောက်ပက် အိပ်ရေးပျက်တာ စိတ်ရောဂါနဲ့သက်ဆိုင်တတ်တယ်
ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် စကားအပြောအဆိုနည်းပြီး အပြုအမူကစ လေးလံ ထိုင်းမှိုင်း လာတာ သိသာတယ်။ အပြုသဘောမှန်သမျှ ကိုယ်နဲ့မဆိုင်သလို အပျက် သဘောတွေသာ တွေးမြင်လုပ်ကိုင်လာတယ်။ ဘာ့ကြောင့် မှန်းအဖြေရှာမရပဲ အကြောင်းမဲ့ ဝမ်းနည်းနေတတ်တယ်။ တချို့က အကြောင်းခံ မယ်မယ်ရရ မရှိဘဲ အော်ဟစ်ငိုကြွေးတာမျိုး လုပ်လာတယ်။ စိတိတိုလွယ် ဒေါသကြီးလွယ်တာလည်း ရှိပါတယ်။တဖက်သားကို အလိုလိုမုန်းတီးနေပြီး လောကကြီးနဲ့ သဟဇာတ မဖြစ် သလို ခံစားရတယ်။ ဆုံးဖြတ်ချက် မှန်သမျှ မှားယွင်းလာတယ်။ နေ့စဉ် မျှော်လင့် ချက် ကင်းမဲ့ တတွေတွေတမှိုင်မှိုင်နဲ့ ဝမ်းနည်းပူဆွေးတတ်တာ စိတ်ကျရောဂါရဲ့ လက္ခဏာပါ။ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသပါလေ။ ဒီလိုလူတွေက နှလုံးနဲ့ အစာအိမ် ရောဂါ သူများထက်ပိုဖြစ်တယ်။
အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားရတာ အဆိုးဆုံးနဲ့ ခံရ အခက်ဆုံး ပါပဲ။ နောက်ဆုံးအဆင့် ခေါ်ရမယ်။ လူ့ဘဝကြီးက အဓိပ္ပါယ်ကင်း မဲ့သလို ခံစားလာရပြီးနောက် လုပ်စရာ များများစားစား မကျန်တော့ဘူး။ အဆုံးသတ် မှာတော့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး (suicide) တွေ ဖြစ်လာ တယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ တွေလည်း ခေါင်းထဲမဝင်တော့ဘူး။ တရား သဘော လာမပြောပါနဲ့။ဘာ့ကြောင့်လဲဆ
၂၀၁၃ မှာ စစ်တမ်းတခုလုပ်တော့ ချမ်းသာတဲ့နိုင်ငံအများစုဟာ
စိတ်ကျရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက များတယ်။
ဝမ်းနည်းမှုကြေကွဲမှု၊ အလုပ်အကိုင်၊ ဝင်ငွေဆုံးရှုံးမှု၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ သက်ဆိုင်တယ်။ ငယ်စဉ်က စိတ်အနာ တရဖြစ်ဖူးသူ (အဖေ အမေ ကွဲတာ၊ အဖိအနှိပ်ခံရတာ၊ ဆင်းရဲချို့တဲ့သူ) တွေဟာ ပိုခံစား ကြရတယ်။ မိဘ အုပ်ထိန်းမှု ညံ့တာနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူး။ ပိုဆိုင်တာက ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောငိ့ ဖြစ်တယ်။ လုပ်ငန်းခွင် အပြိုင်အဆိုင်နဲ့ အလုပ် တာဝန်တွေက စိတ်ကို ဖိစီးစေတယ်။ ဒီအချက်တွေက အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကိုပါ ဆင့်ကဲဖြစ်စေ တယ်။ နယ်တွေ၊ တောရွာတွေမှာ ကျတော့ ရောဂါအမည်တပ်ဖို့ ပိုကောင်းတယ်။ စုန်းကိုက်သလို၊ နတ်ကိုင်သလို အပြုစားခံရသလို အမျိုးမျိုးပြောကြတာတွေဟာ စိတ်ကျရောဂါ ကြောင့် ဖြစ်တယ်။ တကယ်တမ်း စိတ်ကျရောဂါ အဖြေရှာကြည့် တော့ ဘုရားဟော သလိုပဲ။ "ပုထုဇ္ဇနော ဥမ္မတ္တကော" လူသာမန်တွေရဲ့စိတ်ဟာ တည်ငြိမ်မှုမရှိ၊ ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်လို့ဆိုတာ တွေ့ရပါတယ်။ ကိလေသာမကင်းသမျှ အတက်၊ အကျအပြောငိးအလဲကတော့ ရှိနေမှာပဲ ဖြစ်တယ်။
စိတ်ကျရောဂါရဲ့အခြေခံက စိတ်ထိခိုက်တာနဲ့ စိတ်ဒဏ်ရာရတာပါ။ ဒါကို မကုဘဲ ထားရင် ပိုဆိုးတယ်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို
စိတ်ကျရောဂါကို ကုသလို့ရပါတယ်။ မကုပဲထားရင် ပိုဆိုးလာမယ်။ လေ့လာ မှုတွေအရ ဆေးပေးပြီး စနစ်တကျကုသသူရဲ့ (၈၀)ရာခိုင်နှုန်းကျော်ဟာ တိုးတက် ကောင်းမွန်လာတယ်။ ရောဂါဆိုးလေ ဆေးတိုးလေဆိုတာ စိတ်ကျရောဂါကို ဆိုလို တာပါ။ ဆရာဝန်က ဆေးပေးရသလို ဖြစ်သူဖက်က တွေးပေးရတာလည်း ရှိပါတယ်။ ထပ်လိုတာက စိတ်ဓာတ်ခွန်အားနဲ့ အားပေးစကားပါ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း က ထပ်ဆောင်းပေးရမှာက နားလည်မှုနဲ့ စာနာမှုပါ။ ကိုယ်တိုင် လိုအပ် တာကတော့ မိမိမှာ စိတ်ကျရောဂါရှိနေပြီဆိုတာသိ
Credit to ဒေါက်တာ အေးမင်းထူး၊ ရတနာပုံသတင်းစာ (၅.၁.၂၀၁၅) မှ ပြန်လည်ကူးယူ ထုတ်နုတ် တင်ပြထားပါသည်။
MOMO Pharmacy Myanmar,
အာရောဂျံ ဆေးခန်း၊
အမှတ် (၁၆) ဗဟိုလမ်း၊
(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊
ရန်ကုန်။
Mobile : 09-4310-4163 & 09-3023-7389
https://www.facebook.com/momopmm/photos/a.1491075344484926.1073741828.14905
No comments:
Post a Comment