Pages

တရားဓမ္မ ကိုမှန်ကန် တဲ့ ရှုထောင့်က နေ သင်ယူ လေ့လာကြပါ

                             




(၁) ပဋ္ဌါန်းရွတ်ဖတ်ခြင်း

ပဋ္ဌါန်းရွတ်ကြတယ် ဆိုတာနဲ့ ဆက်စပ်လို့ - ဆရာတော်ဘုရားကြီးတစ်ပါးမှ လူအများ အယူမမှားပဲ - အကျိုးများတဲ့ ရှု့ ထောင့် ဖက်က နေ သုံးသပ်ပြသွား ပုံ ဥပမာ- အထူးကြည်ညိုစရာပါ။
(က) ရှေးတုံး က ပုံပြင် (Story) ဖြစ်တဲ့- လင်းနို့ ၅၀၀ (ပဋ္ဌါန်းရွတ်တဲ့) အသံကြားတာနဲ့ ဘာဖြစ်သွားတယ် ညာဖြစ်သွားတယ် ဆိုတာကို လူတိုင်းကြားဖူးနေကျ ဆိုတော့- ဘာမှနားလည်ဖို့ မကျိုးစားတော့ပဲ ရွတ်ကြ ပူဇော်ကြ ဖြစ် ကုန်ကြတာပဲ။

ဒီနေရာမှ သိဖို့ က (ဒီ Story မှန်တာ မမှန်တာအသာထားလို့ ) Story ထဲက လင်းနို့ ဆိုတာက တရိစ္ဆာန်တွေ- တရိစ္ဆာန်ဆို တာ အသံကြားရင်တောင် သိနိုင်တဲ့ဥာဏ်မှမရှိပဲ၊
(ကိုယ်က "လူ" လေ- တရိစ္ဆာန်မဟုတ်ဖူး။)

- အသိဥာဏ်ရှိတဲ့လူ - လူဆိုတာ အသံကြားရင် အဓိပါယ်ကို ဆင်ခြင်သိနိုင်တဲ့"ဥာဏ်"ရှိတယ်- ဒါကြောင့် သေချာသိအောင် ကျိုးစားသင့်တယ်။ ဒါမှ အကျိုး ရှိတော့မယ်ပေါ့။

(ခ) အချို့ က အန္တရယ်ကင်းအောင်ဆိုပြီး အကြောင်းပြကြတယ်- ဒါပေမဲ့ - ကိုယ်က လုပ်ချင်ရာလုပ် နေပြီး - အချိန်ကျ မှ ဟေတု ပစ္စယော ကို အရံအတား လုပ်ချင်တယ်ဆိုရင်တော့ မဟုတ်သေးဖူး။ ဘုရားဟောခဲ့တဲ့ တရား ကို "မန္တာန် လို၊ မန်းမှုတ်သလို" အဆင့်နဲ့ အသုံးချတာဖြစ်သွားမယ်။

(ဂ) ပဋ္ဌါန်းတော် ဆိုတာက "စိတ်၊ စေတသိတ်၊ရုပ်" စတဲ့ လောက တရားတွေ ရဲ့ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ - "အကျိုး တ၇ား အကြောင်းတရားတွေ " ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းကာ - သေသေချာချာ "ကျင့်ကြံအားထုတ်ပြီး" သိမြင်နိုင်ဖို့  ဟောကြားထားခဲ့တာဖြစ်တယ်။
ဒါကိုလက်ခံတယ်ဆိုရင် အမှန်ရှု့ ထောင်က နေအကျိုးရှိရှိ ပြောင်းနိုင်တဲ့ ဥာဏ်ရှိရမယ်။

(၂) ပရိတ် ရွတ်ဖတ်ခြင်း

ပုရိတ်ရွတ်တာ ကောင်းပေမဲ့ ဘာမှ အဓိပါယ်နားမလည်တဲ့ အခါ - ဂါထာလို လို ၊ သူရဲသဘက် နှင် တဲ့ အတားအဆီး လိုလို - အကျိုးရှိသင့်သလောက် မရှိကြပဲ - လွဲနေကြတာတွေ ကို ဆရာတော်ကြီး တစ်ပါးက ထောက်ပြသွားပါတယ်-
အန္တရယ် ကင်းအောင် မေတ္တာသုတ် ရွတ်တယ်တဲ့- မေတ္တာသုတ်ထဲ - သရဲ- သဘက်ထွက်ပြေးစေတဲ့ စာသားတစ်လုံးမှ မပါဖူး ဆိုတာ မသိကြဖူး။

မေတ္တာသုတ် ဆိုတာ ကိုယ်တိုင် မေတ္တာ ကမ္မဋ္ဌါန်းကျင့်ကြံ ကာဈန်ရ သည့်အထိသော်၎င်း၊ ၀ိပဿနာကူးရာတွင်လည်းအားကြီးသော အထောက် အကူ့ဖြစ်တဲ့ ကျင့်စဉ် ဆိုတာ သိကြပါ။
ဒါဆို - ဘယ်သူ စသင်ပေးခဲ့ပါသလဲ- ဘာကြောင့် ရှု့ ထောင်အမှန်၊ အယူအဆ အမှန်ကို မပြောင်းနိုင်ရပါသလဲ။

(၃) (သင်္ကန်း)

ဖန်ရည်ဆိုးသော အ၀တ်စများဖြင့် ပြုလုပ်ထား၍ သင်္ကန်း ဟုခေါ်တွင်ခြင်း
ခြိုးခြံ၍ တင်းတင်ရောင့်ရဲ သော အကျင့် အဘောဆောင်ခြင်း
အလိုနည်း တွယ်တာကပ်ညှိမှု မရှိ၍ တရားဓမ္မ ကျင့်ကြံသူ သူတော်စင်များ နှင့် စပ်အပ်သင့်တော် ခြင်း
ရုံထားသူမှာ သံဃာ့ဂုဏ်တော် များ တင့်တယ်၍ ဖြင့် ပြီးပြည့်စုံခြင်း ဟု ဆင်ခြင်နှလုံးသွင်းနှို်င်ခြင်း
စတဲ့ စိတ် အစဉ်ကို ဖြစ်ပေါ်စေပါတယ်။

ဒါကို ထုံးစံအတိုင်း ကြားဖူးနေကျ (Story) ထဲက အယူအတိုင်း သင်္ကန်း စ တွေ့ တာနဲ့ ကြောက်လန့် ပြီး ဘာမှ မပြောရဲ၊ မမေးရဲ၊ မဆင်ခြင်ရဲ ၊ ပဲ -နလပိန်းတုံး၊ အထုံ အ အလို - ဥာဏ်မပါ ဗာလအယူအဆ အဖြစ် - ဘယ်သူစ သင်ပေးခဲ့လည်းဆို တာ မေးစရာပါ။

ဘုရားရှင်က ဘယ်အရာကိုမျှ ဥာဏ်နဲ့ မဆင်ခြင် ပဲ မျက်ကန်းယုံဖို့ မသင်ခဲ့တာသေချာပါတယ်။
အခုခေတ်က သာသနာမဲ့ ခေတ်မဟုတ်ပါ- ၀ိပဿနာဥာဏ် ဖြစ်စေတဲ့ မြင့်မြတ်တဲ့ ကျင့်စဉ်တွေ အထူးထွန်းကားတဲ့ခေတ် - ဒီလို ဥာဏ်ပညာ ရနိုင်တဲ့ အခြေအနေမျိုး မှာ စုံလုံးကန်း တဲ့ ဘ၀ ပြန်မသွားသင့်တော့ပါ။
ဒါကို ဘယ်သူက စပြီးသင်ပေးခဲ့တာလဲ။
ဒီအယူ အဆ ကို ဘာကြောင့် မပြောင်းနို င် မပြုပြင်နိုင်ရမှာလဲ။

ကိုယ့်မိသားစု ဆွေမျိုး တပည့် အသိုင်းအ၀ိုင်းထဲ မှာ ဘုရားရှင် ရဲ့ တရားဓမ္မ ကို မှန်ကန်တဲ့ သဘာဝ ရှုထောင့်က နေ သဒ္ဓါ နဲ့  ပညာ ဥာဏ် မျှတစွာ ဖြင့် အကျိုးရှိရှိ သင်ယူ၍ ဤ ဘ၀မှာ တန်ဖိုးရှိစွာ အသုံးချနိုင်ကြပါစေ။
 

No comments:

Post a Comment