ဆီးလမ်းကြောင်းမှာ ကျောက်တည်တဲ့ရောဂါ ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝဝဝ ကျော်BC ၃ဝဝဝ လောက်ကတည်းက ရှိနေပြီးဖြစ်ပါတယ်။ အီဂျစ်မှာရှိတဲ့ Mummy ရုပ်အလောင်းအချို့ကို တူးဖော်လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ ကျောက် ကပ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ဆီးကျောက် လေးတွေ တွေ့ရခြင်းအားဖြင့် အဲဒီခေတ်က တည်းက ရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေ မဲ့ အခုနောက်ပိုင်း ရောဂါဖြစ်ပွားမှုနှုန်းဟာ တစ်နေ့တခြား ပိုမိုများပြားလာပါတယ်။ Western diet လို့ခေါ်တဲ့ အနောက်တိုင်းဆန်ဆန် စား သောက်နေထိုင်တဲ့လူနေမှုစနစ်ေ
ရောဂါဖြစ်ပွားတဲ့နှုန်း တဖြည်းဖြည်းများလာ ခြင်းဟာ နိုင်ငံတကာ လေ့လာချက်များအရ နေရာဒေသနဲ့ နေထိုင်စားသောက်ပုံ စရိုက်ပေါ် မူတည်ပြီး ကွာခြားမှုရှိပါတယ်။ အမေရိကန်နိုင်ငံ မှာဆိုရင် ဆေးရုံတက်သူ လူတစ်ထောင်မှာ တစ် ယောက်နှုန်းရှိပါတယ်။ တစ်ကမ္ဘာလုံးနှင့် ယှဉ်ပြီး ကြည့်ရင် နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ အနည်း ဆုံး ဝ.၁ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ အများ ဆုံးဖြစ်တာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုး သားအားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဘဝ သက်တမ်းတစ်လျှောက်မှာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဆီးကျောက်တည်တာ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာလည်း လွန်စွာ များပြားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ ဆေးရုံတွေရဲ့ ခွဲစိတ်ကုသဆောင်ကို တက်ရောက် ကုသနေတဲ့ လူနာတွေရဲ့ ၂ဝ ရာခိုင်နှုန်း ခန့်ဟာ ဆီးကျောက်တည်မှုနဲ့ ဆက်စပ်နေပါတယ်။ အချို့လည်း ရောဂါရှိလို့ ရှိမှန်းမသိဘဲ နေနေကြတဲ့ သူတွေအတော်များများရှိမယ်လိ
ဆီးကျောက်တည်ရောဂါဖြစ်တဲ့အခ
အဓိက အဖြစ်အများဆုံး ဆီးကျောက် လေးမျိုးရှိပါတယ်။
1. Oxalate Stone 30 -35 ရာခိုင်နှုန်း
2.Phosphate Stone 15-20 ရာခိုင်နှုန်း
3. Uric acid Stone 6- 10 ရာခိုင်နှုန်း
4. Cystine Stone 2-3 ရာခိုင်နှုန်း
အချို့လည်း ဒီအမျိုးအစားတွေတစ်မျိုးနဲ့
ဆီးကျောက်အမျိုးအစားလေးမျို
Oxalate Stone မှာအဓိကပါဝင်တာ ကတော့ Calcium နဲ့ Oxalate ဖြစ်ပါတယ်။ နှစ်ခုပေါင်းပြီးCalcium Oxalate Stone လို့ လည်း ခေါ်လေ့ရှိပါတယ်။အစား အသောက်ထဲမှာCalcium ချို့တဲ့ လာရင် Oxalate Crystal တွေဟာ အထိန်းမရှိ တဲ့အတွက် ဆီးလမ်းကြောင်းထဲမှာ အနည်ကျလေ့ ရှိပါတယ်။ ဆီးကျောက်ရဲ့ သဘာဝကိုကြည့်ရင် အနားတွေမှာ အချွန်အတက်တွေထွက်ပြီး အလွန် မာကျောတဲ့အတွက် ဆီးလမ်းကြောင်း တစ် လျှောက်မှာ သွေးယိုစီးစေပြီး ဆီးထဲမှာ သွေးတွေ ပါ တတ်ပါတယ်။ အင်မတန်မှ နာကျင်မှုကို ပေး ပါတယ်။ ခွဲစိတ်ပြီး ထုတ်ကြည့်ရင် အပြင်ပိုင်းမှာ သွေးတွေနဲ့ ဖုံးနေလို့ မည်းနေတတ်ပါတယ်။
Phosphate Stone မှာလည်း Calcium phosphate တို့ Magnesium Phosphate တို့ Ammonium Phosphate တို့ စသည်ဖြင့် အမျိုးမျိုးထပ်ခွဲနိုင် ပါတယ်။ Phosphate Stone ရှိရင် ဆီးလမ်းကြောင်းမှာ မကြာခဏဆိုသလို ပိုးဝင်တတ်ပါတယ်။ သူ့ရဲ့ အနားတွေဟာ ချော မွတ်နေတဲ့အတွက် သွေးထွက်တာကို မဖြစ်စေ တတ်ပါဘူး။ နာကျင်မှုမပေးတဲ့အတွက် မသိဘဲ နေတတ်ပါတယ်။ အရွယ်အစားလည်း ကြီးတတ် ပြီး ကျောက်ကပ်တစ်ခု လုံးပြည့်တဲ့အထိ ဖြစ်တတ် ပါတယ်။
Uric Acid Stone ကတော့ အလွန်မာကျော ပါတယ်။ မျက်နှာပြင်ကတော့ အချွန်အတက်တွေ ရှိလေ့မရှိပါဘူး။ များသောအားဖြင့် တစ်ခုတည်း မဟုတ်ဘဲ အများ အပြားဖြစ်လေ့ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ရိုးရိုးဓာတ်မှန်မှာ တွေ့ရလေ့မရှိပါဘူး။ဂေါက်ရော
ဆီးကျောက်တည်ရင် ပြသလေ့ရှိတဲ့ ရောဂါ လက္ခဏာများ
ဆီးကျောက်တည်ရောဂါဖြစ်ပေမယ့
ရောဂါ လက္ခဏာများလည်း ကွဲပြားနိုင်ပါတယ်။များသော အားဖြင့်
- နောက်ကျောဘက်မှာ မခံမရပ်နိုင်အောင် နာကျင်လာမယ်
- ဆီးသွားရင် အနည်တွေပါလာမယ်
- အချို့လည်း ပြည်လိုလို အဖတ်တွေပါလာ မယ်
- ဆီးအရောင်အသွေးနီရဲလာမယ်ဆို
ဆီးကျောက်တည် ရောဂါဖြစ်နိုင်ဖို့ အလား အလာ များပါတယ်။ ဒါဆိုရင် နီးစပ်ရာ ဆေးပညာ ရှင်နဲ့ပြသပြီးရောဂါအမှန်ကိ
ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ Complications
ဆီးလမ်းကြောင်းမှာ ကျောက်တည် နေတာ ကို စနစ်တကျမကုဘဲထားရင်
၁။ ဆီးလမ်းကြောင်းထဲကို ရောဂါပိုးမကြာခဏ ဝင်ပြီး မကြာခဏဖျားနာခြင်း ဖြစ်တတ်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒီပိုးတွေဟာ သွေးထဲကို ရောက်ပြီး အသက်ဆုံး ရှုံးတဲ့အထိ ဖြစ်နိုင်ပါ တယ်။
၂။ ကျောက်တဖြည်းဖြည်းကြီးလာပြီ
၃။ ဆီးလမ်းကြောင်းကနေ မကြာခဏဆိုသလို သွေးတွေထွက်ပြီး ဆီးနဲ့အတူဆုံးရှုံးလေ့ရှိတဲ့
၎။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်လာတဲ့အတွက် သွေးတိုးရောဂါဖြစ်တတ် ပါတယ်။
ဒါတွေကတော့ အဖြစ်များတဲ့ နောက်ဆက် တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဆီးကျောက်တည်ရောဂါ ဖြစ်ရပါ သလဲ။
ဆီးကျောက်တည်ရောဂါ ဖြစ်ရတဲ့အကြောင်း များစွာရှိပါတယ်။ အဓိကအားဖြင့် လွယ်ကူအောင် အုပ်စုကြီး နှစ်ခုခွဲနိုင်ပါတယ်။ပထမအုပ
ဒုတိယအုပ်စုကတော့ မိမိမှာ ဘာရောဂါမှ အခံမရှိဘဲနဲ့ အနေအထိုင်အစားအသောက် မှားယွင်းနေတဲ့အတွက် ဆီးကျောက်တည်ခြင်း ဖြစ်ပါတယ်။ဒါကိုတော့ မိမိဘာ သာ သိရှိနားလည်ပြီး ပြုပြင်နေထိုင်စားသောက်ခြင်
ဆီးကျောက်တည်ရောဂါကို ကြိုတင်ကာကွယ် ခြင်း။
ဆီးကျောက်တည်ရောဂါမဖြစ်အောင
၁။ ရေများများသောက်ပါ၊ ရေကို ကျိုချက်ပြီး မှ သောက်ပါ။
၂။ ဟင်းသီးဟင်းရွက်များများစား
၃။ အသားငါးကို ပုံမှန်သင့်တင့်စွာစားပါ။ အသားငါးစားတိုင်း အသီးအရွက်နဲ့ တွဲဖက်စား ပါ။
၎။ အငန်လျှော့စားပါ။
၅။ အချိုဓာတ်များတဲ့ အချိုရည်၊ ဂလူးကို့စ် သကြားစတာတွေကို ရှောင်ကြဉ်ပါ။
၆။ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။
၇။ ကွမ်းယာစားတဲ့ အကျင့်ကို ရှောင်ကြဉ်ပါ။ စသည်တို့ပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့် မိမိရဲ့ အနေအထိုင် အစား အသောက်စတဲ့ ဘဝနေဟန်အပြုအမူတွေ မှား ယွင်းနေတယ်ဆိုရင် ပြောင်းလဲပြုပြင်ခြင်းဖြင့်
ဒေါက်တာအောင်ဆန်းဝင်း
https://www.facebook.com/photo.php?fbid=470581129707790&set=a.420045418094695
No comments:
Post a Comment