Pages

မိဖုရားစောလုံုံနှင့် သရဏဂုံုံ




သက္ကရာဇ် ၆၁၇ ခုနှစ်၊ ပုဂံပြည်၏နောက်ဆုံးမင်းဆက်
နရပတေ့မင်း လက်ထက်ကပင်ဖြစ်ပါသည်။မိဖုရားများနှင့် မြစ်အတွင်းရေချိုးဆင်းစဉ် အသက်
အငယ်ဆုံး မိဖုရားစောလုံကိုကျီစားလိုသဖြင့် ဘုရင်နှင့်တကွ ကျန်မိဖုရားများက ရေဖြင့်မွမ်းသွားအောင်
ဝိုင်းပက်ကြသည်။ အကျီစားသန်က ရန်များသည် ဟူသောစကားသည် မှန်လေစွ။ ကျီစားသည်ကိုပင်
သည်းမခံနိုင်သော စောလုံက စားဖိုမှူးနှင့်တိုင်ပင်ပြီး ဘုရင်စားမည့် ပွဲတော်အုပ်တွင် အဆိပ်ခတ်လိုက်
တော့သည်။

ဒေါသောအတ္ထံ နဇာနာတိ - အမျက်ဒေါသဟူသည်
အကျိုးအကြောင်း အဆိုးအကောင်းကို သိနားလည်နိုင်စွမ်း မရှိပါချေ။ ဘုရင်ဘုန်းကံတက်ချိန်မို့ထင့်၊
တရုတ်ပြည်မှ ဆက်သထားသော ပန်းကန်ကြီးတစ်လုံးရှိသည်။

အဆိပ်အတောက် ဖြစ်စေသော အစားအစာကို ထိုပန်းကန်ထဲထည့်ပါက ပန်းကန်အရောင်ပြောင်းသွားလေ့ ရှိသည်။ထိုပန်းကန်၏အစွမ်းဖြင့် ဘုရင်အဆိပ်မမိဘဲ စောလုံသာလျှင် ရဲရဲညီးနေသော သံပြားပေါ်တွင် မသေမချင်းမီးကင်၍ သတ်ရန် အမိန့်ချခံရသည်။


မီးကင်ရန် သံကျပ်စင်ဆောက်သော အာဏာသားများကို တံစိုးလက်ဆောင်ပေးပြီး ခုနစ်ရက်ခန့်ကြာအောင် ရက်ဆွဲပြီးဆောက်လုပ်ခိုင်းသည်။ ထိုခုနစ်ရက်အတွင်း ဆရာတော်
တစ်ပါးပင့်၍ တရားနာပြီးလျှင် သရဏဂုံသုံးပါးကိုသာလျှင်
မအိပ်မနေ ရွတ်ဆိုပွားများ နေတော့သည်။

အသတ်ခံရမည့်နေ့ကား ရောက်ခဲ့လေပြီ။ ရဲရဲညီးနေသော
သံပြားထူကြီးပေါ်သို့မည်သူ၏ အကူအညီကိုမှမယူဘဲ အေးဆေးတည်ငြိမ်စွာတက်သွားသော စောလုံ၏
သတ္တိကိုကား ဘုရင်နှင့်တကွ ကြည့်နေကြသူအားလုံး တအံ့တဩ ဖြစ်ကြရသည်။ထို့ထက်ပို၍ အံ့ဩစရာ
ကောင်းသည်ကား သရဏဂုံကို ရွတ်ဆိုပွားများနေသော စောလုံတစ်ယောက်မီးထတောက်ခမန်းနီးပါး ပူကျကနေသော သံပြားကြီးပေါ်သို့လှဲလိုက်သည်နှင့် သံပြားအောက်မှမီးများမှာ ချက်ချင်းသေ၍ သံပြားကြီးမှာလည်း နှစ်ပေါင်းများစွာ ရေအောက်ရောက်နေသော ကျောက်ပြား
ကြီးပမာ ချက်ချင်းအေးဆင်းသွားပါတော့သည်။

သုံးကြိမ်တိတိ ထိုသို့ဖြစ်ပြီးနောက် သေအောင်မသတ်နိုင်ပါက
အသေစား အသေခံရမည်ကိုကြောက်ရွံ့ထိတ်လန့်နေကြသော အာဏာသားများ၏ သနားစဖွယ် တောင်းပန်ကန်တော့မှုကြောင့် စတုတ္ထအကြိမ်သံပြားပေါ်အတက်တွင် ဝဋ်ကြွေးရှိ၍ လွတ်ဖို့ရန် အခွင့်အလမ်းမရှိလျှင် ချက်ချင်းပြာကျပါစေသား ဟု အဓိဋ္ဌာန်ကာ
သရဏဂုံကိုမရွတ်ဘဲ နေလိုက်တော့မှ ချက်ချင်းပြာကျသွားခဲ့
ရပါသည်။

- { ဆက်လက်ပူဇော် ဖော်ပြပါမည် }

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment