အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ရှဥ့်နက်တို့အား အစာပေးကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တာလပုဋမည်သော ဇာတ်ဆရာကြီးသည်မြတ်စွာဘုရား
''မြတ်စွာဘုရား 'ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကိုရွှင်ပျမွေ့လျော
ဇာတ်ဆရာကြီး - မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။
နှစ်ကြိမ်မြောက် လျှောက်ထားရာတွင်လည်း မြတ်စွာဘုရားသည် မမေးရန် တားမြစ်တော်မူ၏။
သုံးကြိမ်မြောက် လျှောက်ထားရာတွင်မူ . .
''ဇာတ်ဆရာကြီး - မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့် ''ဟု မချွတ်လျှင် သင့်ကို ငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊
ဇာတ်ဆရာကြီး - ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော စွဲမက်မှု 'ရာဂ' ရှိကုန်၏၊ စွဲမက်မှု 'ရာဂ' နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား
ကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ စွဲမက်မှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။
ဇာတ်ဆရာကြီး - ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော အမျက် 'ဒေါသ'ရှိကုန်၏၊ အမျက် 'ဒေါသ' နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ်သဘင် အလယ်၌ အမျက်ထွက်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။
ဇာတ်ဆရာကြီး - ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော တွေဝေမှု 'မောဟ' ရှိကုန်၏၊ တွေဝေမှု 'မောဟ' နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ်သဘင်အလယ်၌ တွေဝေမှုကို
ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။
ထိုကချေသည်သည် မိမိကိုယ်တိုင် ယစ်မူးမေ့လျော့လျက် သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့စေရကားခန္ဓာပျ
ပဟာသမည် သော ငရဲသို့ ရောက်ရ၏၊
''ပွဲအလယ်သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသာ ကချေသည်သည်ခန္ဓာပျက်ကြွေ သေပြီးသည်မှ
နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ရောက်၏''ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ . .
ထိုသူ၏ အယူသည် မှားသော အယူသာ ဖြစ်၏၊
ဇာတ်ဆရာကြီး - မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား
ငရဲ, တိရစ္ဆာန်ဟူသော လားရာ 'ဂတိ' နှစ်ပါးတို့တွင်တစ်ပါးပါးသေ
ဤသို့ မိန့်တော်မူသော် တာလပုဋဇာတ်ဆရာကြီးသည် ငိုလေ၏၊ မျက်ရည်ကျ၏။
''ဇာတ်ဆရာကြီး - မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးပါလင့်''
ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။
အရှင်ဘုရားမြတ်စွာဘုရား - ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ အမှန်စင်စစ်သော်ကား ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသော
ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင်အဖြစ့်သို့ ရောက်ရ၏ဟု
ရှေးဆရာ့ဆရာ ကချေသည်တို့သည် တပည့်တော်ကို အချိန်ကြာမြင့်စွာကပင် ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏။
အရှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊
အရှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ
အရှင်ဘုရား - ဥပမာအားဖြင့် မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့ လည်းကောင်း၊
ဖုံးလွှမ်းထားအပ်သောဝတ္ထုကို ဖွင့်ပြဘိသကဲ့သို့လည်းကောင်
အရှင်ဘုရား -
ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်းကိုးကွယ်ရာဟ
အရှင်ဘုရား - တပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကိုရလိုပါ၏ဟု (လျှောက်၏)။
တာလပုဋ ဇာတ်ဆရာကြီးသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရ၏၊ ပဉ္စင်းအဖြစ်ကို ရ၏၊ အရှင်တာလပုဋသည် ပဉ္စင်းဖြစ်၍ မကြာမြင့်မီ ရဟန္တာတို့တွင်တစ်ပါးအပါအဝင်
( ဂါမဏိသံယုတ်၊ တာလပုဋသုတ် )
3 Treasures: Buddha, Dhamma & Sangha
ဒီနေရာမှ ကူးယူမှဝေပါသည်။
No comments:
Post a Comment