Pages

အယ်ဇိုင်းမား ရောဂါအတွက် ရွှေရောင်နည်းလမ်းများ


Thursday, August 8, 2013

ဘဝနေထိုင်မှုပုံစံကို နည်းနည်း လေးပြောင်းလဲလိုက်ရုံနဲ့ အယ်ဇိုင်း မားရောဂါကို ကာကွယ်ပေးနိုင်ပါ တယ်။ အခုဆောင်းပါးမှာ ပါဝင်တဲ့ နည်းလမ်းလေးတွေကိုလိုက်ပေးရုံနဲ့ အယ်ဇိုင်းမားရောဂါသာ မက နှလုံး ရောဂါ၊ ကင်ဆာနဲ့ လေဖြတ်ခြင်း တွေကိုပါ ကာကွယ်ပြီးသားဖြစ် မှာပါ။

အမေရိကန် ထိပ်တန်းသုတေသီ Dr.Neal Barnardက ဝါရှင်တန်မြို့ တော်မှာကျင်းပတဲ့ အာဟာရဗေဒနဲ့ ဦးနှောက်ဆိုင်ရာ ကွန်ဖရင့်မှာ အောက်ပါနည်းလမ်းတွေကို တင်သွင်း ခဲ့ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ အသီး အရွက်၊ ပဲအမျိုးမျိုးနဲ့အနှံများကို ပုံမှန်စားနေကျထက် နှစ်ဆစားသုံးပေး ပြီး အဆီစားသုံးမှုကို ထက်ဝက်လျှော့ ချပါ။

Dr.Neal Barnardဆိုလိုတဲ့ 'ပဲ'တွေကတော့ စားတော်ပဲ၊ ပဲပိစပ်နဲ့ ပဲနီကလေးတွေကို ဆိုလိုတာဖြစ်ပါ တယ်။ အနှံတွေကို စားသုံးခိုင်းတာက တော့သူတို့မှာပါဝင်တဲ့ ဗီတာမင်အီး ဟာ အာရုံကြောဖွံဖြိုးတိုးတက်စေဖို့ ပဲ ဖြစ်ပါတယ်။

ဗီတာမင်B12ဟာ နို့နဲ့ဥအမျိုးမျိုး က ရရှိနိုင်ပြီး နေ့စဉ်နွားနို့ပျမ်းမျှ သုံးခွက်နဲ့ ကြက်ဥသို့မဟုတ်ဘဲဥ နှစ်လုံးခန့် စားသုံးပေးဖို့လိုပါတယ်။
အလူမီနီယမ်နဲ့ပြုလုပ်ထားတဲ့ ဟင်းချက်အိုးတွေ၊ မုန့်ဖုတ်ဆော် ဒါ တွေကိုလဲ အသုံးပြုတာ လျှော့ချ သင့်ပါတယ်။ လေ့လာမှုတွေအရ အယ်ဇိုင်းမားရောဂါနဲ့ အလူမီနီယမ် သတ္ထု ဆက်စပ်နေတာကို ဖော် ထုတ်နိုင်ခဲ့ပါတယ်။

အောက်စီဂျင်ပိုရနိုင်တဲ့ အေရိုး ဗစ်လေ့ကျင်ခန်းတွေကို နေ့စဉ်မိနစ် ၄၀လောက်လုပ်ပေးခြင်း၊ တစ်ပတ်ကို သုံးကြိမ်လောက် (တစ်ခါကိုနာရီ ဝက်ခန့်) လမ်းလျှောက်ပေးခြင်းဟာ လည်း အသက်၄၀ကျော်သူတွေမှာ အယ်ဇိုင်းမားဖြစ်နိုင်ချေကို ၃၀% အထိ လျော့ချပေးနိုင်တယ်လို.Dr.Neal Barnard က အကြံပြုထား ပါတယ်။

သက်နှင်း
ref:ANI
Health Updates Journal
ကျန်းမာရေးစာတိုများစုစည်းမှု

https://www.facebook.com/photo.php?fbid=453758071388696&set=a.3510477149930

No comments:

Post a Comment