Pages

ငါးလေးအိုးကပ် ချက်နည်း





ငါးသေးသေးလေးများကို ဆားနှင့်ပွတ်ပြီး ခေါင်းဖြုတ် အူထုတ်ကာ ရေစင်အောင် ဆေး၍ ဆား၊နနွင်း၊ငံပြာရည် တို့ ဖြင့်ရောနှယ်ပြီးနာရီဝက်ခန့် နှပ်ထားပါ။

  ရေစိမ်ထားသောငရုတ်သီးခြောက်၊ကြက်သွန်အဖြူ၊အနီ၊စပါးလင်တို့ ကိုညက်အောင်ရောထောင်းပြီး နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ကြက်သွန်များအနံ့မွှေးလာပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့် နည်းးနည်းထည့်ပါ။ ပြီးလျှင်ငါးများကိုထည့်၍ ဟိုဘက် ဒီဘက်အသာလှန်ပေးကာ ရေအနည်းငယ်ထည့် အဖုံးဖုံးပြီး ဆီပြန်လာသည်အထိ တည်ထားပါ။

ငါးများဆီပြန်လာပြီး ခြောက်ခြောက်လေးဖြစ်လာပါက အပေါ့ အငံမြည်း၍ မဆလာ၊ရှမ်းနံနံ (သို့) နံနံပင် တို့ကိုအုပ်ကာ အရသာရှိပြီး ထမင်းမိန်စေသော ငါးလေးအိုးကပ်ဟင်း သုံးဆောင်လို့ ရပါပြီရှင်။ချိုးကပ်အောင်ချက်လျှင် ပိုကောင်းပါသည်။

(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်)

မူရင်း = ဒေါ်ပုလက်ရာ
 

No comments:

Post a Comment