Pages

မဟာဗောဓိဗုဒ္ဓဘာသာတရားတော် ရုပ်သံလိုင်းသစ်





ဒီနေ့ဖတ်ရတဲ့ သတင်းထဲမှာ မင်္ဂလာအရှိဆုံးသတင်းပါ။ ဗုဒ္ဓဘာသာတရားတော်တွေကို ၂၄နာရီလုံး ထုတ်လွှင့်ပေးမဲ့ မဟာဗောဓိရုပ်သံလိုင်းကို စတင်ကြည့်ရှုနိုင်ပါပြီ။ အမျိုး၊ဘာသာ၊သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဗုဒ္ဓဘာသာကို လူတိုင်းကောင်းစွာနားလည်နိုင်ဖို့ ခုလို ဗုဒ္ဓဘာသာရုပ်သံလိုင်းတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေတာကြာပါပြီ။ the voice journal က ဒီသတင်းဖတ်ရတာ အင်မတန်ဝမ်းသာပါတယ်။ ဗုဒ္ဓဘာသာ radio တွေ fm လိုင်းတွေပါပါပေါ်ထွက်လာစေချင်ပါတယ်။ တရားတော်တွေကိုပဲ ၂၄နာရီလွှင့်ပေးတဲ့ လိုင်းတွေအပြင် လူငယ်တွေကိုပါ ဆွဲဆောင်နိုင်အောင် ဘာသာရေး၊ ပညာပေးနဲ့ ပျော်ရွှင်စရာအစီအစဉ်တွေ ဘာသာရေးဥာဏ်စမ်းအစီအစဉ်တွေ ပေါင်းစပ်ထားတာတဲ့ လူငယ်တွေအတွက် ဓမ္မရုပ်သံလိုင်းတွေလည်း စီစဉ်စေချင်ပါသေးတယ်။

ရုပ်ဝတ္ထု စေတီ တည်တာတွေဟာ ကုသိုလ်အင်မတန်ရပေမဲ့ သာသနာတော်ကို မစောင့်ရှောက်နိုင်ပါဘူး။ သာသနာပျောက်သွားတဲ့အခါ အဖျက်စီးခံရတာပဲ။
အာဖဂနစ္စတန်က ရုပ်ပွားတော်တွေ အမြောက်နဲ့အပစ်ခံရတဲ့ကိစ္စကြည့်ပါ။ ခုလို ဓမ္မရုပ်သံလိုင်းတွေကနေ နှလုံးသားမှာ ဘုရားတည်ပေးတာက သာသနာတော်ကိုပိုပြီး စောင့်ရှောက်နိုင်ပါတယ်။

....        ...

လူကြီးမိဘတွေအနေနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းတို့ sunday school တို့မပို့နိုင်ရင်တောင် ဗုဒ္ဓရုပ်သံလိုင်းတွေကို ကြည့်ရှုဖို့ စည်းရုံးပြီး လူငယ်တွေနဲ့ ဘာသာရေးအဆုံးအမတွေနဲ့ နီးစပ်အောင် ကြိုးစားကြစေလိုပါတယ်။ လူငယ်တိုင်း မိမိဘာသာရဲ့ အနှစ်သာရနဲ့တန်ဖိုးကို သေချာနားလည်မှသာလျှင် ကိုယ့်ဘာသာကို ခြေစုံကန်ပြီး ဘာသာခြား၊လူမျိုးခြားတွေကို လက်ထပ်တာတွေ လျော့ကျသွားမှာဖြစ်ပါတယ်။

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
 

No comments:

Post a Comment