သရဏဂုံတည်မှု၊ သရဏဂုံပျက်မှု နှစ်ခုလုံးသည် ရှိခိုးခြင်းစသည်ကိုပြုသူ၏ နှလုံးသွင်းစိတ်ထားအပေါ် အခြေပြုနေကြောင်း ထင်ရှားပေသည်။ ဤသဘောကို သုတ်သီလက္ခန်အဋ္ဌကထာ၊ အဂုင်္တ္တိုရ် အဋ္ဌကထာများ၌ “သေဋ္ဌ ဝသေနေဝ ဟိ သရဏံ ဂဏှာတိ၊ သေဋ္ဌဝသေန စ ဘိဇ္ဇတိ” ဟု အတိအကျ မုချမိန့်ဆိုထားကြ၏။ အဓိပ္ပာယ်မှာ “ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံး၌ အမြတ်ဆုံးအလှူခံဟု မှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပြုခြင်းတို့ကို ပြုလုပ်လျှင် သရဏဂုံယူပြီးဖြစ်၏။ သရဏဂုံ တည်ပြီးဖြစ်၏။ (အသေချာ မှတ်သားထားသင့်၏)။ သရဏဂုံ တည်ပြီးသူသည် ရတနာသုံးပါးမှတစ်ပါး အခြား နတ်၊ ဘိုးတော်၊ တိတ္ထိရဟန်း စသည်တို့တွင် တစ်ဦးဦးကို တစ်လောကလုံးတွင် အမြတ်ဆုံးအလှူခံဟု နှလုံးသွင်းကာ ရှိခိုးခြင်း စသည်တို့ကို ပြုမိလျှင် မူလဆောက်တည်ထားသည့် သရဏဂုံ ပျက်တော့၏” ဟု ဆိုလိုပေသည်။
အဋ္ဌကထာများလာ ပါဠိဝါကျ၏ အနက်မှာ “ဟိ- သရဏဂုံတည်ပုံ ပျက်ပုံကို အတိုချုပ်ပြဆိုဦးအံ့။ သေဋ္ဌဝသေနေဝ- တစ်လောကလုံးတွင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်သာလျှင်၊ သရဏံ- ကိုးကွယ်ခြင်းကို (ဝါ) သရဏဂုံကို၊ ဂဏှာတိ-ယူရာရောက်၏။ စ- ထို့ပြင်၊သေဋ္ဌဝသေန- အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်သာလျှင်၊ သရဏံ- တည်နေသော သရဏဂုံသည်၊ ဘိဇ္ဇတိ- ပျက်သွားတော့၏။” ဤအဋ္ဌကထာများ၏ အဆိုအမိန့်သည် သရဏဂုံတည်မှု၊ သရဏဂုံပျက်မှုတို့နှင့်ပတ်သတ
နတ်ကိုးကွယ်သူ၊ ဘိုးတော် စသည်တို့ကို ကိုးကွယ်သူတို့ မူလခံယူဆောက်တည်ထားသည့် သရဏဂုံ ပျက်- မပျက်နှင့် ပတ်သက်ရာ၌လည်း ဤအဋ္ဌကထာများလာ (စံ) ဖြင့်ပင် စိစစ်တိုင်းတာ၍ ဆုံးဖြတ်ရပါမည်။ ကိုးကွယ် ဟူသော ဝေါဟာရကို (၁)ဆည်းကပ်ပူဇော်အားထားသည်။
အကျဉ်းချုပ် စိစစ်ရလျှင် မူလသရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်သည် တစ်လောက လုံးတွင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်(အဂ္ဂဒက္ခိဏေယျ
ဆက်၍ဆိုပါဦးမည်။ ဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့် နတ် ဘိုးတော် စသူတို့ကို ကိုးကွယ်ကောင်းသည်ဟု ဆိုရသော်လည်း သူတို့ကို ကိုးကွယ်သည့်အခါ ရတနာသုံးပါထက် မကျော်လွန်မိဖို့ အထူးသတိပြုသင့်ကြ၏။ ဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှုပူဇော်ရန် သတိမရကြသော်လည်း နတ်ပွဲ၊ ဘိုးတော်ပွဲများမှာ အုန်းသီး၊ ငှက်ပျောသီး၊ ပန်းစသည်တို့ မညှိုးနွမ်း မခြောက်ရလေအောင် အထူးဂရုစိုက်သူများ ရှိကြ၏။ နတ်၊ ဘိုးတော်တို့၏ ရုပ်တု၊ ရုပ်ပုံများကိုလည်း ဘုရားစင်တွင် ဘုရားနှင့် တစ်တန်းတည်း တင်ထားကိုးကွယ်ကြ၏။ အထူးသတိထားသင့်ပါသည်။
ဤအပြုအမူများသည် နတ်၊ဘိုးတော်တို့ကို ရတနာသုံးပါထက် ပိုပြီး အမြတ်ထားသည့်သဘော သက်ရောက်နေ သည့်အတွက်မူလ သရဏဂုံ ပျက်နိုင်ပါသည်။ ထို့ကြောင့် နတ် စသူတို့ကို ကိုးကွယ်သူများသည် နတ်၊ ဘိုးတော် စသူတို့ထက် ရတနာသုံးပါးကို ပိုပြီး ဂရုတစိုက် ကိုးကွယ်ဆည်းကပ်ကြရမည်။ ရတနာသုံးပါးကို ထိုအရာများ ထက် ပိုပြီး အမြတ်တနိုးထားနိုင်ပါမှ၊၊ ဂရုစိုက်နိုင်ပါမှ မူလခံယူဆောက်တည်ထားသည့် သရဏဂုံ တည်မြဲမည် ဖြစ်ပါသည်။ အမရပူရမဟာဂန္ဓာရုံဆရာတော်ဘုရ
သရဏဂုံညစ်နွမ်းခြင်း
လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံနှစ်ပါးတို့တွင်
ဆက်လက်ရေးသားပါဦးမည်။
မှတ်ချက်။ ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏
စာဖတ်သူအားလုံး ဘေးအန္တရာယ်ကင်းရှင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ
http://www.facebook.com/photo.php?fbid=409344679163369&set=a.351047714993066.76
No comments:
Post a Comment