Pages
▼
မွန်မြတ် စိတ်ထား မြန်မာဆရာဝန်
မှတ်မှတ်ရရ ၂၀၁၂ခုနှစ် ဇွန်လမှာ ဘင်္ဂါလီအရေးအခင်းဖြစ်တော့ ကျွန်တော်ကဘွဲ့ယူပြီးခါစ ဆမ (ဆေးကုသခွင့်လိုင်စင်)မရသေးတဲ့အချိန်။ ဟိုမှာ ရခိုင်တွေအသတ်ခံရတယ် ဘင်္ဂါလီတွေလူပါးဝနေတယ်ဆိုတာတွေ ကြားရတော့ ဒီဘက်မှာ ဘာမှမလုပ်နိုင်ဘူး။ တောက်တစ်ခတ်ခတ်ပေါ့။ ဒီကောင်တွေငါနဲ့တွေ့လို့ကတော့ အသေပဲပေါ့။
ဘယ်လောက်ထိစိတ်အားထက်သန်လဲဆိုရင် စစ်ထဲတောင်ဝင်ပြီး ဘင်္ဂါလီတွေသွားသတ်ရင်ကောင်းမလားလို့တောင် စိတ်ကူးမိသေးတယ်။ ဒါနဲ့ မြန်မာနိုင်ငံဆရာဝန်အသင်းက ရခိုင်မှာ အရေးပေါ်ဆေးကုသရေးအဖွဲ့လွှတ်မယ်၊ Volunteer တွေဖိတ်ခေါ်တယ်လည်းဆိုရော အနည်းဆုံးကိုယ်တတ်နိုင်တာလေးကူမယ်ဆိုပြီး အပြေးအလွှားစာရင်းပေး စစ်တွေကိုပါသွားရော။ စိတ်ကူးထားတာက ဒုက္ခရောက်နေတဲ့ရခိုင်တွေကို ဆေးကုပေးမယ် လိုအပ်တာကူညီမယ် ဘင်္ဂါလီတွေကိုတီးမယ်ဆိုပြီးတော့ပေါ့။
ဒါပေမယ့် တကယ်တမ်းလည်းကျတော့ ရခိုင်လူမျိုးတွေဘက်မှာ ရခိုင်လူမျိုးဆရာဝန်တွေ တာဝန်ယူပေးနေတယ်။ ဘင်္ဂါလီတွေဘက်ကိုကျတော့ သွားကုပေးရဲတဲ့ဆရာဝန်မရှိလို့
ဘင်္ဂါလီတွေကိုပဲကုပေးရမယ့် တာဝန်ဖြစ်နေတယ်။ အင်း စိတ်ထဲကူးထားတာက
လူပါးဝတဲ့ဘင်္ဂါလီတွေကို တီးမယ်ပေါ့၊ တကယ်တမ်းလုပ်ရမှာကျတော့ ဘင်္ဂါလီတွေကို
ဆေးကုပေးရမယ့်အလုပ်။ ခွတော့ကျသား။ နောက်ပြီး ထောင်နဲ့ချီတဲ့ ဘင်္ဂါလီတွေကြား
ကုရမှာဆိုတော့ ဂုပ်တော့လည်းအယားသား။
ဒါပေမယ့် နောက်ဆုံးတော့လည်း ၇ရက်လုံး အောင်အောင်မြင်မြင်ပါပဲ။
ကလေးတို့လို့တွဲလောင်းနဲ့ ဝေဒနာခံစားနေရတဲ့ စုတ်စုတ်ပြတ်ပြတ်တွေမြင်တော့လည်း ဘင်္ဂါလီ၊ ကျူးကျော်သူ၊ အိမ်ရှင်ပြန်ရိုက်တဲ့သူလို့ မမြင်တော့ဘဲ လူသားလို့ပဲပြန်မြင်လာတဲ့ အခါမှာ ကြောက်စရာ မကောင်းတော့ပြန်ဘူး။
သေချာတာကတော့ ဆေးကုပေးနေတဲ့အချိန်မှာ အမုန်းတွေ၊ အာဃာတတွေလုံးဝမပါဘဲ
ဝေဒနာခံစားနေရတာတွေ သက်သာသွားပါစေဆိုတဲ့ စိတ်တစ်ခုပဲရှိခဲ့ပါတယ်။ ဒီကြားထဲ
ပါလာတဲ့မုန့်ပဲသရေစာတွေတောင်ဝေမျှခဲ့ရသေးတယ်။ အဆုံးသတ်တော့ ဘင်္ဂါလီတီးမယ်ဆိုပြီးလိုက်သွားတဲ့ ခရီးစဉ်ကနေ ဘင်္ဂါလီဆေးကုသရေးခရီးစဉ်ဖြစ်သွားပါလေရော။ အဲဒါကြောင့်ပြောပါတယ်။ မြန်မာတွေဟာ ခွင့်လွှတ်နိုင်တတ်ကြတယ်၊ စိတ်ရင်းကောင်းကြပါတယ်လို့ ...
https://www.facebook.com/photo.php?fbid=271620599643228&set=a.126988517439771.
No comments:
Post a Comment