ကလေး တစ်ယောက် ဆင်းရဲတဲ့ ဘဝမှာ နေထိုင်ရတယ်။ သူ ဆင်းရဲတာကို စိတ်နာပြီးတော့ ကြိုးစားတယ်။ အသက်လတ်ပိုင်းမှာ စားဝတ်နေရေး ပြေလည်လာတယ်။ ဒါနဲ့ အိမ်ထောင်ပြုလိုက်တယ်။ စားဝတ်နေရေး နည်းနည်းခက်လာတော့ သူကြိုးစားတယ်။ ရာထူး တိုးသွားပြီး အချိန်ပိုတွေ ဆက်တိုက်ဆင်းပါတယ်။ နယ်ခရီးတွေ ဘာတွေ လည်း သွားတော့ လစာ ပိုရပါတယ်။ သူလုပ်တဲ့ ကုမ္ပဏီက နိုင်ငံတကာနဲ့ ဆက်စပ်တာကြောင့် နိုင်ငံခြားကို ၆ လ၊ တစ်နှစ်လည်း တစ်ခါ တစ်လေ သွားလုပ်ရပါတယ်။ ငွေတွေ သူပိုရှာလာ နိုင်ပါတယ်။ ဒါနဲ့ သူ ဝမ်းသာတယ်။ မိသားစုကိုလည်း လောက်အောင်ထောကက်ပံ့ နိုင်တယ်။ တစ်နှစ်ပြီး တစ်နှစ် ကြိုးစားလိုက်တာ အလုပ်မှာပဲ စိတ်ရော၊ လူပါ နှစ်ခဲ့ ပါတယ်။
ဒါနဲ့ တစ်ရက်တော့ ငါ့မိသားစု အတွက် အချိန်ပေးရအောင်လေ ဆိုပြီးတော့ စဉ်းစားမိတယ်။ ဒီတော့ မိသားစုကို မနက်ဖန် ပျော်ပွဲစား ခရီးထွက်ရအောင်လို့ ပြောတယ်။ နောက်နေ့ မနက် အရောက်မှာ သူဟာ အသက်မဲ့ နေတဲ့ အသက် ၅၀ ကျော် လူတစ်ယောက်ရဲ့ အလောင်းကောင် ဖြစ်လို့ နေပါတယ်။
သင်ခန်းစာ
ဘဝမှာ ကြိုးစားတာတော့ ကြိုးစားပါ စာဖတ်သူတို့။ ဒါပေမယ့် မိသားစုနဲ့ အခြား အရာများကို မမေ့ပါနဲ့။ တရားရှာရန် သတိရပါ။ မိသားစုကို သတိရပါ။ တိုတောင်းတဲ့ ဘဝ တစ်ခုမှာ လောဘ ဦးစီးနေတဲ့ ဝီရိယကို လျော့လို့ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ခံစား ရယူပါ။
အောင်ခမ်း (www.innewsmyanmar.com)
http://
No comments:
Post a Comment