နေရာက သောင်ရင်းမြစ် အနောက်ခြမ်း။ အဝေးကို လှမ်းကြည့်ရင် စိမ်းပြာရောင် တောင်တန်းတန်းတွေက လှိုင်းတံပိုးတွေအလား ၀န်းရံလို့ ။ အနောက်ဘက်ဆီက သစ်မျောတွေက သောင်ရင်းရဲ့ ရင်ကိုခွဲလို့ တအိအိနဲ့  ဆင်းလာနေတယ်။ အပြာနုရောင်အမိုးအောက်မှာ တိမ်ဖြူတွေက ဟိုတစ်ကွက် ဒီတစ်ကွက် ။ တစ်ခါတစ်ခါ ရိုးမအတွင်းက ဂျီဟောက်သံက မကြားတကြား။
သောင်ရင်းမြစ်ရေက ငြိမ်တစ်ခါ ကြမ်းတစ်လှည့်နဲ့  သံလွင်ဆီကို စီးဆင်းနေလေရဲ့ ။ အရာရာ ဟာ အထီးကျန်ခြင်းရဲ့ ပြယုဂ် တစ်ခုအလား တစ်စပြင် ကဲ့ သို့ တိတ်ဆိတ်ငြိမ်သတ်။
ဆက်သွယ်ရေးမြောင်းထဲက စစ်သားတစ်ယောက် ပွတ်ချွန်းလို့ ခေါ်တဲ့ (လက်ဘက်ခြောက်ကို အိမ်သာသုံးစက္ကုနဲ့ လိပ်ထားတဲ့) ဆေးလိပ်ကို ပါးချိုင့်အောင်ဖွာနေတယ်။ သူ့ အတွက် အထီးကျန်ခြင်းကို တီးမိခေါက်မိမရှိဘူးပျင်းရိ
အဝေးကအသံတစ်ချို့ ကို နားစွင့်ရင်း ချွေးတစ်လုံးလုံးနဲ့ ထိုင်နေလေရဲ့ ။
သြော်....သူရောက်နေတဲ့နေရာက
" ရင်......ဆိုင်.......ကုန်း
ရင်ဆိုင်ကုန်းဆိုတာကတော့ မိမိ တပ်နဲ့ ရန် သူ့ တပ် နှစ်ခုဟာ မျက်နှာချင်းဆိုင် ကုန်းနှစ်ခုအပေါ်မှာစခန်းချထ
"ဂေါင် ဂေါင် ဂေါင်" (ဟန်းကောကို ဒုတ်နှင့်ခေါက်သံ)
"ဟိုဘက် ကယောက်ဖတွေရေ ဘာချက်လဲဟေ့"
ဆက်သွယ်ရေးမြောင်းထဲကပြန်ြေ
"၀က်သား"
"ဟဟ မဖြိးနဲ့ ဟေ့ကောင်တွေ မင်းတို့ ဘက်က ငါးပိဖုတ်နံ့ ဒီကတောင်ရတယ်။"
"အောင်မာ မင်းတို့ ဘက်က ငှက်ပျော အူ ပြုတ်နံ့ ကရော မနက်ကတည်းကရနေတာ။"
"ဟင်းစားလဲမလား "
"လုပ်လိုက်လေ သေနတ်မယူကြေး ကုန်းနှစ်ခုကြားက ချောင်းခြောက် မှာ လဲမယ်။"
ဒီလိုနဲ သူတို့ တွေရင်းနှီးလာခဲ့ကြတယ်။ ဟင်းစားတွေလဲစားကြတယ်။
ကုန်းနှစ်ခုကြားက ချောင်းခြောက်က ခြင်းကွင်းဖြစ်နေပြီ။
ညနေဆို တပ်နှစ်ခုချိန်းပြီးခြင်းခတ
ကုန်းပိုးစီးကြေး။ ငပိ တစ်ပိသာကြေး။ စသည်ဖြစ်ပေါ့။ စစ်ရေးသတိကတော့ နှစ်ဘက်လုံးရှိကြပါတယ်။ အစပိုင်းတော့ သေနတ်တွေ ဖွက်ယူလာခဲ့ကြတယ်။
နောက်တော့လည်း မယူကြတော့ဘူး။ ဒီလိုနဲ့ နှစ်ချို့ လာခဲ့ကြတယ်။
တစ်နေ့  အမိန့် တစ်ခုကြောင့်။ သို့ မဟုတ် အခြေနေတစ်ခုကြောင့် သူတို့ တွေ
တိုက်ခဲ့ကြတယ်။ နိုင်တဲ့ဘက် နိုင်မယ် ရှုံးတဲ့ဘက်ရှုံးမယ်။ စစ်မှာအရှုံးအနိုင်မရှိ သေသူနဲ့ ရှင်သူပဲရှိသည်လေ။ ကျတော် ကြားဘူးသလောက် တစ်ချို့ က ငိုပြီးပစ်တယ်လို့ ကြားဘူးတယ်။
"စိတ်မကောင်းပါဘူးယောက်ဖတို
ငြိမ်းချမ်းရေး......
ကျတော်တို့ သိပ်လိုချင်တယ်ဗျာ။ အဲဒီလိုခံစားမှုမျိုးတွေ က ခံရခက်လှတယ်။ ဒါတွေကို
ြိုငိမ်းချမ်းရေးလို့ တစ်တွင်တွင် အော်ပြနေတဲ့ မျောက်ပြဆန်တောင်းတွေအဖို့  နားလည်မှာမဟုတ်ပါဘူး။ ကြုံဘူးမှာလဲမဟုတ်ကြဘူး ။ အဲဒီ အဲဒီ စစ်မြေပြင် က နှစ်ဘက် စစ် သားတွေ အသိဆုံးနေလိမ့်မယ်။ ဘယ်စစ်သားမဆို စစ်မတိုက်ချင်ကြပါဘူး။ အဓိကတာဝန်က စစ်တိုက်ရန်ဆိုပေမယ့် ဘယ်သူမဆို ကိုယ့်တပ်မှာကို တပ်တည်ဆောက်ရေးလုပ်ပြီး အေးအေးချမ်းချမ်း မိသားစုနဲ့ နေချင်ကြသူချည်းပဲ။
ခင်ဗျားတို့ က အကျီ င်္အပြာတွေဝတ်ပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပြတယ်။ ကျုပ်တို့ က အကျီ င်္ီအစိမ်းတွေဝတ်ပြီး ငြိမ်းချမ်းရေး အောက်မှာအံကြိတ်ခဲ့ရတယ်။
စစ်သားဟာ စစ်မတိုက်ချင်ဘူး။ ဘာလို့ လဲဆိုတော့ စစ်ရဲ့ ဆိုးကျိုးတွေ သွေးထွက်သံယိုတွေ နာကျည်းမှုတွေ ငိုကျွေးမှုတွေနာမည်မတပ်နို
ကျတော်အပေါ်မှာရေးတဲ့ အကြောင်းအရာလေးက ကိုယ်တွေ့ မဟုတ်ပါဘူး။
ကျတော့်အဖေပြောပြတဲ့ သူတို့ တုန်းက ဟိုး ကရင်ပြည်နယ်ဘက်က အကြောင်းလေးပါ။ အခုတော့ သူတို့ တွေ ငြိမ်းချမ်းရေး ရကြပြီ။ အမိုးအိမ်မှာထမင်းစားရင် ဖထီးက M 16 နဲ့ မပစ်တော့ဘူး။
သူတို့ တွေရဲ့ ဟိုးတုန်းက စခန်းကုန်းနှစ်ခုကြားက ပုန်းရှိုးကွယ်ရှိုးခတ်ခြဲ့
ထူးဝေ
https://www.facebook.com/photo.php?fbid=526878440743325&set=a.351047714993066.7
No comments:
Post a Comment