တစ်ခါတစ်လေ ဗိုင်းရပ်ရှိတဲ့ ခွေထည့်မိလို့ပဲဖြစ်ဖြစ် တခြားဘာကြောင့်ပဲဖြစ်ဖြစ် CD ထည့်တဲ့နေရာက CD Drive ကြီးတစ်ခုလုံးပျောက်သွားတတ်
ပထမ ဆုံး Start ကနေ Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..... box တစ်ခုကျလာလိမ့်မယ် အဲဒီ box လေးကျလာရင် သုံးခုမြောက်ပေါ့ HKEY_LOCAL_MACHINE ဆိုတဲ့စာတန်းလေးရဲ့ ဘယ်ဘက်ဘေးက မြှားလေးကို ကလစ်လိုက်......
အဲဒီ အထဲက အောက်ဆုံးတစ်ခု SYSTEM ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်......
SYSTEM ခေါင်းစဉ်အောက်က သုံးခု မြောက်မှာ Current Control Set ဆိုတဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်ပါ.......
ပြီးရင် Current Control Set အောက်က Control ဆိုတဲ့ ဘေးက မြှားလေးကို ထပ်ကလစ်ပါ......... ပြီးတော့မှာပါ မပျင်းနဲ့နော် ဟီးး
ပြီးရင် Control ခေါင်းစဉ် အောက်က ခြောက်ခုမြောက် က Class ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ကလစ်လိုက်........
ပြီးရင် သူ့အောက်က 4D36E965-E325-11CE-BFC1-08
Class ခေါင်းစဉ်အောက်က ၁၀ ကြောင်းမြောက်လို့ ကျွန်တော် ထင်ပါတယ်....... အပေါ်က စာတန်းနဲ့ ပြန်တိုက်ကြည့်ပေါ့ ဟုတ်ရင် ကလစ်လိုက်...........
ညာဘက်မှာ DVD/CD-ROM devices အဲလိုပေါ်နေရမယ် ..........
အဲလိုပေါ်သွားပြီဆိုရင် ညာဘက်အကွက် (မှင်နီဝိုင်းပြထားတဲ့အကွက်) ထဲမှာ "Upper Filter" ဆိုတာလိုက်ရှာ တွေ့ရင်ဖျက်
"Upper Filter" ဆိုတာမတွေ့ ရင် "Lower Filter" ကို ရှာ တွေ့ရင်ဖျက် ...."Lower Filter" ကိုမတွေ့ရင် " File Filter " ကိုရှာ တွေ့ရင်ဖျက် တကယ်လို့ သုံးခုလုံးတွေ့ရင်လဲဖျက်............
အဲလို ဖျက်ပြီးသွားရင်တော့ အဲဒါကိုပိတ်လိုက်တော့ ပြီးရင် ကွန်ပျူတာကို restart ချလိုက် ဒါဆိုပြီးပြီ ........ပြီးရင်ပြန်ဖွင့်ကြည့်
My Computer ထဲမှာ CD Drive ကြီး ပေါ်နေလို့တောင် တံမြက်စည်းနဲ့ရိုက်ချနေရမယ်.........ဟိဟိ အနော်ကနောက်တာ တကယ်မရိုက်နဲ့နော် ကွဲသွားရင် အနော်လည်း လျော်နိုင်ဘူး ဟီးးးးး

အဆင်ပြေပါစေနော် ကျွန်တော့် အစ်ကို အစ်မ ညီ ညီမ တွေ
No comments:
Post a Comment