တီဘီဆေးများသောက်နေရာမှ အပူငြိမ်းစေရန်ရည်ရွယ်၍ ဗမာဆေးကို တွဲသောက်ချိန်တွင် ကိုအောင်သူ အ တွက် ထင်မှတ်မထားသည့် ပြဿနာ တစ်ခု ဖြစ်ေ ပ်ါလာခဲ့ သည်။ တစ်လနီးပါး နေမကောင်းဖြစ်နေသောကြောင့် လို အပ်သည့်ကျန်းမာရေးစစ်ဆေးမူမ
”ဆီးလုံးဝမသွားတော့ဘူး၊ တီဘီ ဆေးသောက်ရင် ဆီးများများသွားရ တယ်လေ။ ဗမာဆေးသောက်ပြီး က တည်းက ဆီးမသွားတော့လို့ လူကနေ လို့လည်းမကောင်းေ တာ့ဘူး”ဟု ကို အောင်သူက သူ့ဖြစ်စဉ်ကို ပြောပြသည်။ အင်္ဂလိပ်ဆေးနှင့် ဗမာဆေးတွဲ သောက်ခြင်းကြောင့် ခန္ဓာကိုယ်ကို ထိ ခိုက်သည့် အဖြစ်မျိုး ဖြစ်ခဲသော်လည်း အင်္ဂလိ ပ်ဆေးများ ကြိတ်ထည့်ထားသော ဗမာဆေးနှင့်တွဲသောက်မိပါက ဆေးအ သုံးလွန်ကာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်ဟု အထွေထွေရောဂါ ကု ဆရာဝန် ဒေါက်တာဝင်းသိန်းက ပြောသည်။
”ဗမာဆေးစစ်စစ်ဆိုရင် ဖြစ်ခဲ တယ်။ပြဿနာမရှိဘူး။ဒါပေမဲ့ အင်္ဂလိပ် ဆေးရောပြီးသား ဗမာဆေးတစ်ခုကို ထပ်သုံးလိုက်ရင်တော့ ဆေးဆေးချင်း ထပ်ပြီးတော့ အစာအိမ်နာတာတို့၊ ရင် တုန်တာတို့၊ မောတာတို့ ဖြစ်တယ်။ ဥလနမိသျန ပေါ့”ဟု ဒေါက်တာဝင်းသိန်း က ပြောသည်။ တိုင်းရင်းဆေးဆရာအချို့က စက် ထရင်၊ ဆာဖာ စသည်တို့ကိုအပူငြိမ်း သည်ဟု သတ်မှတ်ကြပြီး အချို့ကအဆို ပါ ဆေးများကို ကြိတ်ထည့်လေ့ရှိ ကြောင်း၊ အဆိုပါ ဆေးများသည် ကျောက်ကပ်ကိုထိခိုက်စေနိုင်
ကိုအောင်သူကဲ့သို့ပင် အလားတူ ဖြစ်ရပ်မျိုးခံစားခဲ့ရသူက ရွှေပြည်သာ တွင် နေထိုင်သည့် ကိုသက်ပိုင် ဖြစ် သည်။ကိုသက်ပိုင်သည် အဆုတ်ရောဂါ ကြောင့် အသက် ရှူမကြာခဏ ကျပ်တတ် သည်။ အသက်ရှူကျပ်၍ အင်္ဂလိပ် ဆေးသောက်ပြီး ခဏအကြာအဆုတ် ရောဂါနှင့် ပတ်သက်သည့် ဗမာဆေး နှစ်မျိုး ထပ်သောက် လိုက်သော အခါ ပို၍ အသက်ရှူကျပ်လာသည်။ ထိုအခါ အထွေထွေရောဂါကု ဆရာဝန်ထံ သူ ပြေးရတော့သည်။ ”မျက်နှာတွေပါ ပြာနှမ်း လာတာ။အဲဒီ တုန်းက ဆို သေပြီေ တာင်ထင်တာ”ဟု ကိုသက်ပိုင်က ပြန်ပြောပြသည်။ အမှန်တကယ်တော့ သူစိတ်လောသွားခြင်းဖြစ်သည်၊
”ဆရာဝန်က ဆေးတစ်လုံးထိုးပေး လိုက်တယ်။ ဖြစ်စဉ်ကိုပြောပြလိုက်တော့ နောက်တစ်ခါ ဗမာဆေးနဲ့အင်္ဂလိပ်ဆေး ကိုတွဲမသောက်ဖို့ ၊သောက်မယ်ဆိုရင် လည်း အင်္ဂလိ ပ်ဆေးပတ်လည်တဲ့ အ ချိန်မျိုးမှာမှ သောက်ဖို့သတိပေးတယ်”ဟု ကိုသက်ပိုင်က ပြောပြသည်။ ထိုကဲ့သို့သောလူနာမျိုး၊ ထိုကဲ့သို့ ဖြစ်စဉ်မျိုးကို သူ၏ဆရာဝန် သက်တမ်း တစ်လျှောက်အမြဲတမ်းကြားနေရ ကြောင်း ဒေါက်တာဝင်းသိန်းက ဆိုသည်။ဆေးကိုသုံးလိုက်လို့
ဈေးကွက်ထဲတွင် ထိုသို့ အင်္ဂလိပ် ဆေးကြိတ်ထည့်ထားသော ဗမာဆေး များရှိနေဆဲဟု သိရသော်လည်း တိုင်း ရင်းဆေးဆရာတစ်ဦးဖြစ်သည့် ဦးမြင့်ဦး ကမူ ထိုသို့ရော စပ်ဆေးများ ရှိသည်ဟု မကြားရတော့ဟု ပြောသည်။ ”လွန်ခဲ့တဲ့ လေးငါးနှစ်လောက် ကတော့ ဒီလိုရောတာတွေကြားဖူးတယ်။ အကိုက်ခဲပျောက်ဆေး တစ်မျိုးဆိုရင် အဲလိုမျိုးတွေ ရောထားလို့ ထုတ်လုပ် ခွင့်ပိတ်ခံခဲ့ရတယ်”ဟု ဦးမြင့်ဦးက ပြော သည်။ လေးဘက်နာရောဂါပျောက်ဆေး တွင် စတီးရွိုက်များထည့်ထားခြင်း
”ဒီလိုဆေးတွေရောကြိတ်ထည့် တယ်ဆိုတာလည်း ဝိသမလောဘသား တွေလုပ်တာပါ။ တိုင်းရင်းဆေးဆရာ စစ်စစ်တွေက မလုပ်ပါဘူး”ဟု ဦးမြင့်ဦး က ဆိုသည်။ တိုင်းရင်းဆေး စစ်မှန်ပါက ပမာဏ များကြောင်း ၊ အချို့ဆေးများမှာမူ ပမာဏနည်းနည်းဖြင့် ယူပစ်လိုက်သလို ပျောက်ကင်းသွားကြောင်း၊ သို့သော် ယခုနောက်ပိုင်းတွင်မူ တိုင်းရင်းဆေး ဆရာများက သဘာဝ သစ်ဥသစ်ဖုများ ဖြင့်ဆေးကိုအကျစ်လျစ်ဆုံး ဖြစ်အောင် စီမံထုတ်လုပ်လာကြကြောင်း ၎င်းက ဆိုသည်။ တိုင်းရင်းဆေးထု တ်လုပ်ပါ ကလိုင် စင်လျှောက်ထားရပြီး ထုတ်လုပ်သည့် ဆေးဝါးများကိုလည်း တိုင်းရင်းဆေး ဦးစီးဌာနတွင် မှတ်ပုံတင်ရကာ၊ ဆေး ဘူးနှင့် ဆေးထုပ် တွင် ပျောက်ကင်း သည့်ရောဂါ၊ သုံးစွဲရန်အညွှန်းနှင့် ပါဝင် သည့်ပစ္စည်းနှင့် တိုင်းရင်းဆေးယာယီ မှတ်ပုံတင်နံပါတ်များကို ထည့်သွင်းရေး သားရသည်။
တိုင်းရင်းဆေးထုတ်လုပ်ခွင့်
”အင်္ဂလိပ်ဆေးဆိုရင်လည်း နယ်စပ်ကဝင်လာတဲ့ ဆေးတွေရှိနေတာပဲ။ ဒီဆေးတွေရဲ့ စစ်မှန်မှုနဲ့ အရည်အသွေးကိုလည်း သတိပြုသင့်တယ်”ဟု ၎င်းက သုံးသပ်ပြော သည်။ဆေးဝါးတင်သွင်းဖြန့်ဖြူ
၂ဝ၁၁/
”အချိန်ခြားသောက်ဖို့တော့ စိတ်ထဲအမြဲတမ်းမှတ်ထားတယ်၊ လေးနာရီ လောက်ခြားသောက်ရင် ပြဿနာမရှိ ဘူးလေ”ဟု ကိုသက်ပိုင်က ဆိုသည်။
မေဇင်ဝင်း၊ မြတ်ဆုငြိမ်း
http://
No comments:
Post a Comment