Pages

မိကျောင်း၌ လျှာ-မရှိဟူသော စကားကို ရှင်းလင်းစွာ သိလိုပါသည်


ကာမဘုံသား မှန်လျှင် ၀တ္ထုရုပ် ၆-ပါးလုံး ရကောင်းပါလျက် ကာမဘုံသားဖြစ်သော မိကျောင်း၌ လျှာ-မရှိဟူသော စကားကို ရှင်းလင်းစွာ သိလိုပါသည်။

( ဖြေ )။ ယင်းပြဿနာကို ဖြေရာ၌ ထင်ရှားလှသော
( ကျမ်းထွက်လျှာစုံ, ကာမဘုံ, ငါးဘုံ ဘယ်ကြောင့် ချို့သနည်း) ဟူသော စွယ်စုံကျော်ထင် ပုစ္ဆာအဖြေကို အောက်တွင် ဖော်ပြလိုက်ပါသည်။

( အရသာကို ခံစားတတ်သော ဇိဝှါဝိညာဉ်ရှိသော ကာမဘုံသား သတ္တ၀ါမျိုးဖြစ်လျှင် ဇိဝှါပသာဒ ဇိဝှါရုပ် အစုံတို့သည် ငါး ( မိကျောင်းတို့ )၌ အဘယ့်ကြောင့် ချို့လေသနည်း-ဟူမူ
စက္ခု၏ ချို့ခြင်း
သောတ၏ ချို့ခြင်း
ဃာန၏ ချို့ခြင်း
ဇိဝှါ၏ ချို့ခြင်းတို့သည် ရှေး မိမိပြုသော မကောင်းမှုကံကြောင့် ဖြစ်သည်ဟု သုတ်အဘိဓမ္မာ အဋ္ဌကထာတို့၌ လာသောကြောင့် ငါး မိကျောင်း သတ္တ၀ါတို့၌ ဇိဝှါ၏ ချို့ခြင်းသည်လည်း ရှေးက ဇိဝှါမရထိုက်အောင် ပြုခဲ့ဖူးသော မကောင်းမှုကံကြောင့် ဖြစ်သည်ဟု မှတ်အပ်၏။

မကောင်းမှုကံကြောင့်ချို့လျှင် တဦး နှစ်ဦးသော သတ္တ၀ါ၌သော်၎င်း၊ အချို့အချို့သော သတ္တ၀ါတို့၌သော်၎င်း ချို့ရာ၏၊ အလုံးစုံသော ငါး မိကျောင်းတို့ မချို့သင့်တကား-ဟူငြားအံ့ အကြောင်းဖြစ်သော ဒုစရိုက်ပင် မတူငြားသော်လည်း အကျိုးခံ တူထိုက်သော ဂတိဖြစ်၍ အလုံးစုံ ချို့သင့်၏-ဟူပေ။
မကောင်းမှု အကုသိုလ်ကံကိုပြုမှု ဒုစရိချင်း မတူငြားသော်လည်း ပြိတ္တာဘုံ (ပေတဂတိ) သို့ ရောက်ကြရလျှင် အမြဲနိစ္စ ဆာလောင် ငတ်မွတ်ရမှုချင်း တူရသကဲ့သို့ မှတ်သားသင့်ပါသည်။


https://www.facebook.com/photo.php?fbid=510580329025510&set=a.5010609999

No comments:

Post a Comment