Pages
▼
သိထားသင့်သော အသက်ကယ်မည့် နည်းလမ်းများ
ဒီအခြေခံအသက်ကယ်နည်းလမ်းလေးတွေကို လူတိုင်းသိထားသင့်ပါတယ်... သင်ဟာ ခြေလျင်တောင်တက်ခရီးတွေ ဒါမှမဟုတ် တခြားတောတွင်းခရီးတွေမသွားဘူးဆိုရင်တောင် ဆိုးဝါးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်...ဒီအချက်အလက်တွေကိုသိထားတဲ့အတွက် အသက်ဆက်လက်ရှင်သန်နိုင်ခဲ့တဲ့ သာဓကတွေလည်းများစွာရှိခဲ့ပါတယ်... ကမ္ဘာအနှံ့မှာ မြေငလျင်လှုပ်တာတွေ၊ လေယာဉ်ပျက်ကျတာတွေ၊ ဘယ်နေရာမှန်းမသိတဲ့တစ်နေရာရာမှာ ကားပျက်တာတွေနဲ့ တခြားမမျှော်မှန်းနိုင်တဲ့ ဘေးဒုက္ခတွေဟာ အချိန်နဲ့အမျှဖြစ်ပွားနေပါတယ်... ဒီလိုအခြေအနေမျိုးကို ရုပ်ရှင်တွေထဲမှာသာ မြင်တွေ့နိုင်တာမဟုတ်ဘဲ ကိုယ်တိုင်လည်းအချိန်မရွေးကြုံလာရနိုင်ပါတယ်... ဒီအချက်တွေကတော့ အဲ့ဒီလို ဘေးဒုက္ခမျိုးကြုံလာတဲ့အခါ သင့်အသက်ဆက်ရှင်ဖို့အခွင့်အရေးကို သိသိသာသာအထောက်အကူပြုနိုင်မယ့် သိထားသင့်တဲ့ ဗဟုသုတလေးတွေပဲဖြစ်ပါတယ်...
၁) သင့်အစားအစာကို ကိုယ်တိုင်ချက်ပြုတ်ပါ
-
သင်စားနေတဲ့အစာတွေ ဘယ်ကဘယ်လိုရောက်လာတယ်ဆိုတာမသိဘဲနဲ့
အရဲမစွန့်ပါနဲ့.... သင့်အစားအစာတွေဟာ သင့်ကိုဖျားနာစေမယ့် ဘက်တီးရီးယားတွေ
ကင်းစင်ဖို့လိုပါမယ်... သင်မစားသောက်မီမှာ သန့်ရှင်းမှုရှိဖို့နဲ့
ကောင်းစွာချက်ပြုတ်ထားဖို့သေချာအောင်လုပ်ပါ... သောက်ရေကလည်း သန့်ရှင်းဖို့လိုပါမယ်.. ရေကို သန့်စင်အောင်အမြဲကျိုချက်ရပါမယ်...
၂) အေးတဲ့နေရာမှာ အမြဲခြောက်သွေ့အောင်နေပါ
အေးမြတဲ့နေရာကိုရောက်နေတဲ့အခါ သင့်ကိုယ်ခန္ဓာကစိုစွတ်သွားတာနဲ့ တစ်ပြိုင်နက် အပူကို အဆ ၂၀ လောက် ပိုမြန်မြန်ဆုံးရှုံးပါတယ်... သင်ရေစိုသွားပြီဆိုရင် အဝတ်တွေကိုချွတ်ပြီး အခြောက်ခံပါ... ရေတွေမစင်သေးသ၍ ပြန်မဝတ်ပါနဲ့... နှင်းတွေကရေကိုစုပ်တဲ့အတွက် ရေစိုဝတ်တွေကို နှင်းထဲမှာလှိမ့်ပြီးအခြောက်ခံလို့လည်းရပါတယ်... အဝတ်ခြောက်ပြီဆိုရင် ပြန်ဝတ်ပြီးတာနဲ့ ချက်ချင်းမီးမွှေးပါ...
၃) ၃ ဥပဒေသများကို သတိရပါ
--
သင့်အခြေအနေကို သံသယဖြစ်နေပြီဆိုရင် အသက်ရှင်သန်မှုဆိုရာ ၃ ဥပဒေသတွေကို
သတိရပါ... အဲ့ဒါတွေကတော့ လေမရှိဘဲ ၃ မိနစ်... အကာအကွယ်မရှိဘဲ ၃ နာရီ...
ရေမရှိဘဲ ၃ ရက်နဲ့ အစာမရှိဘဲ ၃ ပတ်.. ဆိုတာတွေပါပဲ... အဲ့ဒီကာလကျော်ရင်
သင့်မှာအသက်ရှင်နိုင်ခွင့် အလွန်နည်းသွားပါပြီ...
၎) အချိန်ကိုမှတ်သားပါ
----
သတိရှိနေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာပုံမှန်ဖြစ်စေဖို့အတွက်
လှည့်ကွက်တစ်ခုကတော့ သင်ဒုက္ခရောက်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာ
မှတ်သားနေဖို့ပါပဲ... သင့်အနေနဲ့ အဲ့လိုကျင့်စဉ်မျိုးလုပ်ပြီး မထိန်းသိမ်းထားရင် သင့်စိတ်က သင့်ကိုပြန်ပြီးလှည့်စားတာခံရပါလိမ့်မယ်...
၅) ဘယ်တော့မှ အရှုံးမပေးပါနဲ့
----
သင်မပြေးတဲ့ပြိုင်ပွဲကို ဘယ်တော့မှအနိုင်မရဘူးဆိုတာ သတိပြုပါ... သင်လက်လျှော့အရှုံးပေးလိုက်တာနဲ့ သင်ဟာ အသက်ရှင်နိုင်တဲ့အခွင့်အရေးတွေကို ရာနှုန်းပြည့်ဆုံးရှုံးလိုက်ရပါလိမ့်မယ်...
၆) ရေမရှိရင် အစာမစားနဲ့
----
သင့်အနေနဲ့ အားရှိဖို့လိုမှာမှန်ပါတယ်... ဒါပေမဲ့ အစာစားလေလေ ရေပိုဆာလေလေဖြစ်တယ်ဆိုတာကို သတိရပါ... ရေရစရာမရှိတဲ့အခြေအနေမှာ တစ်ခုခုစားလိုက်တာဟာ သင့်ဘဝတစ်ခုလုံး အဆုံးသတ်သွားဖို့ဖြစ်သွားနိုင်ပါတယ်...
၇) ပျက်တဲ့နေရာပြန်လာပါ
----------
သင်ဟာလေယာဉ်ပျက်တာတို့ ကားပျက်တာတို့တစ်ခုခုဖြစ်လို့ ဒုက္ခရောက်နေတယ်ဆိုပါစို့...
ရေရဖို့နဲ့ ဘေးကင်းဖို့ ပတ်ဝန်းကျင်မှာ သွားလာရှာဖွေရမယ်ဆိုတာ
မှန်ပါတယ်... ဒါပေမဲ့ ပျက်တဲ့နေရာကို ပြန်လာဖို့ကလည်း အရေးကြီးပါတယ်...
ကယ်ဆယ်ရေးအဖွဲ့တွေအတွက် ပျက်နေတဲ့နေရာကိုရှာဖွေဖို့ဟာ လူတစ်ယောက်ချင်းစီကို လိုက်ရှာဖို့ထက် အများကြီးအဆင်ပြေလွယ်ကူစေပါတယ်...
၈) ဓားကောင်းကောင်းတစ်လက်ဆောင်ထားပါ
---------
သင်ဟာ သဘာဝပတ်ဝန်းကျင်လေ့လာဖို့ခရီးထွက်တယ်ဆိုပါစို့... အရည်အသွေးမြင့်တဲ့ ဓားကောင်းတစ်လက်ကိုဆောင်ထားတာဟာ လုံခြုံမှုရှိပြီး ပါးနပ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်... ဒီဓားဟာ မီးမွေးတာကစပြီး သစ်ပင်ခုတ်တာအဆုံး အရာအားလုံးအတွက် ကူညီပါလိမ့်မယ်...
၉) ကျင်ငယ်ရေကိုသောက်ပါ
---------
ဟုတ်ပါတယ်... ဒါဟာအော်ဂလီဆန်စရာကြီးပါပဲ... ဒါပေမဲ့ သင်ရေဓာတ်ဆုံးရှုံးနေတဲ့အခါမျိုးမှာ သင့်ကျင်ငယ်ရေဟာ တကယ်ပဲ သင့်အသက်ကိုကယ်တင်ပါလိမ့်မယ်... သင့်အနာတွေဆေးကြောသန့်စင်ဖို့လည်းသုံးနိုင်သလို ပူပြင်းတဲ့ရာသီဥတုမှာ သင့်ကိုအေးမြစေအောင်လည်း အသုံးပြုနိုင်ပါတယ်...
၁၀) ကျောပိုးအိတ်လေးတစ်လုံးသယ်သွားပါ
-------
သေးငယ်ပေါ့ပါးပြီး ရေလုံတဲ့ အိတ်မျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ...
ဒီလိုကျောပိုးအိတ်မျိုးဟာ သင့်အပေါ်ဝန်မပိစေဘဲ အကွာအဝေးများများ
ခရီးဆန့်နိုင်စေပါလိမ့်မယ်... သင်လိုအပ်သမျှကိုလည်း ထည့်သွင်းသယ်ဆောင်သွားလို့ရပါတယ်...
၁၁) ရေစိုခံတဲ့ တယ်လီဖုန်း
--------
သင်ခရီးသွားတဲ့အခါ သင့်ဆဲလ်ဖုန်းကို အားအပြည့်သွင်းပြီး ရေလုံတဲ့ပလတ်စတစ်အိတ်ထဲထည့်ထားသင့်ပါတယ်... အိတ်နှစ်ထပ်ဆိုရင်ပိုကောင်းပါတယ်... (အခုဆိုရင်တော့ ရေစိုခံဖုန်းတွေလည်းရှိနေပါပြီ...) ဒီနည်းနဲ့ သင့်ဖုန်းဟာခြောက်သွေ့နေပြီး ဖုန်းလိုင်းမိတဲ့နေရာရောက်တာနဲ့ အသင့်ဆက်နိုင်မှာဖြစ်ပါတယ်...
၁၂) နှာခေါင်းနဲ့အသက်ရှူပါ
----------
သင်မောပန်းနေတဲ့အခါမျိုးမှာ
နှာခေါင်းနဲ့အသက်ရှူတာထက် ပါးစပ်နဲ့အသက်ရှူတာကို ပိုအားရပါလိမ့်မယ်...
ဒါပေမဲ့ အဲ့ဒီလိုရှူတာဟာ အစိုဓာတ်ကို ပိုမြန်မြန်ဆုံးရှုံးစေပါတယ်...
၁၃) သင့်လမ်းကိုမှတ်သားထားပါ
-------------
သင်ရောက်နေတဲ့နေရာကနေပြီး စတင်ထွက်ခွာတော့မယ်... ပြီးတော့ အဲ့ဒီနေရာကိုလည်း ပြန်လာဖို့စိတ်ကူးထားတယ်ဆိုရင် သင်သွားရာလမ်းတစ်လျှောက်မှာ လမ်းညွှန်အမှတ်အသားတွေလုပ်ထားခဲ့ပါ... ဒါမှသာ အပြန်လမ်းကိုအလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်...
၁၄) စိတ်အေးအေးထားပါ
------
ဒီလိုပြောဖို့ဟာ တကယ်လုပ်ဖို့ထက်လွယ်ပါတယ်... ဒါပေမဲ့ သင့်အနေနဲ့တကယ်ကို တည်တည်ငြိမ်ငြိမ်ရှိဖို့လိုပါတယ်... ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုများနေတာဟာ ပိုပြီးအန္တရာယ်ကြီးတဲ့အခြေအနေဘက်ကို သင့်ကိုဦးတည်စေမှာဖြစ်ပါတယ်...
၁၅) အဆာခံပါ
-------
သင်ရှာဖွေထားတဲ့ လုံလောက်တဲ့အစာကို တစ်တိတိဝါးစားခြင်းဖြင့်
သင့်ကိုပိုအားရှိအောင် ထိန်းထားပေးနိုင်ပါတယ်... ဒါပေမဲ့
အဲ့လိုလည်းမလုပ်ပါနဲ့... ဗိုက်ပြည့်သွားတာ ဒါမှမဟုတ်
အစားတစ်ခုခုစားဖို့လုပ်တာဟာ ချိုးခြံပြီးခွဲတမ်းစားဖို့နဲ့ သင့်အားကိုမျှမျှတတသုံးစွဲဖို့အတွက် အပျက်သဘောဆောင်စေပါတယ်...
၁၆) ခြေအိတ်သန့်သန့်ဝတ်ဆင်ပါ
---------
သင့်ဆဲလ်ဖုန်းနဲ့တူတူ ခြေလျင်တောင်တက်ခြေအိတ် သန့်သန့်တစ်စုံကို ခြောက်သွေ့စွာထားပါ... နေ့စဉ်ခြေအိတ်တစ်စုံလဲပေးခြင်းဖြင့် သင့်ခြေထောက်တွေကို နွေးထွေးစေတဲ့အပြင် သက်တောင့်သက်သာရှိတဲ့အတွက် ရှေ့ကိုဆက်သွားဖို့ စိတ်ဓာတ်အင်အားတက်စေမှာဖြစ်ပါတယ်...
၁၇) ရေအမြဲထည့်သွားပါ
-------
သင်ဟာအနီးအနားပတ်ဝန်းကျင်လေ့လာဖို့သွားတာပဲဖြစ်ပါစေ
သင်နဲ့အတူ ရေကိုယူဆောင်သွားရပါမယ်... သဲကန္တာရထဲမှာ ရေမရှိဘဲ သင့်အနေနဲ့
သုံးရက်သာ အသက်ရှင်နိုင်သလို အဲ့ဒီထက်ပိုအေးတဲ့ ပတ်ဝန်းကျင်မှာလည်း
ရက်သတ္တပတ် တစ်ပတ်သာ အသက်ရှင်နိုင်ပါတယ်...
၁၈) ရေကိုခွဲတမ်းချသောက်ပါ
-----
သင့်မှာတစ်နေ့စာလောက်တောင် ရေမကျန်တော့ဘူးဆိုရင် ရေကို နည်းနည်းချင်းစီငုံပြီး တစ်နေ့လုံးခံအောင် ဆန့်သောက်ဖို့လိုပါလိမ့်မယ်...
၁၉) အကာအကွယ်ကိုရှာပါ
-----------
သင့်ကိုယ်ခန္ဓာကို နေရောင်ကလွတ်အောင် သစ်ပင်တွေအောက်က အကာအကွယ်တွေ... လှိုဏ်ဂူအလွတ်တွေကိုရှာဖွေပါ... ဘယ်လိုမှရှာမရဘူးဆိုရင် ရှာလို့ရသမျှနဲ့ သင့်အတွက်အကာအကွယ်ပြုလုပ်ထားပါ...
၂၀) ဦးခေါင်းကိုဖုံးအုပ်ထားပါ
-----------
သင့်ခန္ဓာကိုယ်ဟာ ပူတဲ့ပတ်ဝန်းကျင်မှာအေးမြအောင်
အေးတဲ့ပတ်ဝန်းကျင်မှာ ပူနွေးအောင် လုပ်ဆောင်ပေးပြီး အဲ့လိုလုပ်ဆောင်ဖို့
စွမ်းအင်တွေအများကြီး ဆုံးရှုံးပါတယ်.... ဒါကြောင့်သင့်ဦးခေါင်းကို
ဦးထုပ်... ဒါမှမဟုတ် အဝတ်အစားတွေနဲ့ ခြုံပြီး အကာအကွယ်လုပ်ထားဖို့လိုပါလိမ့်မယ်...
နှိုင်းရင့်နွေ
ဒီနေရာမှ ကူးယူမှဝေပါသည်။
No comments:
Post a Comment