Pages

မျက်ရည်မကျခင် သိစေချင်”

  
    လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊ အချိန်အားဖြင့် ည (၁၁) နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင် တောင်သာမြို့၏ ကျက်သရေဆောင် သာသနာ့ မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီး အတွင်းမှ စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့အိပ်ရာ အသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ရုတ်တရက် မြင်းခွာသံများ ကြားလိုက်ရသဖြင့် စာရေးသူက အိပ်ရာမှထထိုင်ကာ နားကို အသာစွင့်ထား လိုက်မိသည်။ အချိန်မတော် မြင်းလှည်းဝင်လာပြီ ဆိုသည်နှင့် သွေးအလှူ ခံလာခြင်း ဆိုသည်ကိုတော့ တပ်အပ် သိလိုက်ပါပြီ။ တောင်သာမြို့လေးမှာ ခရိုင်ထဲတွင် ပါဝင် သောနယ်မြို့လေးတစ်မြို့သာ ဖြစ်သောကြောင့် လူသိတော့ သိပ်မများလှပါ။

    သို့သော် မြို့သူမြို့သားများ၏ စေတနာ၊ ကျောင်းသစ်ကျောင်း စာသင်တိုက်မှ ပဓာနနာယက ဆရာတော်နှင့် စာချ ဆရာတော်များ၏ မေတ္တာကြောင့် စာရေးသူကဲ့သို့ မန္တလေးမြို့ပေါ်မှာ ရှင်ဖြစ် သောစာသင်သား အချို့ပင် ဤကျောင်းတိုက်သို့ လာရောက် ပညာသင်ကြား ရသည်အထိ သူ့ အတိုင်းအတာနှင့် သူတော့ ထင်ရှားသောမြို့ တစ်မြို့ပင်။

   ရန်ကုန်၊ မန္တလေး ဆေးရုံကြီးများ ကဲ့သို့ ခေတ်မီပစ္စည်းများ အပြည့်အစုံ မရှိသေးသောကြောင့် တောင်သာမြို့နယ် ဆေးရုံမှာ သွေးလှူရှင် ရှိသော်လည်း သွေးများကို ကြိုတင်အလှူခံပြီး သိုမှီး သိမ်းဆည်းထားနိုင်စွမ်း မရှိပါ။ ထို့ကြောင့်လည်း သွေးလိုသော အရေးပေါ် လူနာ ရောက်လာသော အခါတွင်မှ ဦးရေများများ သွေးလှူလေ့ရှိသော စာရေးသူတို့ ကျောင်းတိုက်နှင့် မြို့နယ် မီးသတ် တပ်ဖွဲ
သို့ သွေးအလှူလာခံလေ့ ရှိသည်။

      ကျောင်းတိုက်မှ ၀ါတော်အကြီးဆုံး စာချ ဆရာတော်ဖြစ်သော ဆရာတော် ဦးနန္ဒောဘာသ၏ နည်းပေး လမ်းပြမှုကြောင့် စာရေးသူတို့သည်လည်း (၁၈) နှစ်သားအရွယ်မှ စတင် သွေးလှူခဲ့ရာ ယခုဆိုလျှင် အကြိမ်ပေါင်း (၃၉) ကြိမ် ရှိခဲ့လေပြီ။ သွေးလှူတတ်ရန် နည်းပေးလမ်းပြ အားပေး တိုက်တွန်းခဲ့သော ဆရာတော်၏ ကျေးဇူးကို ဘယ်သောအခါမှ မေ့နိုင်စွမ်းရှိမည် မဟုတ်ပါ။
ဆရာတော် ကိုယ်တိုင်လည်း အကြိမ် (၂၀) ကျော် သွေးလှူခဲ့ပြီး ကျန်းမာရေးကြောင့် နောက်ပိုင်း လှူခွင့်မရတော့ခြင်း ဖြစ်ကြောင်း သိရပါသည်။ နာရီဝက်ခန့် ရှိပြီဖြစ်သော်လည်း သွေးအလှူခံ လာသော မြင်းလှည်း ပြန်ထွက်သွားတာ မတွေ့ရသောကြောင့် သွေးအလှူရှင် မရသေးကြောင်းကို ထပ်ဆင့် သိလိုက်ရပြန်သည်။ သံဃာ (၇၀) ကျော်တွင် သွေးလှူနိုင်သော သံဃာ (၄၀) လောက် ရှိသောကြောင့် တစ်ပါးမဟုတ် တစ်ပါးတော့ ရရမည်ဟု စားရေးသူက တွက်ဆထားသည်။

    စာရေးသူ ချက်ချင်း ထမသွားခြင်းမှာ ပထမအကြိမ် လှူပြီးတာ လေးလ အတိအကျ မပြည့်သေးသောကြောင့်ပင်။ ကြာကြာ ၀ါးမည့်သွား အရိုးကြည့်ရှောင် ဟူသော စကားအတိုင်း အမြဲတမ်းသွေးလှူနေမည့် သူတစ်ယောက်အနေဖြင့် မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ရမည် ဆိုသည့် အသိတရားက လွှမ်းမိုးထားသောကြောင့်လည်း အခြား လေးလပြည့်ပြီးသူများကို မျှော်ကိုး၍ ချက်ချင်း ထမသွားခြင်းပါ။

သို့သော် နာရီဝက်ရှိသည်အထိ သွေးအလှူရှင် မရသေးဘူးဆိုတော့ လူနာအတွက် အသက် အန္တရာယ် စိုးရိမ်ရသည်။ ဒီလိုနေနေလို့ မဖြစ်တော့ ဟူသော အတွေးနှင့်အတူ စာရေးသူ ခြေလှမ်းများက ကျောင်းတံခါးပေါက်ဆီသို့ ဦးတည် လိုက်ပါသည်။ တံခါးပေါက်က ပွင့်နေပြီးသား၊ ဟုတ်တာပေါ့ ဆရာတော် ဦးနန္ဒောဘာသတော့ ခြောက်ဧကခန့် ကျယ်သော ကျောင်းတိုက် ၀င်းကြီးအတွင်း လှည့်ပတ်၍ သွေးလှူရှင် ရှာနေလောက်ပေပြီ။

ကျောင်းဆောင်ရှေ့အရောက်မှာပင် ကိုရင်ဣန္ဒ၀ံသကို အသင့်တွေ့လိုက်သည်နှင့်-
“ကိုရင်ဣန္ဒ၀ံသ သွေးလှူရှင် မရသေးဘူးတဲ့လား”
“မရတာမဟုတ်ဘူး သွေးလှူရှင် ကိုယ်တော်တွေက ဒီလူနာမျိုးကို သွေးမလှူချင်လို့ ရှာမရဖြစ်နေတာ”
“ဟာ……. ဘာဖြစ်လို့မလှူချင်ကြတာတဲ့လဲ”
“လူနာက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး ဆေးသောက်တာတဲ့၊ အဲဒါကြောင့် အသက် သေချင်လို့ သေကြောင်းကြံတဲ့လူနာကို အသက် ပြန်ရှင်အောင် လှူနေစရာ မလိုပါဘူးဆိုပြီး မလှူကြတာပေါ့”
“အဲဒီအယူအဆကို တပည့်တော် လက်မခံဘူး၊ အရှင်ဘုရားရော လက်ခံသလား ကိုရင်ဣန္ဒ၀ံသ”
“တပည့်တော်တော့ လက်ခံတယ်၊ ဒါကြောင့် တပည့်တော်လဲ လိုက်မလှူတာ”
“ဒါဆို အရှင်ဘုရားကို တစ်ခုမေးပါရစေ၊ တလောက ရပ်ကွက်ထဲ ရွှေပန်းတိမ် အိမ်တစ်အိမ်က လသားအရွယ် ကလေးလေး တစ်ယောက် ရွှေသန့်စင်တဲ့ ငရဲမီးတွေကို သောက်မိလို့ အသက်ဆုံးသွားရတယ်။ အဲဒီကလေးလေး သေသွားရတာ ငရဲမီးတွေ သောက်တဲ့ ကလေးရဲ့အပြစ်လား၊ ငရဲမီးကို ကလေးနဲ့ လွတ်ရာကျွတ်ရာမှာ မထားတဲ့ လူကြီး မိဘတွေရဲ့ အပြစ်လား”
“ကိုရင် ဇ၀နကလဲ ဒါကတော့ လူကြီးတွေရဲ့ အပြစ်ပေါ့ ဟိုလသား အရွယ်လေးကတော့ ဘာသိတာ မှတ်လို့”
“အဲဒါဆိုရင် အခုသေကြောင်းကြံတဲ့ လူနာကိစ္စမှာလဲ သေကြောင်းကြံတဲ့လူနာမှာ ဘာမှ အပြစ်မရှိဘူး၊ အရှင်ဘုရားတို့၊ တပည့်တော်တို့ သံဃာတွေနဲ့ မိဘတွေမှာပဲ အပြစ်ရှိတယ်”
“ဟောဗျာ… ကိုရင်ဇ၀န ကြည့်လဲလုပ်ဦး၊ ဘုန်းကြီးအမှု ရွာပတ်လို့သာ ကြားဖူးတယ်၊ အရှင်ဘုရားလုပ်မှ ရွာအမှု ဘုန်းကြီးပတ် ဖြစ်နေပါလား”
“ဒါလဲ ဖြစ်သင့်လို့ ဖြစ်တာလို့ပဲ မှတ်ကြရအောင်၊ အရှင်ဘုရား တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေးတစ်ခု ကြားဘူးလားမသိဘူး”
“ဆိုစမ်းပါဦး”
“ကွန်ဖြူးရှပ်က ပြောတယ်၊ သဘောထား မပြည့်ဝတဲ့သူဟာ သူတစ်ပါး အပြစ်ကိုပဲ မြင်လေ့ရှိတယ်။ သဘောထားပြည့်ဝတဲ့ သူကျတော့ ကိုယ့်ကိုယ်ပဲ အပြစ်မြင်တယ်၊ ပိုပြီး သဘောထား ပြည့်ဝတဲ့ သူကျတော့ ဘယ်သူ့ကိုမှ အပြစ် မမြင်တော့ဘူးတဲ့။ အဲဒီတော့ အရှင်ဘုရားတို့ တပည့်တော်တို့လဲ သဘောထား ပြည့်ဝတဲ့သူထဲ ပါအောင် ကိုယ့်အပြစ်ကိုယ်ပဲ ရှာကြည့်ကြရအောင်၊ အခု သေကြောင်းကြံတဲ့ ကိစ္စမှာ သေကြောင်းကြံတဲ့ လူနာဟာ ဘ၀တန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာတန်ဖိုး၊ ဘာသာအနှစ်သာရ ဘာမှမသိရှာဘူး၊ ဒါကြောင့် လူ့ဘ၀တစ်ခုကို လွယ်လွယ် ပြန်ရမယ်လို့ ထင်လို့သာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံတာပေါ့”

“ဒါကြောင့် သေကြောင်းကြံတဲ့ လူနာမှာ အပြစ်မရှိဘူးလို့ ပြောခဲ့တာပေါ့၊ သံဃာများနဲ့ မိဘများက ဘာ့ကြောင့် အပြစ်ရှိသလဲ ဆိုတော့ ဒီလူနာကို အခုလို သေကြောင်း မကြံစည်မီ အချိန်တုန်း ကတည်းက ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို သေသေချာချာ နားလည်အောင် ဗိုက်ထဲမှာ ဘုရားတည် မပေးမိတဲ့အတွက်ပဲ”
“ဘယ်လို၊ ဗိုက်ထဲမှာ ဘုရားတည်မပေးတဲ့အတွက် ဟုတ်လား”
“ဟုတ်တယ်၊ ဒါက တင်စားပြောတာပါ၊ အရှင်ဘုရား အချိန်ရရင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွေထဲ ၀င်ကြည့်၊ အလှူခံပုံးတွေမှာ ရေးထားတဲ့စာက ကလေးများဗိုက်ထဲ ဘုရားတည်ရန်တဲ့၊ ဘယ်လောက် ကောင်းလိုက်တဲ့ ရည်ရွယ်ချက်လဲလို့၊ အဓိပ္ပာယ်က နုနယ် ငယ်ရွယ်တဲ့ ကလေးဘ၀ ကတည်းက ဘာသာရေး အသိဉာဏ်တွေကို အပြည့်အ၀ သွင်းပေးထားရမယ် ဆိုတာပါပဲ။”

“ဒါကို အတုယူပြီး ဗုဒ္ဓဘာသာ ကလေးများကိုလဲ ငယ်ရွယ်စဉ်ကတည်းက ယဉ်ကျေးမှု ဘာသာရေး သင်တန်းတွေ အပြည့်အ၀ သင်ပေးနိုင်အောင် ဆရာဒကာ လက်တွဲပြီး သေသေချာချာ ကြိုးစား သင့်ကြပြီ။ မြေပြင်မှာတည်တဲ့ ဘုရားထက် ဗုဒ္ဓဘာသာ ကလေးငယ်တွေရဲ့ နှလုံးသားမှာ တည်တဲ့ ဘုရားက သာသနာအတွက် ပိုပြီး ကျေးဇူးများမယ် ဆိုတာကို အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာကျော် ဗောဓောဗုဓု ကျောက်စေတီကြီးက သက်သေပြနေပြီလေ”

“ကလေးတွေရဲ့ နှလုံးသားထဲမှာ တည်ထားတဲ့ ဘုရားမရှိတော့ အရင်တုန်းက ဗုဒ္ဓဘာသာဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား တစ်ပြည်လုံးဟာ အခု အချိန်မှာတော့ တခြားဘာသာတွေရဲ့ လက်ထဲ ရောက်ခဲ့ရပြီ မဟုတ်လား။ ဒီဘာသာခြားတွေရဲ့ အန္တရာယ်မျိုးကျတော့ မြေပြင်မှာ တည်ထားတဲ့ ဗောဓောဗုဓု ကျောက်စေတီကြီးက ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား”
“ကဲ တော်ပြီ စကားသိပ်ရှည်နေလို့ လူနာအသက် မမီဘူးဖြစ်နေဦးမယ်။ တပည့်တော်ကတော့ သွေးလဲလှူမယ်၊ ဘာသာရေး အသိဉာဏ် ဓမ္မကိုလဲလှူမယ်”

ပြောပြောဆိုဆိုဖြင့် ထွက်ခဲ့ရာ သွေးအလှူခံလာသော မြင်းလှည်းနားသို့ ရောက်လာသည်နှင့် စိုးရိမ်တကြီးဖြင့် သွေးအလှူရှင်ကို စောင့်မျှော်နေသည့် အသက် (၅၀) အရွယ် ဒကာကြီးတစ်ဦးကို တွေ့လိုက်ရသည်။ စာရေးသူက-

“ဒကာကြီး သွေးအလှူရှင်ရပလား”
“မရသေးပါဘုရား”
“ဘယ်နှစ်ပုလင်းလဲ”
“တစ်ပုလင်းပါဘုရား”
“သွေးအမျိုးအစားကရော”
“ဘီသွေးပါဘုရား”

“ကဲ ဒါဆိုရင်သွားကြစို့၊ ကိုရင်ပဲလှူမယ်၊ တခြားစောင့်မနေနဲ့၊ ရမှာလဲမဟုတ်ဘူး၊ ကိုရင်ဣန္ဒ၀ံသ ဆရာတော် ဦးနန္ဒောဘာသကို လျှောက်လိုက်ပါ၊ သွေးလှူဖို့ တပည့်တော် လိုက်သွားပြီလို့”
ကျောင်းနှင့် တစ်မိုင်သာသာခန့် ဝေးသော ဆေးရုံဆီသို့ မြင်းလှည်း မောင်းထွက်လာသည်နှင့် စာရေးသူက မျက်နှာတွင် ညှိုးရော် ကြေကွဲရိပ် ထင်နေသည့် ဒကာကြီးအား တစ်ချက် မေးကြည့်လိုက်သည်။

“ဒကာကြီး လူနာက ဘယ်လိုဖြစ်တာတုံး၊ နည်းနည်းလောက် ပြောပြပါလား”
“မှန်ပါ၊ ပြောပြပါမယ်ဘုရား၊ တပည့်တော်တို့က တောကပါဘုရား၊ သမီးလေးကို စာတတ်ပေတတ် ဖြစ်စေချင်လို့ မြို့ပေါ်က သူ့ဦးလေးအိမ်မှာ နေစေပြီး ကျောင်းတက်ခိုင်းပါတယ် ဘုရား။ အဲဒါ ဒီနှစ်ဆယ်တန်း စာမေးပွဲကျတော့ စာမကြိုးစားဘဲ အပျော်အပါးနဲ့ အချိန်ကုန်နေလို့ ဖြစ်မှာပဲလို့ ထင်ပြီး လူရှေ့သူရှေ့မှာ ရိုက်နှက် ဆုံးမမိပါတယ် ဘုရား။ အဲဒါ သမီးလေးက အရှက်ရပြီး ဘာမီတွန် ဆေးပြားတွေကို တစ်ပုလင်းလုံး သောက်ပစ်လိုက်တာပါပဲ ဘုရား”

“တပည့်တော်တို့ သိတဲ့အချိန်ကျတော့ ပါးစပ်က အမြှုပ်တွေတောင် ထွက်နေပြီ။ ဒါနဲ့ ဆေးရုံကို ချက်ချင်း ပြေးလာကြတာပါပဲ ဘုရား၊ ဆေးရုံက သွေးလိုတယ်၊ သွေးသွင်း ကုရမယ်လို့ ဆိုတာနဲ့ အရှင်ဘုရားတို့ ကျောင်းကို သွေးအလှူခံ ရောက်လာခဲ့တာပါ။ နောက်မှ သိရတာက သမီးလေး စာမေးပွဲကျတာ အပျော်အပါးကြောင့် မဟုတ်ဘဲ စာမေးပွဲဖြေခါနီး ကပ်ပြီး နေမကောင်းလို့တဲ့ ဘုရား၊ မစူးစမ်း မဆင်ခြင်ဘဲ လူရှေ့သူရှေ့မှာ ရိုက်နက်ဆုံးမတဲ့ တပည့်တော်ရဲ့ အပြစ်ပါပဲဘုရား”
ပြောနေရင်းပင် ဒကာကြီး၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်ကို တွေ့လိုက်ရသဖြင့် စကားလမ်းကြောင်းကို တစ်နေရာသို့ ပြောင်းပေးလိုက်ရသည်။

“အဆိုးထဲက အကောင်းပေါ့ ဒကာကြီးရယ်။ နောက် သားသမီးတွေ ဆုံးမတဲ့အခါ ဒီလို မဖြစ်ဖို့အတွက် သင်ခန်းစာယူရမှာပေါ့၊ စိတ်ပညာ ကျမ်းတွေရဲ့ အဆိုအရ လူဟာ ကိုယ့်ကိုယ်ကို အထင်အကြီးဆုံးပဲတဲ့၊ ကလေးသူငယ်တွေရဲ့ တလူလူ တက်နေတဲ့အညွန့်ကို မိဘဆရာတွေက ချိုးမိသလိုမဖြစ်အောင် အမြဲတမ်း ဂရုစိုက်ကြရမယ်၊ ဒါကြောင့် ရှေးဆရာများကမိမိတပည့် သားသမီးကို ဆုံးမတာတောင် အဆုံးမတတ်ဖို့အတွက် နည်းလမ်းလေးတွေ ပေးထားတယ်”

“တရံတဆစ်၊ အပြစ်အနာ
တွေ့သောခါဝယ်၊ ကွယ်ရာခေါ်၍
ဆုံးမလေ့၏။ သူ့ရှေ့သူ့မှောက်
ပွဲပြင်ရောက်သော်၊ မြှောက်မြှောက်စားစား၊
သားအားပိုက်ဖြူး၊ မိဘကျူးသို့၊
ကျေးဇူးကိုသာ၊ ရှာ၍ချည်းဆို။”

   “အဓိပ္ပာယ်က တပည့်သားသမီးကို အပြစ်ပြောပြီး ဆုံးမစရာရှိရင် ကွယ်ရာမှာခေါ်ပြီး တိုးတိုး တိတ်တိတ် ဆုံးမပါတဲ့၊ လူ့ရှေ့သူ့ရှေ့မှာ ဆိုရင်တော့ တပည့်သားသမီးရဲ့ ကောင်းကွက်ကိုသာ ရှာပြီး ချီးမွမ်းပါတဲ့၊ မိဘဆရာတွေအတွက် မှတ်သားစရာပေါ့ ဒကာကြီး”
“အရင်ကသာ ဒီနည်းလမ်းလေး သိထားရင် တပည့်တော် သမီးလေး ဒီအဖြစ်ဆိုးမျိုး ဘယ်ကြုံရမှာတုံး ဘုရား”
ဘယ်လိုပင် စကားလမ်းကြောင်း ပြောင်းပေးသော်လည်း ဒကာကြီး၏ မျက်ရည်တို့က ဘယ်လိုမှ စဲမသွားခဲ့ပါ။ သို့နှင့်ပင် ဆေးရုံဝင်းထဲသို့ မြင်းလှည်း ရောက်သည်နှင့် စာရေးသူက သွေးဖောက် သော အခန်းထဲ ခပ်သွက်သွက် ၀င်သွားလိုက်သည်။ သွေးဖောက်နေဆဲ အချိန်မှာလည်း အာနိသင်ပိုရှိရန် သွေးက ဆေးကဲ့သို့ အစွမ်းထက်ရန် လူနာသို့မှန်းပြီး မေတ္တာပို့နေလိုက်သည်။
သွေးဖောက်ပြီးသည်နှင့် စောစောက ဒကာကြီး အခန်းထဲသို့ ၀င်လာကာ-

    “အရှင်ဘုရား သမီးလေးအဖြစ်က သေမယ် ရှင်မယ်ဆိုတာ တပ်အပ်သေချာ မပြောနိုင်တော့ ဖြစ်နိုင်ရင် လူနာဆောင်ထဲ ခေတ္တကြွပြီး သိသင့် သိထိုက်တဲ့ တရားလေးများကို ဟောကြားပေးပါဘုရား”
စာရေးသူ ခေါင်းညိမ့်ပြပြီး လူနာရှင် ဒကာကြီးနှင့်အတူ သွားလိုက်သည်။ လူနာဆောင်ထဲ ရောက်တော့ စာရေးသူထံမှ ထုတ်ယူသွားသော သွေးများကို လူနာအား ချက်ချင်း ပြန်သွင်းပေနေသည်ကို တွေ့ရသည်။ ထူးခြားသော မြင်ကွင်းက စာရေးသူမျက်စိထဲမှ မထွက်၊ သေလုမြောပါး ဝေဒနာ ခံစားနေရသော်လည်း လူနာမိန်းကလေး၏ မျက်နှာက တင်းမာ ခက်ထန်သယောင် ရှိနေသည်။

    စကားကတော့ မပြောနိုင်ရှာတော့ပါ။ သွေးလှူရှင် ကိုရင်ကြွလာသည်ဟု မိဘများက ပြောလိုက်သည်နှင့် မျက်လုံးကိုတော့ အားယူပြီး ဖွင့်ကြည့်လိုက်သည်ကို တွေ့ရသည်။ အချိန်က သိပ်တန်ဖိုးရှိနေသည်။ စာရေးသူက အချိန်မဆွဲတော့၊ လူနာအား ခေတ္တစိုက်ပြီး စိတ်ထဲမှ မေတ္တာပို့လိုက်ပြီးနောက် လူ့ဘ၀အပါအ၀င် ရခဲခြင်းတရားငါးပါး၊ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရ။
ထို့နောက် ပုထုဇဉ်တိုင်း အားကိုး အားထားပြုရမည့် အပါယ်မလားစေသော ကုသိုလ်များ၊ သေခါနီးတွင် ဂတိကောင်းရန် စိတ်ထားပုံမှစ၍ တစ်နာရီခန့်ကြာအောင် တရားအလှူကို ပေးလှူလိုက်ပါသည်။ တရားအဆုံးတွင် လူနာရှင်များရော၊ ဆေးရုံဝန်ထမ်းများပါ အားလုံး ၀မ်းသာအားရ သာဓုခေါ်ကြသည်။ ထူးခြားသည်က ဒေါသအရှိန်ဖြင့် တင်းမာသယောင် ရှိနေသော ဆယ်တန်း ကျောင်းသူလေး၏ မျက်နှာမှာ နူးညံ့ ပျော့ပျောင်းလာပြီး လက်အုပ်ချီ ကန်တော့ချင် သည့် အမူအရာကို ပြသဖြင့် မိဘများက သူမ၏လက်ကို လက်အုပ်ချီပြီး ရင်ဘတ်ပေါ် တင်ပေးလိုက်ကြခြင်းပင်။

      မျက်စိကို အားယူဖွင့်ရင်း စာရေးသူကို ကန်တော့ရင်းကပင် ၀မ်းသာ ကြည်နူးနေသော မျက်နှာအသွင်မှ တစ်ဖန် ၀မ်းနည်း ကြေကွဲသော မျက်နှာသို့ ချက်ချင်း ပြောင်းသွားပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာကြသည်။
အမူအရာဖြင့်သာ ပြောပြနိုင်ရှာသော ဆယ်တန်း ကျောင်းသူလေး၏ စကားကို စာရေးသူ ဘယ်လိုမှ နားမလည်နိုင်ခဲ့။ သူမပြောပြလိုသော စကားများ၏ အဓိပ္ပာယ်ကို နောက်သုံးရက်ကြာမှ သိရသည်။ လူနာရှင် ဒကာကြီး ကျောင်းသို့ရောက်လာပြီး-

“အရှင်ဘုရား တပည့်တော် သမီလေး ဆုံးသွားပါပြီ ဘုရား၊သက်သာသလိုတော့ ဖြစ်သွားသေး တယ်ဘုရား၊ အဲဒီအချိန်လေးမှာ မနည်း အားယူပြီး အရှင်ဘုရားကို လျှောက်ခိုင်းတာလေးလဲရှိလို့ လာလျှောက်တာပါဘုရား၊ သမီးလေး ပြောသွားတာကတော့ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀ အနှစ်သာရ၊ ဘာသာအနှစ်သာရကို မသေခင်မှာ သိသွားရလို့ သူသိပ်ပြီး ၀မ်းသာပါသတဲ့ဘုရား။”

  “အရှင်ဘုရားကိုလဲ သွေးတင်မကတရားပါ လှူတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းကို သေချာ လျှောက်ထားခိုင်းပါတယ်၊ တရားဆုံးတဲ့နောက် သူ့မျက်နှာ ကြည်လင်သွားတာက မသေခင်မှာ သိသင့်သိထိုက်တဲ့ တရားကို သိရလို့ပါတဲ့။ သူ့မျက်နှာ ညှိုးသွားပြီး မျက်ရည်ကျတာကိုလဲ တစ်မျိုး မထင်ပါနဲ့တဲ့၊ အဲဒါကတော့ ရခဲတဲ့လူ့ဘ၀ထဲကနေ ဘ၀အနှစ်သာရ ဘာတစ်ခုမှ ထုတ်မယူနိုင် တော့တဲ့ အတွက် ၀မ်းနည်းပြီး ငိုမိတာပါတဲ့ဘုရား”
ဟု လျှောက်ထားသွားရာ ဒကာကြီး၏ လျှောက်ထားသံက နားထဲကမထွက်။ သြော်- ဆယ်တန်း ကျောင်းသူလေးကား ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကို မျက်ရည်ကျပြီးမှ သိသွားတာပါလား၊ ကျန်သောဒကာ၊ ဒကာမများ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘာသာအနှစ်သာရကို ဆယ်တန်း ကျောင်းသူလေးကဲ့သို့ မျက်ရည်ကျပြီး မသိစေချင်ပါ၊ မျက်ရည်မကျခင် ကပင် ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကို သိစေချင်လှပါသည်။
ထို့ကြောင့်လည်း ဤကျမ်းစာကို “မျက်ရည်မကျခင် သိစေချင်” ဟု အမည်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါသည်။
ချမ်းသာကိုယ်စိတ်မြဲကြပါစေ။

မေတ္တာရှင် (ရွှေပြည်သာ)
ဆရာတော် အရှင်ဇ၀န
မန္တလေးကျောင်းတိုက်
(၆)ရပ်ကွက်၊ ရွှေပြည်သာ၊ ရန်ကုန်။
မှတ်ချက်။ ။ (ဖော်ဝတ်မေလ်း) အား ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
 http://www.wiradhamma.blogspot.com/2012/05/blog-post_14.html

 စာအုပ်Download ရယူရန်
လူဘဝ၏တန်ဖို ကို သိနိုင်ကြပါစေ။
                                   လေးစားစွာဖြင့်  ...  မောင်မြင့်

ကွာရှင်းဟိုတယ်


ကွာရှင်းဟိုတယ် (from Nine Nine SaNay by နိုင်းနိုင်းစနေ)


စာရေးဆရာမနိုင်းနိုင်းစနေ ရဲ့ blog လေးပါ ဒီ blog လေးက တော်တော်ကောင်းလို့ share လိုက်ပါတယ် ကျွန်တော်ကတော့ ဒီ blog လေးကိုဖတ်ပြီး တော်တော်ခံစားလိုက်ရတယ် စာဖတ် ပရိသတ်လည်း ကျွန်တော့်အတိုင်းဘဲခံစားရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကဲ... ခံစားကြည့်လိုက်ပါဦးနော်။
သူနဲ့သူမ
မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ
ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။
အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ ဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။
သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့
သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို
ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့
သူထင်ခဲ့တယ်။
အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက်
ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို
သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။
ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။
နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။
ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို
သူတစ်ချက်ကြည့်ပြီး....
"မိုးတောင်ချုပ်နေပြီ။ ငါတို့ညစာအတူသွားစားရအောင်"
"ကောင်းပြီလေ... "ကွာရှင်းဟိုတယ် (Divorce hotel)" ဆိုတဲ့ စားသောက်ဆိုင်အသစ်ဖွင့်ထားတယ်လို့ ကြားတယ်။ အဲဒီ"ကွာရှင်းဟိုတယ်"က ကွာရှင်းပြတ်စဲပြီးစ
ဇနီးမောင်နှံတွေ နောက်ဆုံးတစ်နပ်အတွက် သီးသန့်ဖွင့်ထားတဲ့ ဟိုတယ်ပါတဲ့။
အဲဒီမှာ သွားစားရအောင်" သူ့ကိုတစ်ချက်ကြည့်ပြီး သူမပြောတယ်။
သူခေါင်းညိတ်ပြီး နှစ်ဦးသားနှုတ်ဆိတ်လို့ ဟိုတယ်ထဲ ရှေ့ဆင့်နောက်ဆင့် ၀င်သွားကြတယ်။
"ကောင်းသော ညနေခင်းပါ"
အခန်းထဲထိုင်လိုက်တာနဲ့ ဟိုတယ်ဝန်ထမ်းက ရောက်လာတယ်။
"ဘာများ သုံးဆောင်ကြမလဲရှင်?"
"မင်း မှာကွာ" သူမကို ကြည့်ပြီး သူပြောလိုက်တယ်။
"ကျွန်မ အပြင်သိပ်မထွက်တော့ ဒါတွေကို မသိဘူး။ ရှင်ပဲ မှာပါ" သူမခေါင်းခါပြီး ပြောတယ်။
"ဆောရီး..... ကျွန်မတို့ ကွာရှင်းဟိုတယ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ဒီညစာကို
မိန်းမဖြစ်သူက ယောက်ျားကြိုက်တတ်တာတွေ မှာပေးရသလို ယောက်ျားဖြစ်သူကလည်း
မိန်းမကြိုက်တတ်တာတွေကို မှာပေးရပါတယ်။ ဒါကို "နောက်ဆုံးအမှတ်တရ" လို့
ခေါ်ပါတယ်"
"ကောင်းပြီလေ" ဆံပင်ကို သူမသပ်တင်ပြီး ဟင်းတွေမှာလိုက်တယ်။
"ငါးပေါင်းတစ်ပွဲ၊ မှိုကြော်တစ်ပွဲ၊ မှိုနားရွက်သုပ်တစ်ပွဲ.. ဒီဟင်းတွေအားလုံး ဂျင်း၊
ကြက်သွန်နီ၊ ကြက်သွန်ဖြု မထည့်နဲ့နော်။ ကျွန်မအမျိုးသား....အော်..
ဒီအမျိုးသားက အဲတာတွေမစားဘူး"
"လူကြီးမင်းကရော ဘာမှမလဲ?" ၀န်ထမ်းက သူ့ကိုကြည့်ပြီး မေးတယ်။
တခဏလောက် သူငေးကြောင်သွားမိတယ်။ လက်ထပ်ပြီး (၁၀)နှစ်မှာ
ကိုယ့်မိန်းမဘာကြိုက်တတ်မှန်း သူမသိခဲ့ဘူး။ ပါးစပ်ကြီးဟပြီး
သူဘာပြောရမှန်း မသိဖြစ်နေခဲ့တယ်။
"ဒါတွေပဲ လုပ်ပါ။ အဲဒီဟင်းက ကျွန်မတို့နှစ်ယောက်စလုံးကြိုက်တဲ့ ဟင်းပါ" သူ့အဖြစ်ကို သူမက အလျင်အမြန် ၀င်ကယ်တယ်။
ဝန်ထမ်းကောင်မလေးက ရယ်ပြီး "တကယ်တမ်းပြောရရင် ကျွန်မတို့ ကွာရှင်းဟိုတယ်ကို နောက်ဆုံးအကြိမ် ညစာလာစားကြတဲ့ ဇနီးမောင်နှံတွေက ဘာမှ စားချင်စိတ်ရှိကြတော့တာ မဟုတ်ဘူး။
ဒါကြောင့် ဒီ"နောက်ဆုံးအမှတ်တရ" ကို မစားကြတော့ဘဲ ကျွန်မတို့ဟိုတယ်က
ကွာရှင်းသူတွေအတွက် အထူးစီမံထားတဲ့အအေးကိုပဲ သောက်ကြရအောင်၊
ကျွန်မတို့ဟိုတယ်ကို ရောက်လာသူတိုင်းက ဒါကို မငြင်းဘဲ မှာကြတယ်"
"အင်း.. ဒါဆိုလည်း အအေးပဲ မှာကြတာပေါ့" သူတို့နှစ်ဦးစလုံး ခေါင်းညိတ်ပြီး ပြောတယ်။
သိပ်မကြာဘူး။ ၀န်ထမ်းကောင်မလေးက အအေးနှစ်ခွက်လာပို့တယ်။ တစ်ခွက်က ရေခဲပါတဲ့
အပြာနုရောင်အရည်ဖြစ်ပြီး တစ်ခွက်က အငွေ့ထောင်းထောင်းထနေတဲ့
အနီရောင်အရည်ဖြစ်တယ်။
"ဒီအအေးတွေကို "မီးတောက်တစ်ဝက်၊ ပင်လယ်ရေတစ်ဝက်" လို့ခေါ်တယ်။ သုံးဆောင်နိုင်ပါပြီ"
ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို နေရာကခွာတယ်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ နှစ်ယောက်သား
မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြတယ်။
"တောက်... တောက်.. တောက်"
တံခါးခေါက်သံနဲ့အတူ ၀န်ထမ်းကောင်မလေး ၀င်လာပြန်တယ်။
"လူကြီးမင်း... သူ့ကို ပထမဆုံးအကြိမ် ပန်းစည်းလက်ဆောင်ပေးတဲ့အဖြစ်ကို မှတ်မိသေးလား? အခု
အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ လင်မယား မဟုတ်တော့လည်း
သူငယ်ချင်းမိတ်ဆွေအဖြစ် အသိအမှတ်ပြုလို့ရတယ်။ သူ့ကို နှင်းဆီတစ်ပွင့်
လက်ဆောင်ပေးလိုက်ပါဦး"
သူမတစ်ကိုယ်လုံး တုန်လှုပ်သွားမိတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က သူပန်းစည်းပေးတဲ့ ပုံရိပ်တွေကို သူမမြင်ယောင်လာမိတယ်။
အဲဒီတုန်းက ဆွေမရှိ၊ မျိုးမရှိတဲ့ သူစိမ်းမြို့မှာ သူတို့ဘာမှမရှိခဲ့ဘူး။
အရာအားလုံး သုညကစခဲ့ကြတယ်။ နေ့လယ်နေ့ခင်းမှာ နေရာအနှံ့
သူတို့အလုပ်လိုက်ရှာကြတယ်။ ရုန်းကန်ကြတယ်။ ညအခါ ညဈေးမှာ
သူမဈေးရောင်းထွက်သလို သူက စားသောက်ဆိုင်မှာ ပန်းကန်ဆေးတယ်။
ညနက်သန်းခေါင်ရောက်မှ ငှားနေတဲ့ ၁၀ပေပတ်လည် အခန်းကျဉ်းထဲ
သူတို့ပြန်ခဲ့ကြတယ်။ နေ့ရက်တွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း
ဖြတ်ကျော်ခဲ့ရလည်း သူတို့ပျော်ရွှင်ခဲ့ကြတယ်။
အဲဒီမြို့ကိုရောက်တဲ့ ပထမဆုံးအကြိမ် ချစ်သူများနေ့မှာ သူမအတွက် သူ ပထမဆုံးအကြိမ်
နှင်းဆီအနီရဲရဲတစ်ပွင့် လက်ဆောင်ပေးတယ်။ သူမ မျက်ရည်ကျအောင်
ပျော်ရွှင်ခဲ့မိတယ်။
(၁၀)နှစ်တိုင်ခဲ့ပါပြီ။ သူတို့ဘ၀ အရာအားလုံး ပြည့်စုံလာချိန် လမ်းခွတစ်နေရာမှာ သူတို့ရောက်နေခဲ့တယ်။ အတိတ်ကအကြောင်းတွေ
တွေးရင်း သူမ မျက်ရည်ကျမိတယ်။
"မလိုတော့ပါဘူး..." လက်ကာပြပြီး သူမပြောတယ်။
လွန်ခဲ့တဲ့(၁၀)နှစ်အဖြစ်ကို သူလည်း မြင်ယောင်နေမိတယ်။ သူမအတွက် နှင်းဆီပန်းမပေးမိတာ ၅နှစ်၊ ၆နှစ်ရှိခဲ့မှန်း အခုမှ သူသတိရတယ်။
"လိုတယ်.. ပန်းယူမယ်" လက်ပြပြီး သူပြောတယ်။
ဝန်ထမ်းကောင်မလေးက နှင်းဆီတစ်ပွင့်ကိုယူပြီး နှစ်ပိုင်းခွဲလိုက်တယ်။ ပြီးနောက်
ပွင့်ဖပ်တွေကို သူတို့ရဲ့အအေးခွက်ထဲ ပစ်ထည့်လိုက်တယ်။ ပွင့်ဖပ်တွေက
အအေးထဲပျော်ဝင်ကုန်တယ်။
"ဒီနှင်းဆီပွင့်က ကျွန်မတို့ ဟိုတယ်က ကောက်ညှင်းနဲ့ အထူးပြုလုပ်ထားတဲ့ နှင်းဆီတွေပါ။ ဒါဟာလည်း
လူကြီးမင်းတို့အတွက် တတိယမြောက် စားစရာတစ်ခုပါပဲ။ ဒါကို "ရောင်ပြန်အလှ"
လို့ခေါ်တယ်။ လူကြီးမင်းတို့ ဖြေးဖြေးသုံးဆောင်ကြပါ။ လိုအပ်ရင်
ကျွန်မကိုခေါ်လိုက်ပါ"
ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို လှည့်ထွက်သွားတယ်။
"xx...ဟို.... မောင် ......"
သူ့အသံတွေ လည်ချောင်းဝမှာ ပျောက်နေတယ်။ သူမလက်ကို သူဖမ်းဆုပ်လိုက်တယ်။ သူမလက်
လှုပ်သွားတယ်။ ဒါပေမယ့် မရုန်းမိဘူး။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်
မျက်နှာချင်းဆိုင်ကြည့်နေကြတယ်။ ဘာမှ မပြောဖြစ်ကြဘူး။
"ဖပ်"
ရုတ်တရက် မီးမှိတ်သွားတယ်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားတယ်။ အပြင်က
အရေးပေါ်ခေါင်းလောင်းသံ မြည်လာပြီး အခန်းထဲ မီးခိုတွေ လှိမ့်ဝင်လာတယ်။
"ဘာဖြစ်တာလဲ?"
နှစ်ယောက်လုံး အမြန်ထရပ်လိုက်ကြတယ်။
"ဟိုတယ် မီးလောင်နေတယ်ဗျို့။ အားလုံး လုံခြုံရေးလမ်းညွှန်ဘက် အမြန်သွားကြပါ"
အပြင်က အသံကုန်အော်ဟစ်သံကို ကြားလိုက်တယ်။
"မောင်.... ကျွန်မကြောက်တယ်!" သူ့ရင်ခွင်ထဲ သူမတိုးဝင်လိုက်တယ်။
"မကြောက်နဲ့... မောင်ရှိတယ်။ လာ... အပြင်ကို ထိုးထွက်ရအောင်" သူမကို တင်းတင်းပွေ့ပြီး သူပြောတယ်။
အပြင်ကိုရောက်တော့ အပြင်ကမီးရောင်နဲ့လင်းနေတာကို တွေ့လိုက်တယ်။ ဘာမှမဖြစ်ပျက်ခဲ့သလို
အရာတိုင်းက သူ့နေရာနဲ့သူရှိနေတယ်။ အဲဒီအချိန်မှာ
ဝန်ထမ်းကောင်မလေးရောက်လာပြီး...
"ဆောရီး... လူကြီးမင်းတို့ကို ထိတ်လန့်စေခဲ့ပြီ။ ဟိုတယ်ကြီး မီးမလောင်ပါဘူး။ အခန်းထဲ မီးခိုးတွေကို
တမင်လွတ်ခဲ့တာပါ။ ဒါဟာ ကျွန်မတို့ရဲ့ စတုတ္ထမြောက်ဟင်းပါပဲ။ ဒါကို "ရင်ထဲက
ရွေးချယ်ခြင်း" လို့ ခေါ်တယ်။ အခန်းထဲ ပြန်ဝင်နိုင်ပါပြီ"
အခန်းထဲ သူတို့ပြန်ဝင်လာခဲ့ကြတယ်။ အခန်းထဲမှာ ပကတိအတိုင်း မီးရောင်နဲ့လင်းနေတယ်။ သူမကို သူဆွဲပွေ့ပြီး...
"ဟန်နီ... ၀န်ထမ်းကောင်မလေး ပြောတာမှန်တယ်။ အခုနားက ဟန်နီနဲ့မောင်ရဲ့ တကယ့်ရင်ထဲက
ရွေးချယ်တာတွေဖြစ်တယ်။ တကယ်တော့ မောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်
မခွဲနိုင်ကြဘူး။ မနက်ဖြန် မောင်တို့မင်္ဂလာပြန်ဆောင်ကြရအောင်ကွာ"
"မောင် ဆန္ဒရှိလို့လား?" နုတ်ခမ်းကိုက်ပြီး သူမမေးတယ်။
"ဆန္ဒရှိတာပေါ့။ အခု ဘာမဆို မောင်နားလည်သဘောပေါက်လာပြီ ဟန်နီ။ မောင်တို့ မနက်ဖြန် အစောကြီး မင်္ဂလာဆောင်ရအောင်ကွာ။ ရှင်းမယ်ဟေ့...." ပြောပြောဆိုဆို
ဝန်ထမ်းကောင်မလေးကို သူလှမ်းအော်လိုက်တယ်။
ဝန်ထမ်းကောင်မလေးဝင်လာပြီး အနီရောင်ငွေတောင်းခံလွှာကို ကမ်းပေးတယ်။
"လူကြီးမင်းတို့နှစ်ယောက်အတွက် ဒါဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးလက်ဆောင်ပါ။ ဒါကို "ထာဝရတောင်းခံလွှာ" လို့ခေါ်တယ်။ နှစ်ယောက်လုံး ထာဝရသိမ်းထားပေးပါ"
စာရွက်ကို သူကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံလာတယ်။
"ဘာဖြစ်တာလဲ?" သူမ စိုးရိမ်တကြီးမေးတယ်။
"ဟန်နီ... မောင်မှားပါတယ်။ မောင်တောင်းပန်ပါတယ် ဟန်နီ" စာရွက်ကို ကမ်းပေးရင်း သူပြောတယ်။
စာရွက်ကို သူမကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက.......
နွေးထွေးတဲ့ မိသားစုတစ်စု
ကြိုးစားရုန်းကန်ခဲ့တဲ့ လက်တစ်စုံ
သင့်ပြန်အလာကို ညနက်သန်းခေါင်အထိစောင့်နေတဲ့ မငြိမ်းတဲ့မီးတစ်ပွင့်
ကျန်းမာရေးဂရုစိုက်ပါလို့ ၁၂ ရာသီလုံးမှာတဲ့စကား
အနှိုင်းမဲ့တဲ့ ဂရုစိုက်မှု
ယောက္ခမအတွက် အပြုအစု
ကလေးအတွက် မနက်မိုးချုပ်စောင့်ရှောက်မှု
သင်ကြိုက်တဲ့အစားအစာအတွက် အချက်အပြုတ်
သင့်အတွက် ဆုံးရှုံးလိုက်ရတဲ့ နုပျိုခြင်းတွေ....
ဒါဟာ သင့်ဇနီးမယားပဲဖြစ်တယ်။
"မောင်.... မောင်လည်း ပင်ပန်းပါတယ်။ ဒီနှစ်တွေမှာ မောင်ကို ကျွန်မ လျစ်လျူရှူမိခဲ့တယ်"
လက်ထဲကစာရွက်ကို သူမကမ်းပေးပြီး ပြောတယ်။ စာရွက်ကို သူကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက....
ယောက်ျားတစ်ယောက်ရဲ့တာဝန်
ကြီးလေးတဲ့တာဝန်ကို ပုခုံးနှစ်ဘက်နဲ့ ထမ်းထားတယ်
ညနက်သန်းခေါင်မှ ပင်ပင်ပန်းပန်းပြန်လာတယ်
စားဝတ်နေရေးအတွက် နေရာအနှံ့ပြေးလွှားရတယ်
ပြောမထွက်ခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ
မျက်နှာပေါ်က ရင့်ရော်ခြင်းတွေ
ခယ်မ၊ ယောက္ခမတွေအတွက် တာဝန်တွေ
ကျရှုံးခြင်း၊ ဆုံးရှုံးခြင်းနဲ့ ရုန်းကန်မှုတွေ
မိသားစုအတွက်၊ သားသမီးအတွက် မေတ္တာတွေ....
ဒါဟာ သင့်ခင်ပွန်းပဲဖြစ်တယ်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး သူတို့ငိုမိကြတယ်။ ငွေရှင်းပြီး
ဟိုတယ်မန်နေဂျာကို သူတို့ကျေးဇူးတင် စကားပြောကြတယ်။ အဲဒီနောက်
တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ဟိုတယ်က သူတို့ထွက်ခဲ့ကြတယ်။
ပျော်ရွှင်သွားကြတဲ့ သူတို့နောက်ကျောပုံရိပ်ကိုကြည့်ပြီး ဟိုတယ်မန်နေဂျာ ခေါင်းတဆတ်ဆတ်ညိတ်နေတယ်။
"သိပ်ပျော်စရာကောင်းတာပဲ။ ကျွန်တော်တို့ ကွာရှင်းဟိုတယ်က မိသားစုတစ်စုကို ကယ်တင်လိုက်ပြန်ပြီ

မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း


ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းတွင်မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း



      ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါ သည်။
 
       ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း



သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်

      စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်းပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)

ကိုယ့်ရဲ့ အရည်အချင်းကို သင်ပြန်ဆန်းစစ်ကြည့်ဘူးလား


*** သူငယ်ချင်းတို့ရေ မင်္ဂလာပါခင်ဗျာ...
တစ်နေ့…. ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်.. ၀ယ်ရင်းနဲ့ ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကိုခွင့်တောင်းတယ်.. ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း သို့သော် တစ်ခေါက်တော့ ခေါ်ခွင့်ပြု မည်ဖြစ်ကြောင်း ပြန်ပြောပါတယ်.. ဆိုင်ရှင်က ကောင်လေးဖုန်းပြောသံကို နားထောင်နေတယ်.. ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံရတယ်.. ” အဒေါ်ခင်ဗျား.. အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကိုပေးပါလားခင်ဗျာ…“ တစ်ဘက်က ပြန်ပြောတယ်.. ” တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်…” ” အဒေါ်ရယ် ..ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး ရိတ်ပေးပါမယ်.. ဈေးကိုလဲ အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ဈေးနှုန်းရဲ့ တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်..” တစ်ဘက်ကလဲ ပြန်ဖြေပါတယ်… အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ သူ့ စိတ်တိုင်းကျ လုပ်ပေးပြီးသား သူကျေနပ်ပြီးသားဖြစ်ပါတယ်တဲ့… ဒီတစ်ခါတော့ ကောင်လေးက ပိုပြီး ချိုသာ အောက်ကျို့တဲ့လေသံနဲ့ “အဒေါ်ရယ်….. ကျွန်တော် အဒေါ့်ခြံကို မြက်လဲရိတ်ပေးမဲ့အပြင် တစ်ခြံလုံးကို တံမြက်စည်း လှည်းပေးပါ့မယ်.. လမ်းတွေကိုလဲ သန့်ရှင်းရေးလဲ လုပ်ပေးပါ့မယ်.. ဒီလိုဆို နောက် တစ်ပတ် တနင်္ဂနွေနေ့ရောက်ရင် အဒေါ့်ခြံဟာ ဒီတစ်နယ်လုံးမှာ ဘယ်သူမှ မမှီတဲ့ အလှဆုံးနဲ့ အသန့်ရှင်း အသပ်ရပ်ဆုံး ခြံတစ်ခုဖြစ်လာမှာပါ… ကျွန်တော့ ကို အလုပ်ခန့်ပါ အဒေါ်ရယ်..” တစ်ဘက်ကလဲ အလုပ်မခန့်ကြောင်းကိုသာ ပြန်ပြောပါတယ်.. ကောင်လေးက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးတော့ ဖုန်းကိုချလိုက်ပါတယ်… ကောင်လေးရဲ့ ဖုန်းပြောသံကို အစအဆုံး နားထောင်နေတဲ့ ဆိုင်ရှင်က ကောင်လေးဆီ လျှောက်လာပြီး “ကောင်လေး ..ဦးက မင်းရဲ့စိတ်ထားလေးကို သဘောကျတယ်… မင်းရဲ့ အကောင်းဆုံး လုပ်ပေးချင် တတ်တဲ့ သဘောထားကို လေးစားတယ်… ဒါကြောင့် ဦးလေး မင်းကို အလုပ်တစ်ခုခု ပေးချင်တယ်.. မင်း ဘယ်လို သဘောရလဲ “ “ကျေးဇူးတင်ပါတယ် ဦးလေးရယ်.. ကျွန်တော့ အတွက် အလုပ်မလိုပါဘူး… ကျွန်တော် လုပ်ပေးလိုက်တဲ့ အလုပ်ကို အလုပ်ရှင်က ကျေနပ်မှုရှိမရှိ ကျွန်တော် ပြန်ဆန်းစစ် ကြည့်တာပါ… ခုနက ကျွန်တော်နဲ့ ဖုန်းပြောတဲ့ အဒေါ်ကြီးက ကျွန်တော် အခု အလုပ် လုပ်ပေးနေတဲ့ အလုပ်ရှင်ပါ..” xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ဇာတ်လမ်းလေးကတော့ ဒီလောက်ပါဘဲရှင်… ဇာတ်လမ်းလေးဖတ်ပြီးတော့ မဆုံးနိုင်တဲ့ အတွေးတစ်စကို ရလိုက်မိတယ်… ကျွန်မတို့ကရော ကိုယ်လုပ်နေတဲ့ အလုပ်ကို ဒါ ပြီးသွားရင် ငါ့တာဝန် ကျေပြီ… လို့ဘဲ လွယ်လွယ်ကူကူ သတ်မှတ်လိုက်ကြတယ်.. ကိုယ် လုပ်ပေးလိုက်တဲ့ အလုပ်ကို တစ်ဘက်လူက ကျေနပ် နှစ်သက်မှု အပြည့်အ၀ရှိရဲ့လား ဆိုတာကိုတော့ မြက်ရိတ်သမားလေးလို ပြန်လည်ဆန်းစစ်ဖို့ ဘယ်သူကမှ သတိရကြမယ် မထင်ဘူးနော်…

  သူငယ်ချင်းတို့ဖက်စေချင်တာနဲ့ တဆင့်ကူးယူတင်ပြပေးလိုက်တာပါ..............
..............အားလုံးကိုလေးစားလျှက်..........................ဇွဲကိုကို

လွယ်ကူစွာစားလျှင် အသက်တိုမည်

သတင်းစာများ၌ နာရေးကြော်ငြာများ ကြည့်လျှင် အသက် ၅၀ ဝန်းကျင်နှင့် သေဆုံးသူတွေ များနေကြောင်း တွေ့ရပါမည်။ ထိုသူများမှာလည်း ဝန်ထမ်းများနှင့် စီးပွားရေး လုပ်ငန်းလုပ်သူများ ဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ အလုပ်တာဝန်များစွာ တာဝန်ယူ ထမ်းဆောင်နေရင်း သက်တမ်းမစေ့မီ သေကြရသဖြင့် သတင်းစာပေါ်တွင် များစွာသော ဝမ်းနည်းကြောင်း သဝဏ်လွှာများကိုလည်း ဖတ်ရှုနေကြရပါသည်။ အလုပ်တာဝန် များသူများမှာ အလုပ်ပြီး အလုပ်ဆက်နေသဖြင့် စားချိန်မမှန်၊ အိပ်ချိန်မမှန် အနားယူချိန် မရှိကြသည်က များပါသည်။ စားဖို့ အချိန်မပေးနိုင်သော အခါ လွယ်ကူစာများကိုသာ နေ့စဉ် စားသုံးကြသဖြင့် ရောဂါရခြင်း၊ အသက်တိုရခြင်း ဖြစ်နိုင်သည်။ “လွယ်ကူစာ” ဆိုသည်မှာ အချိန်တိုအတွင်း မချက်မပြုတ်ရဘဲ စားနိုင်သော အစာဖြစ်သည်။ ဈေးဝယ်ထွက်ရန် မလို၊ ရေနှင့် ဆေးကြောသန့်စင်ရန် မလို၊ မီးဖိုချောင်ဝင်ပြီး အလုပ်ရှုပ်စရာ မလိုဘဲ လွယ်လွယ်ကူကူ ရေနွေးဓာတ်ဘူး တစ်လုံးရှိရုံဖြင့် ရနိုင်သော အစာများဖြစ်သည်။ အရပ်စကား “သုံးမိနစ်ပဲစောင့်” ဆိုသော အစာမျိုးဖြစ်သည်။ ထိုအစားအသောက်မျိုးတွင် အလွယ်တကူ ရနိုင်သော အစာဖြစ်သဖြင့် “လွယ်ကူစာ” ဟု စာရေးသူက အမည်တပ်လိုက်ခြင်း ဖြစ်ပါသည်။ အမှန်တော့ လွယ်ကူစာ မှန်သမျှကို ရောင်းချသူများ၏ စီးပွားရေးကို ထိခိုက်စေလို၍ မဟုတ်ပါ။ အမှုမဲ့၊ အမှတ်မဲ့ စားသောက်နေသူများတွင် ရရှိနိုင်သော ဘေးအန္တရာယ် ဆိုးကျိုးများကို ကျန်းမာရေး ရှုထောင့်မှ အမြင်ဖြင့် တင်ပြရန် တာဝန်ရှိသည်ထင်၍ ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ အမှန်တော့ လွယ်ကူစာ မှန်သမျှကို တီထွင် ထုတ်လုပ်သူများမှာ မြန်မာပြည်မှ မဟုတ်။ အိမ်နီးချင်းနိုင်ငံများမှ ဖြစ်သည်။
သူတို့နိုင်ငံတွင် လူနေမှုစရိတ် ကြီးမြင့်ပြီး ချက်ပြုတ်စားသောက်ရန် အချိန်မပေးနိုင်သဖြင့် အလွယ်တကူ ဝယ်ပြီးချက်ပြုတ်ရန် အချိန်မကုန်အောင် အသင့်ပြုလုပ်ထားသော အစာထုပ်များ ရယ်ဒီမိတ် အစာများ ဖြစ်သည်။ ဈေးကွက်စီးပွားရေးမှ တဆင့် ၎င်းရယ်ဒီမိတ် အစာများသည် မြန်မာနိုင်ငံသို့ နယ်စပ် တံခါးပေါက်များမှ ဝင်ရောက်လာခြင်း ဖြစ်သည်။ အတုယူလွယ်ကြသည့် မြန်မာနိုင်ငံသားများ အဖို့ ယခုအခါ ၎င်းရယ်ဒီမိတ် အစာများသည် မရှိမဖြစ် အစာများဖြစ်နေပြီ။ ဘယ်မြို့၊ ဘယ်နေရာကို မဆို ကျေးလက်တောရွာများ အထိပါ ပျံ့နှံ့ရောက်ရှိနေသွားပြီး တွင်တွင်ကျယ်ကျယ် စားသောက် သုံးစွဲနေကြပြီ ဖြစ်လေသည်။ မြန်မာတွင်လည်း “မသိုးစာ” ဟုခေါ်သည့် ထမခြောက်(ထမင်းခြောက်)၊ အညာမုန့်ဆီကြော်၊ စလူဖက်နှင့် ထုပ်သော စလူမုန့်၊ အညာသား ကျောကုန်း၊ မုန့်ပေါက်ပေါက် စသည့်အစာများ ရှိပါသည်။ သို့သော် ယခုအခါ ၎င်းရိုးရာ အစာများသည် တောရွာများမှာပင် နေရာမရကြတော့ပြီ။ တိုးတက်ခြင်းလား၊ ဆုတ်ယုတ်ခြင်းလား မပြောနိုင်တော့ပါ။ ရယ်ဒီမိတ်ခေါ် လွယ်ကူစာများကြောင့် ရောဂါဖြစ်ခဲ့ရသော၊ ခွဲစိတ်ခံခဲ့ရသော စာရေးသူ၏ သမီးငယ်အကြောင်း ပြောပြလိုပါသည်။
စာရေးသူ၏ သမီးသည် ကွန်ပျူတာတက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သည်။ သူသည် ဆယ်တန်းကျောင်းသူ ဘဝက ဘော်ဒါဆောင် စာသင်ဝိုင်းတစ်ခုသို့ ပို့ထားခဲ့ရာမှစပြီး လွယ်ကူစာ ရယ်ဒီမိတ်များ စားသောအကျင့် ဖြစ်ခဲ့ပါသည်။ ဘော်ဒါဆောင်တို့ မည်သည် စာကိုသာ အဓိကထား သင်သည်။ နံနက်၊ ညနေ ထမင်းနှစ်ချိန် ကျွေးသော်လည်း စာသင်ချိန်ကြားမှ အပြေးအလွှား စားရသဖြင့် ထင်သလောက်မဝင်၊ မစားနိုင်။ ညကျပြန်တော့လည်း (၁၀) နာရီအထိ စာကျက်ရသဖြင့် အိပ်ချိန်မှာ အလွန်နည်းသည်။ ဘော်ဒါဆောင်တွင် မအိပ်ဘဲ စာကျက်နိုင်အောင် “ကော်ဖီမစ်” သောက်သည့်အကျင့် ရလာခဲ့ပါသည်။ ဗိုက်ဆာလျှင် အဆာခံနိုင်အောင် ရယ်ဒီမိတ် ခေါက်ဆွဲခြောက်ထုပ်ကို ဝါးစားပြီး ရေနှင့် မျှောချသည်။ ဤအကျင့်များမှာ ဆယ်တန်းအောင်ဖို့ စာကိုမဲနေသည့် အရွယ်က စခဲ့ခြင်း ဖြစ်လေသည်။ ဆယ်တန်း အောင်ပြီးသောအခါလည်း ထိုအကျင့်များမှာ စခဲ့ပြီး ခေါက်ဆွဲခြောက်ထုပ် ကြိုက်လာသည်။ ကော်ဖီမစ် စွဲနေသည်။ ခေါက်ဆွဲခြောက်ကို ရေနွေးနှင့် ပြုတ်ပြီး ကြက်ဥတစ်လုံး ဖောက်ထည့်စားသည်။ အိမ်ထမင်းဟင်းကို ခံတွင်းမတွေ့တော့ဟု ဆိုသည်။ ကော်ဖီမစ် နှစ်ထုပ်ပူး ဖျော်ထား၊ အအေးခံပြီး အဖုံးပါသော မတ်ခွက်တွင် ထည့်ထားကာ မကြာခဏ တစွတ်စွတ်နှင့် သောက်သည့်အကျင့် ပါသွားပြီး တားမရတော့ပါ။ ထိုအကျင့်မှာ ယခုဘွဲ့ရသည့် အချိန်ထိ လေးနှစ် ကြာခဲ့ပြီဖြစ်သည်။ စာရေးသူတို့ မိသားစုတွင် နံနက် အိပ်ယာထသောအခါ ပဲပြုတ်နှင့် ထမင်းကြော် စားလေ့ရှိသည်။ လက်ဖက်ရည်၊ ကော်ဖီလည်း သောက်ပါသည်။ စာရေးသူတို့ သောက်သော ကော်ဖီမှာ ကော်ဖီစေ့ကို ကြိတ်ထားသော ကော်ဖီမှုန့်ကို နို့ဆီနှင့်ဖျော်၍ သောက်ခြင်းဖြစ်သည်။
သမီးဖြစ်သူမှာ ထိုသို့မကြိုက်၊ ကော်ဖီမစ်အထုပ်ကို ရေနွေးနှင့် ဖျော်သောက်ခြင်း ဖြစ်သည်။ ထမင်းကိုလည်း ရယ်ဒီမိတ် ကြက်အူချောင်း၊ ငါးအူချောင်း၊ အာလူးကြော်စသည်တို့နှင့် စားလေ့ရှိသည်။ တစ်ခါတစ်ရံ ထမင်းမစား၊ ခေါက်ဆွဲခြောက်၊ ကြာဇံထုပ်တို့ကို ပြုတ်သောက်လေ့ ရှိသည်။ ရယ်ဒီမိတ် လွယ်ကူစာများ၏ အရသာမှာ အိမ်မှချက်သော အစာများထက် သာသည်။ မွှေးကြိုင်အောင်၊ အရသာရှိအောင်၊ အချို၊အချဉ်၊ အစပ်စုံအောင် ဓာတုဗေဒ ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ မသိုးအောင်လည်း ဓာတုဗေဒ ဆေးသုံးသည်။ ခေါက်ဆွဲခြောက်ဆိုလျှင် ပြုတ်လိုက်သည့်အခါ ခေါက်ဆွဲအမျှင်များ မကပ်အောင် ဖယောင်းထည့်သည်။ ငါးအူချောင်း၊ ကြက်အူချောင်း အချို့မှာ မသိုးအောင်၊ ကြာရှည်ခံအောင် ယမ်းစိမ်း အသုံးပြုသည်။ အချို့၌ လူသေကောင်တွင် ထိုးသည့် ဖော်မလင်ပင် ပါရှိသည်ဟု ပြောကြသည်။ ဓာတုဗေဒ ပစ္စည်းအမျိုးမျိုးနှင့် ယမ်းစိမ်း၊ ဖယောင်း၊ ဖော်မလင် စသည်များမှာ လူ၏အစာအိမ်မှ တဆင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိသောအခါ ခန္ဓာကိုယ်မှ တုန့်ပြန်မှုများ ဖြစ်လာသည်။ အစာအိမ်လမ်းကြောင်း ရောဂါများ၊ ကင်ဆာ၊ အကျိတ်အဖုများ ဖြစ်လေ့ရှိသည်။ ထိုထက်ပိုဆိုးသည်မှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများပါ နောက်ဆက်တွဲ ဖြစ်လာသည်။ စိတ်မြန်ခြင်း၊ အားမရဖြစ်ခြင်း၊ အားငယ်ခြင်း၊ တွေဝေခြင်း၊ ညအိပ်မပျော်ခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊ သတိမေ့လျော့ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ လက်ဆစ်ခြေဆစ်များ ကိုက်ခဲခြင်း၊ မျက်စေ့အမြင် မကြည်လင်ခြင်း၊ ဆံပင်ကျွတ်ခြင်း စသည်များ ဖြစ်လာတော့သည်။ စာရေးသူ၏ သမီးငယ်တွင် လွန်ခဲ့သော လပိုင်းက ဘယ်ဖက် ရင်သားအောက်တွင် အကျိတ်ငယ် တစ်ခု စမ်းမိဟု ဆိုသည်။ စောင့်ကြည့်နေရာမှ တစ်လအတွင်း၌ ဆီးစေ့ခန့်မှ ဆီးဖြူသီးခန့်အထိ ကြီးထားလာသဖြင့် ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးနှင့် ပြရပါသည်။
ခွဲစိတ်အထူးကု ဆရာဝန်ကြီးမှ စမ်းသပ်ကြည့်ပြီး ယခုခေတ် မိန်းကလေးငယ်များတွင် ဓာတုဗေဒ ဆိုးဆေးပါသော အစားအသောက်နှင့် အလှကုန်များကြောင့် ရင်သားအကျိတ် ဖြစ်ခြင်း ပို၍များလာကြောင်း ပြောပါသည်။ အချိန်စောင့်နေလျှင် ကင်ဆာဖြစ်မည် စိုးသဖြင့် အမြန်ခွဲလိုက်ခြင်းသည် အကောင်းဆုံးဟု အကြံပေးသည်။ စာရေးသူတို့ မိသားစုသည် မတတ်နိုင်သော်လည်း သမီးငယ်၏ ထိုအကျိတ်ခွဲရန် အတွက်ဓာတ်ခွဲခန်း စစ်ဆေးမှုများ ပြုလုပ်ရသည်။ ပြင်ပ ဆေးရုံခွဲခန်း ရက်ချိန်းများ ယူရသည်။ ဆရာဝန်နှင့် အကြိမ်ကြိမ်တွေ့၍ တိုင်ပင်ရသည်။ နောက်ဆုံး ခွဲစိတ်မှုပြုသည့် နေ့အထိ ရင်တမမနှင့် ဆောင်ရွက်ခဲ့ကြရပါသည်။ ခွဲစိတ်ပြီးသောအခါ ရရှိလာသည့် ဆီးဖြူသီးခန့် အလုံးကို အိတ်ဖြင့်ထည့်ယူပြီး Biopsy ခေါ် အသားစဓာတ်ခွဲခြင်း ပြုလုပ်သောအခါလည်း အဖြေကို ရင်တမမနှင့် စောင့်နေရပါသည်။ တော်ပါသေးသည်။ အသားစ ဓာတ်ခွဲစမ်းသပ်မှု၏ အဖြေမှာ ရိုးရိုးအကျိတ် ဖြစ်သည်ဆို၍ ကင်ဆာဆဲလ်သာ ဖြစ်ခဲ့မည်ဆိုလျှင် ဓာတ်ခွဲပညာရှင် Result ထွက်လာတော့မှသာ ဟင်းချနိုင်ပါတော့သည်။ အကယ်၍များ ကင်ဆာဆဲလ်သာ ဖြစ်ခဲ့မည်ဆိုလျှင် ဟူသော အတွေးသည် မိသားစုအတွင်း ရက်ပေါင်းများစွာ ဝင်ရောက် စိုးမိုးနေခဲ့ရပါသည်။ ကင်ဆာဆိုသည်မှာ ကမ္ဘာပေါ်တွင် ယနေ့အထိ လူသတ်သမားနံပါတ် (၁) နေရာယူထားဆဲ ဖြစ်နေပါသေးသည်။ လွန်ခဲ့သော လပိုင်းက ကမ္ဘာပေါ်တွင် အချမ်းသာဆုံး စာရင်းဝင်လည်းဖြစ်၊ apple ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်သူ၊ iphone တီထွင်သူလည်းဖြစ်သူ Steve George သည် ကင်ဆာရောဂါနှင့် ကွယ်လွန်ခဲ့သည်ကို ဖတ်ရှုရသည်။ အလွန် ခေတ်မီတိုးတက်သော အမေရိကန်နှင့် အင်္ဂလန်နှစ်နိုင်ငံတို့တွင် နေထိုင်သူပင် ကင်ဆာရောဂါကို မကုသနိုင်။ အရွယ်က ကောင်းတုန်း အောင်မြင် ချမ်းသာနေတုန်းမှာ ကင်ဆာနှင့် ကွယ်လွန်ရရှာသည်။ အလွန် ကြောက်စရာကောင်းသော ရောဂါဖြစ်သည်။ ဆင်းရဲသော တိုင်းပြည်၊ ဆင်းရဲသား သာမန်လူတန်းစားမှာ ဆေးဖိုးမတတ်နိုင်လျှင် မည်သို့ ကုသမည်နည်းဟု တွေးမိပါသည်။
စာရေးသူ၏ သမီးလေးသည် ကံကောင်း၍ ကင်ဆာအကျိတ် မဟုတ်ခဲ့ရသော်လည်း အကျိတ်ဖြစ်ရခြင်းမှာ သူကြိုက်တတ်သော “လွယ်ကူစာ” များကြောင့် ဖြစ်သည်ဟုပင် ယူဆပါသည်။ ယနေ့ ကျောင်းသား လူငယ်များ၊ အင်တာနက်ခေတ်နှင့် အမီလိုက်နေသော လူငယ်များ၊ လူလတ်တန်းစားများ၊ ဆင်းရဲသားများ အားလုံးမှာ နေ့စဉ် အလွယ်လမ်းလိုက်ပြီး လွယ်လွယ်ရသော အစာများကို စားသောက်နေကြသည်မှာ ရာဂါဝယ်စားသကဲ့သို့ ဖြစ်နေကြသည်။ အချိန်မပေးနိုင်၊ အချိန်ကုန် မခံနိုင်သော အကြောင်းပြချက်ဖြင့် လွယ်ကူစာ စားနေရခြင်းကြောင့် ရရှိလာမည့် အန္တရာယ်ကိုကား လွယ်ကူစွာ ဖြေရှင်းနိုင်ကြမည် မဟုတ်ပါ။ တိုင်းရင်းဆေး ပညာတွင် ရောဂါရောက်ကြောင်း လေးပါးတွင် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟု ဖော်ပြထားသည်။ ထိုအကြောင်းလေးပါးတွင် ကံကြောင့်၊ စိတ်ကြောင့်၊ ဥတုကြောင့် မဟုတ်ဘဲ အာဟာရကြောင့် ရောဂါရခြင်းက ယခုခေတ်တွင် ပို၍များသည်။ မသင့်တော်သော အာဟာရကို မှီဝဲစားသောက်ခြင်းသည် အဆိပ်ကို စားသုံးနေခြင်းနှင့် တူသဖြင့် သဘာဝ နည်းလမ်းမကျသော “လွယ်ကူစာ” များကို ဆင်ခြင်စားသောက်ကြဖို့ လိုကြောင်းနှင့် လွယ်ကူစာ အစားများလျှင် ရောဂါရ၍ အသက်တိုနိုင်ကြောင်း အသိပေး တင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့် (မုဒြာ)

ငွေကြေးနှင့်အမေ့မေတ္တာ


တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေညနေစာ ပြင်နေတုန်းမှာ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ် ။ ပြီးတော့ သူရေးထားတဲ့ စာရွက်အပိုင်းအစလေးကို သူ့အမေလက်ထဲပေးလိုက်တယ် ။ သူ့မိခင်က ရင်ဘတ်ရှေ့ ဖုံးကို ချွတ်လိုက်ပြီး လက်ဆေးလိုက်တယ် ။ ပြီးတော့ကောင်လေးလက်ထဲကစာရွက်လေးကို ဖတ်လိုက်တယ် ။ စာထဲမှာရေးထားတာက
မြတ်ရိတ်ခ - ၅ ဒေါ်လာ
တစ်ပတ်အတွင်း အိမ်သန့်ရှင်းခ - ၁ ဒေါ်လာ
အမေ့အတွက် စတိုးဆိုင်သွားပေးခ - ၁ ဒေါ်လာ
အမေဈေးဝယ်ထွက်နေချိန် ညီလေးအားထိမ်းပေးခ - ၂ ဒေါ်လာ
အမှိုက်သိမ်းခ- ၂ ဒေါ်လာ
ကျောင်းတွင် အမှတ်တက်လာအောင် ကြိုးစားခ - ၅ ဒေါ်လာ
ခြံဝင်းအတွင်းအပြင်သန့်ရှင်းခ - ၂ ဒေါ်လာ
မိခင်က ကောင်လေးကို မတ်တပ်ရပ်နေရာကနေပြီးလှမ်းကြည့်တယ် ။ ပြီးတော့ ဘောပင်ယူလိုက်ပြီး စာရွက်နောက်ကျောမှာ ပြန်ရေးပေးခဲ့တယ် ။ ပြီးတော့ကောင်လေးကို ပေးဖတ်တယ် ။ စာထဲမှာရေးထားတာက
ကိုးလလုံးလုံး ၀မ်းဗိုက်ထဲ နေပြီး စောင့်ရှောက်ခ - ၀ ဒေါ်လာ
ညတိုင်းလိုလို အတူအိပ်ပြီး စောင့်ရှောက် ဆုတောင်းခ - ၀ ဒေါ်လာ
နှစ်ပေါင်းများစွာ အမေကို ဂျီကျ စိတ်ညစ်မျက်ရည်ကျအောင်လုပ်ခ - ၀ ဒေါ်လာ
သားအတွက် နေ့စဉ် ညစဉ် စိုးရိမ်ပူပန်နေခ - ၀ ဒေါ်လာ
အရုပ်များ ၊ အစားအစာများ ၊ အ၀တ်အစားများ ၀ယ်ပေးခ - ၀ ဒေါ်လာ
အမေ သားအပေါ်ထား သည့် အချစ် များအတွက် - ၀ ဒေါ်လာ
ကောင်းလေက မိခင်ရေးထားတဲ့စာရွက်ကို ဖတ်ပြီးတဲ့အခါ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာခဲ့တယ် ။ ပြီးတော့ သူ့ မိခင်ဆီလျှောက်သွားပြီးပြောတယ် “ အမေ- - အမေ့ကို သား အရမ်းချစ်တယ် ” ပြီးတော့ ဘော ပင်ကိုကောက်ယူလိုက်ပြီး သူရေးခဲ့တဲ့စာအောက်မှာ စာတစ်ကြောင်းထပ်ရေးလိုက်တယ် ။
“ ငွေပေးချေပြီး ”
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
သင် မိဘ မဖြစ်သေးသရွေ့ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကို အလုံးစုံ အပြည့်အ၀ နားမ လည်နိုင်ပါဘူး ။ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရသလို ဘယ်အလို အရာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်တာဟာ မိခင်မေတ္တာပါပဲ ။
ငွေကြေးဆိုတာကလည်း ပျော်ရွှင်မှုကို တိုင်းတာတဲ့နေရာမှာ အညံ့ဆုံးနည်းလမ်းတစ်ခုဖြစ်တယ် ။ အေးမြဖြူ စင်တဲ့မေတ္တာတရားကသာလျှင် ခိုင်မြဲပြီး သင့်ကို နွေးထွေး လုံခြုံမှုကိုပေးစေနိုင်တယ် ။
သက်တန့်ချို
Mother's love အား ဘာသာပြန်ခံစားသည် ။

ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေတွက် လက်တို့လိုက်တာပါ။

 
ဟိုက..ဒီကသိသမျှတွေ.....မောင်နှမတွေသိအောင်... ပြန်ဝေမျှလိုက်ပါတ၇်....
လိုတာပိုတာရှိ၇င်လည်း.... သည်းခံပါလို့ ...... ရုပ်ရည် လှပချောမွေ့ တယ်လို့ ဆိုတာ ခနွာကိုယ်တခုချင်း လှမှ သာမ
ဟုတ် ပေါင်းစပ် ထားသော အသားရည် ပါးပြင်၊မျက်နာပြင် ချောမွေ့ မှု သည်လည်း အလှတပါး ဖြစ်ပေသည်။ လှတော့
လှပါရဲ့ သူမျက်နာမှာ အမဲကွက်တွေ၊ အနီကွက်တွေ၊အဖြူကွက်တွေ၊ အမာရွတ်တွေ၊ ၀က်ခြံ တွေနဲ့ ဆို ပြီး ခွဲခြားပြော
သံကြားရရင် ခုချက်ချင်း ပစ်လဲသေချင်စိတ်ပေါက် သွားပါ လိမ့်မည်။



တော်တော်စိတ်ဓါတ်ကျစရာ ကြုံရလျှင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ကာ နဂို ရှိသော အလှဖျက် ကျေးဇူးရှင်များ
 
က ပိုမို များပြားလာသည်ကို သတိထားမိကြမည် ဖြစ်ပါသည်။ စိတ်ကြောင့်လည်း ပိုမို ၀က်ခြံ များပြားလာနိင်ပါသည်
 
စိတ်ညစ်နေသလား စိတ်ချမ်းသာစေရမည်.. ကဲ ဟော့ဒီမှာ အကြံဥာဏ်ကောင်းလေးများ ကုသနည်းလေးများ
 
လက်လှမ်းမှီရာ စုစည်းရေးလိုက်ပါမည်။
 
 
 
 


မဲနီဖြူကွက်တွေ က မွေးရာပါဖြစ်ခဲ့ လျှင်တော့ ဘာမှဆက်မလုပ်နိုင်ပါ။ အလှခွဲစိတ်ပညာခန်းသို့ ဆက်ကြည့်ပါဟု ဆိုချင်
 
ပါသည်။ ဘာကြောင့် အကွက်တွေ ပေါ်ပါသလဲ။ ဘာကြောင့် ၀က်ခြံတွေ ထွက်ရသလဲ။ မွေးကင်းစ ကလေးတွေ ရဲ့
 
အသားဟာ ချောမွတ်ပြီး နုဖတ်နေကြတာပါ။ တဖြည်းဖြည်းဖြင့် ကြီးပြင်းရာ နေရာ ပတ်ဝန်းကျင် ဒေသ ရာသီဥတုကို
 
လိုက်ပြောင်းလဲလာကြပါသည်။
 
 
 
 



အကြောင်းရင်း

များသောအားဖြင့် သုံးစွဲသော မျက်နာ အလှကုန်ပစည်းကြောင့်၎င်း၊ နေရာဌာနကြောင့်၎င်း (ဥပမာ ဖုံမှုန့် )မျက်နာပြင်ရှိ
 
ချွေးပေါက်ကို ပိတ်ဆို့ ကာကွယ်သလို ဖြစ်သွားပါသည်။ မျက်နာကို စင်ကြယ်အောင် မသန့် စင်မိလျှင် ထို ချွေးပေါက်
 
အောက်တွင်ရှိသော အရာသည် တဖြည်းဖြည်းချင်း အသားတွင်းတွင် ခြောက်ကပ်ခြင်း သို့ မဟုတ် ပွားများခြင်း ဖြစ်လာ
 
ပါသည်။ မူလ ဆဲလ်လေးများ ကို ဖျက်ဆီးသလို ဖြစ်သည့်အပြင် သွေးလည်ပတ်မှု ကြောင့် နေ့ ရက်လ ကြာသည်နှင့်
 
အမျှ ထိုနေရာသည် တဖြည်းဖြည်း ကျယ်ပြန့် ကာ အကွက်ပြန့် ပွားမှု ဖြစ်ခြင်း၊ ပြည်တည်ခြင်းတို့ ဖြစ်လာရသည်။
 
ထို့ ကြောင့် အကွက်ဖြစ်မှု နှင့်ဝက်ခြံအကြောင်း ထပ်မံခွဲခြားရေးလိုပါသည်။
 
 
 


ပြည်တည်လာသော်လည်း ချွေးပေါက်ပိတ်နေသဖြင့် အတွင်းသားကို လိုက်စားပြီး အင်အားစုသည့်တဖွယ် ယောင်ကိုင်း
 
လာကာ ၀က်ခြံ အမည်ရှိ အရည်ဖုလေးအဖြစ် ပေါ်ထွက်လာရပါသည်။
 
 


ထိုအရည်ဖုလေးများမှာ အနည်းငယ်စုခဲပြီးမှ သာလျှင် တနည်းအားဖြင့် ပြည်မှည့်မှ သာလျှင် ဖောက်ထုတ်လွယ်သည်
 
ကို ခံစားဘူးသူတိုင်း သိကြပါသည်။ သို့ သော် သကောင့်သားမှာ အသားထဲမှ အကုန်ထွက်သွားအောင် မပြုနိုင်လျှင်
 
နောက်ထပ် ထပ်မံအင်အားစုဆောင်းပြီး ၀က်ခြံ အသစ်အသစ် အဖြစ်၎င်း သွေးကြောများမှတဆင့် နေရာအသစ်များသို့ 
 
ကူးပြန့် သွားနိုင်ပါသည်။
 
 
 
 


ကုသနည်း အဆင့် - ၁

ထို့ ကြောင့် ၀က်ခြံကို မှည့်သောအခါ လုံးဝကုန်စင်သည့် အထိကင်းစင်ရန်လိုပါသည်။ ကင်းစင်ရန် လူတိုင်း
 
လက်သည်းလေးများဖြင့် ဆိတ်ကာဖိကာ ထုတ်တတ်ကြပါသည်။ မှားယွင်းပါသည်။ လက်ဆိပ်တက်ပြီး ထပ်အနာဖြစ်
 
ပြည်တည်ကာ သံသရာလည်တော့မည် ဖြစ်ကြောင်းသိစေလိုပါသည်။
 
 


ဝက်ခြံထုတ်သော သံချောင်းလေးများအကူညီဖြင့် ၀က်ခြံအဆံကို ထုတ်သင့်ပါသည်။ သို့ သော် အလွန်နာသည်
 
ဖြစ်ပါသည်။ အလွယ်ဆုံးနည်းပြောလိုပါသည်။ ရေနွေးပူနွေးနွေ ထဲလက်ကိုင်ပုဝါသန့် သန့် ထဲအရေညစ်ပြီး ပူနေသော
 
အ၀တ်စဖြင့် ထိုဝက်ခြံနေရာကို ကပ်ပေးလိုက်ပါ။ ပြည်မမှဲ့ ဘဲ နာနေသော ၀က်ခြံပင်လျှင် ပေါက်ပြီး အဆံထွက်
 
လာပါလိမ့်မည်။
 
 
 
 
 


အဆင့် - ၂

မျက်နှာကို မတ်စ်ဟုခေါ်သော ခရင်မ်ဖြင့် ပွင့်နေသော ချွေးပေါက်ထဲရှိ ချွေးဆံများ ထုတ်ပစ်သင့်ပါသည်။ ၄င်းနှင့်
 
ပတ်သက်သော ခရင်မ် များစွာရှိသော်လည်း အနွရယ်ဝေးသည့် အိမ်တွင်းဖြစ် မတ်စ်ပြုလုပ် သုံးစေချင်ပါသည်။
 
 
 
 


အဆင့် - ၃

မျက်နာသန့်စင်ပြီ ဆိုလျှင် ကျယ်နေသော ပွင့်နေသော ချွေးပေါက်များကို ပြန်ရှုံ့ ရန်လိုပါသည်။ မဟုတ်ပါက ထိုချွေး
 
ပေါက်တွင်း ဖုံဝင်လွယ်သောကြောင့်ဖြစ်ပါသည်။ တိုနာဟုခေါ်သော ဆေးရည်ကို သုံးသင့်ပါသည်။
 
(ကိုယ်တိုင်ကမူ တခြား တံဆိပ်များစွာ ရှိသော်လည်း Nivea spirit type tona သာ သုံးပါသည်)
 
 
 
 
 
 


နောက်ဆက်တွဲ ကုသမှု့ - ၁

ညမအိပ်ခင်တွင် (မြန်မာပြည်ရှိသူများအတွက်) ပူနွေးသော ရာသီဥတုတွင်နေသူများအတွက် သနပ်ခါး ရေကျဲ လိမ်း
 
အိပ်ပါ။ သနပ်ခါးသည် ဆေးဘက်ဝင်ပါသည်။ ထူပိန်းအောင် မလိမ်းသင့်ပါ။ အသားရေ တွန့် လွယ်ပါသည်။
 
 
 
 


နောက်ဆက်တွဲ ကုသမှု့ - ၂

တပတ်တခါ သို့ မဟုတ် တလတခါ ဆိုသလို ရေနွေးဆူဆူထည့်ထားသော ရေခွက်အပေါ် မျက်နာထားပါ။ မျက်လုံး
 
မှိတ်ထားသင့်ပါသည်။ ထွက်လာသော ရေနွေးကို မျက်နာသို့ ရောက်ရှိမှု များအောင်ရေခွက်ကို စကူများဖြင့်ကာရန်ပြီး
 
မျက်နာတကွက်စာ ရေနွေးငွေ့ ထွက်ရန် ထားသင့်သည်။ ခံနိုင်ရည်ရှိသည့် အချိန်ပမာဏထိ ရေနွေးငွေ့ ကို မျက်နာသို့ 
 
ထိစေလျှင် မျက်နှာမှာ ချွေးပေါက်ပွင့်ပြီး အတွင်းမှ အဆီများ ချွေးများထွက်လာပါလိမ့်မည်။
 
 
 


ဝက်ခြံထွက်နည်းပါးသွားလျှင် ရေနွေးငွေ့ ကုသမှု ကို လျော့စေချင်ပါသည်။ မျက်နာ ချွေးပေါက်ကျယ်ပြီး သန့် ရှင်း
 
သော်လည်း ချွေးပေါက် မှာ အလွန်ကျယ်သွားလျှင် နောက်ပိုင်း အမဲစက်များဖြစ်လွယ်နိုင်ပါသည်။
 
 
 
 


လိုက်နာရန်စည်းကမ်းချက်

၁. မိတ်ကပ်အသစ်စသုံးမည်ဆိုလျှင် ပထမ sample သာအရင်စမ်းသုံးသင့်ပါသည်။ လိမ်းပြီး သောအခါ အသားအလွန်နုသော မျက်နာပြင်အသား ဥပမာ နှာခေါင်းအောက် နှာသီးဖျား နှင့် နှတ်ခမ်းအောက်ရှိ အသားများတွင်စပ်ဖြင်းဖြင်း ပူစပ်ပူလောင် ဖြစ်ခဲ့လျှင် ဆက်မသုံးသင့်ပါ။
 


၂. အစားသောက်ကိုလည်း အကြော်လှော်လျှော့စားပါ။
 
 


၃. ၀က်ခြံနှင့် ပြည်များသန့် သွားလျှင် ထိုနေရာကို သတိထားသန့်စင်ရန်ချွေးပေါက် မပိတ်ရန် လိုပါလိမ့်မည်။
 
 


၎. ဖုံကြောင့် သို့ မဟုတ် လက်ဆော့မှု ကြောင့် ၀က်ခြံ ဖြစ်လျှင် မျက်နာကို လက်ဖြင့် မထိစေဘဲ လက်ကိုင်ပုဝါဖြင့် သာ ချွေးသုတ်သင့်သည်။
 
 


၅. မတဲ့သော မိတ်ကပ်ကြောင့် ၀က်ခြံဖြစ်လျှင် ထိုမိတ်ကပ်ကို စိတ်စေတနာ ဗလပွဖြင့် သံရောစဉ်ဖြတ်ကာ အမှိုက်ပုံးထဲသို့ ပစ်လိုက်ပါ၊ ကပ်စေးနဲသည့်စိတ်ရှိလျှင် ထိုမိတ်ကပ်ကို ခြေ လက်များတွင် လိမ်းလိုက်ပါ။
 
 


၆. အကြောင်းရင်းမသိဘဲဖြစ်သော ၀က်ခြံမှာ ကိုယ်ခနွာထဲရှိ အဆီကြိပ်များ အဆီထွက်မှု များသော်လည်း ချွေးပေါက်မပွင့်သောကြောင့်ဖြစ်နိုင်ပါသည်။ ထိုအခါ အစားကို ရှောင်သင့်ပါသည်။ အနဲဆုံးတပတ်တခါ ၀မ်းနုပ်ပြီး အပူအပုတ်ကင်းဝေးအောင် လုပ်သင့်သည်။
 
 
 
 


အလွယ်ဆုံးနည်းမှာ အလုပ်အားသည့်နေ့ အပြင်မထွက်သည့် နေ့ တွင် မနက်စောစော ဆားတဇွန်းခန့် မျိုပြီးရေအ၀သောက်ပါ။ပြီးလျှင် ထိုင်မနေရ အိပ်မနေရပါ။ ရေမချိုးရပါ။ ပုံမှန်အလုပ်ကို လုပ်ပြီး လှုပ်ရှားနေသင့်သည်။ ပျှမ်းမျှအားဖြင့်၂နာရီကြာသောအခါ ၀မ်းရစ်နာလာပြီး ၀မ်းကုန်စင်ပြီဆိုမှသာ ရေချိုးလိုက်ပါ။ ရေချိုးပြီးလျှင် နောက်ထပ် ၀မ်းရစ်မှုမရှိကြောင်း တွေ့ ရပါလိမ့်မည်။ ယခင်က ဒဏ်ရာများကြောင့် အမဲစက်များ ရှိခဲ့လျှင် အထက်ပါနည်းသည် သက်သာ
 ကောင်း သက်သာနိုင်ပါသည်။ အမာရွတ်များရှိခဲ့လျှင် တော့ မပြောတတ်ပါ။
 
 
 
 
 အထက်ဖေါ်ပြပါနည်းသည် ကိုယ်တိုင် အစဉ်အမြဲလုပ်သောနည်းမဟုတ်ပါကြောင်း ၀န်ခံပါသည်။ ကိုယ်တိုင် သနပ်ခါး မလိမ်းသော အကျင့်ကြောင့် လှလှပပနေလိုသော မေမေ ၏ ပြောချိန်တွင် သနပ်ခါးရေကျဲလိမ်းပြီး လစ်လျှင် မျက်နှာ
 
ဗလာဖြင့်နေခဲ့ သောကြောင့် ချွေးမပိတ် ၀က်ခြံမချမ်းသာ ခဲ့ပါ။ သို့ သော် တခါတရံထွက်သော ကြင်ရ်ျ နာစေသောကျေးဇူးရှင်များကို ရေနွေးအ၀တ်ကပ်ပြီး ပင့်ထုတ်ခဲ့ဘူးပါသည်။ ပျင်းသောကြောင့် အဲ မှားသွားလို့  အလုပ်မအားသော
 
ကြောင့် အစဉ်အမြဲမလုပ်ခဲ့ပါ။ ကျေးဇူးရှင်များကလည်း အပြီးပိုင် နှတ်ဆက်မသွားပါချေ.. သံယောဇဉ်အမျှင်တန်းရှိကြသဖြင့် ယခုထိ မကြာခဏ လာလည်ပါသည်။ သို့ သော် သေးငယ်သဖြင့် အမာရွတ်များ မကျန်ခဲ့ပါ။
 
 
 နောက်ဆုံး အဓိကကျတဲ့ ဆေးကတော့ ဟင်းသီးဟင်းရွက်စားမှ ကျန်းမာတဲ့ အပြင် မျက်နှာဝက်ခြံထွက်မှု
 
နဲပါးကြောင်းပြောလိုပါသည်
 
 
 မှတ်ချက်..

အပူအစပ်ကြိုက်သူ ခြံပိုင်ရှင်များအတွက် ကတော့ ကပ်စေးမနဲ ဘဲ ဘဏ်ာတော် ၀မ်းဗိုက်အတွင်းမှ ပြောင်သလင်းခါ
 
အောင် နေ့ စဉ် ကုန်စင်အောင် စွန့် ကြဲ သင့်ပါသည်။ ဆားမမြိုလို ပါက ဘာ အစာမှ မစားဘဲ မနက် စောစော ရေအ၀ မတ်ခွက်၅-၇ခွက် သောက်ပါက လွယ်ကူကြောင်း သတိထား မိပါသည်။
 
 
 အကယ်ရ်ျ အစာစားမိပြီးမှ ရေအ၀သောက်လျှင် စွန့် ကျဲရန် သိပ်မလွယ်ကူကြောင်း သိရပါသည်။

ဟိုက..ဒီကသိသမျှတွေ.....မောင်နှမတွေသိအောင်...ပြန်ဝေမျှလိုက်ပါတ၇်....လိုတာပိုတာရှိ၇င်လည်း....
 
သည်းခံပါလို့ ......
 
 
 ၁။ မိမိ ကိုယ်ကို ယုံကြည်မှုဖြစ်စေ မှု တွင် အဓိက အရေးပါ တာ က ...မိမိ ရဲ့  ရုပ်လေး ..ကြည့် ကောင်းနေ တာ....မိမိ ရဲ့  စိတ်တွေ ကြည်လင်နေတာ....မိမိကိုယ်ကို လေးစားတာ.. အဲ့ ဒါ တွေ ပါ တယ်.... အဲ့ ဒီ သုံးချက် ပျက်ကွက်
 
တော့ .. stress ဆိုတာ ၀င်ပြီ .. စိတ်ဖိစီးမှု ...စိတ်ကျရောဂါ ပေါ့ တကယ်တော့  stress ဆိုတာ.. body မှာ ရှိရှိ သမျှလုပ်ငန်းတွေ ကို ..ကျူးကျော် ၀င်ရောက်ပြီး ကမောက်ကမ ဖြစ်အောင်လုပ်တာ.....ကိုယ် ထဲ က အင်္ဂါတွေ ..ကမောက်ကမ ဖြစ်တော့ ... infection ကူးစက်လွယ်ပိုးမွှားတွေ ၀င်လွယ်တာပေါ့ ...ကိုယ်က မသာ....စိတ်လည်း
 
မသာယာ ဖြစ်ရတော့ ... ကိုယ်ခံအားကမကောင်း ..ဒီတော့ . ရောဂါ ရလွယ် တာ ပေါ့ ဒီတော့  stress မရှိအောင်အရင် နေ မယ်....stress ကို အရှိ မခံ ပါနဲ့ .... (အတိတ်က အကြောင်းတွေ ..ခုလက်ရှိ အဖြစ်တွေဟာ..တစ်ခဏ...
 
ပြောင်းလဲ နေ တဲ့  ပတ်ဝန်းကျင်ထဲ နေ နေကြသောကြောင့်  ကျွန်တော် တို့  ရဲ့  ကိုယ်တွင်းမှာတော့  တည်ငြိမ်နေ
 
ဖို့ လို တယ် ) stress ကို ဘယ်လို အ၀င် မခံ မလဲ ?
 

- ပျော်ရွင်တဲ့  ဘ၀နေထိုင်မှု ဖန်တီးပေါ့ 

- ကိုယ့်  ကို ကိုရပ်တည်ပေါ့ 

-အားမနာ ပါ နဲ့ ( ဆုံးဖြတ် လုပ်ကိုင်ပေါ့  )

-အပြင်များများ လည်

-မိမိ ကိုယ်ကို လေးစားဖို့ ကောင်းအောင် နေ (အဲ့ ဒီ နောက်မှာ...မိမိ ဟာ ပတ်ဝန်းကျင်မှာ ..လူတော်တစ်ယောက်ဖြစ်
 
လာမယ် )အထက်က အချက် တွေ ကတော့  အဓိ က ပေါ့ 
 
 
 

ကဲ stress တွေ မရှိ တဲ့ နောက် မှာ ....သင့် ရဲ့  ရုပ်လေး ဟာ..လန်းဆန်းနေ မယ်.... ရုပ်ကလေး ကြည်လင်နေမယ်.....
 
စိတ်လေးရှင်းနေမယ်ပေါ့ အဲ့လို ကြားထဲ ကမှ (stress မရှိတဲ့ အထဲ မှ ) ၀က်ခြံ လေးတွေ ထွက်နေ မယ်ဆို..
 
စိတ်မပျက်နဲ့ ....၀က်ခြံ ပေါက်ရတာ.... နေပူဒဏ်ကြောင့် ......stress ရှိနေ သမျှ....ညစ်ညစ်ပတ်ပတ် နေ တတ်မျှ
 
လိင်ဟော်မုန်း လှုံဆော်ပေးနေ သမျှ (ဟတ္ထမေထုန်ပြုသမျှ..)..မိမိ ၀က်ခြံ ပေါက်တာကို ..စိတ်ထဲ ထည့် နေ သမျှ

ဝက်ခြံ မပျောက်နိုင် ဘူး အဲ့  ဒီ တော့  ၀က်ခြံ ကို ပျောက် ( ၀က်ခြံ မပေါက်ရ အောင် ) အပေါ်မှာ ဖော်ပြတာတွေကို
 
ဆင်ခြင်ပေါ့ ဝက်ခြံ ဘယ်လို ကုမလဲ ? ဆေးရှိတယ်..မပူပါ နဲ့  ...
 
 
 
 
 
 

မျက်နှာ သစ်ဆေး Nevia - Bye Bye Acne သုံး ပါ .... ( ၀က်ခြံ ပြင်းစ ကာလ မှာ တစ်နေ့  သုံးကြိမ်လောက် သစ်ပါ )

ပြီးတော့ လိမ်းဆေး လိမ်း ပါ .......ဆေးက... Clindermycin ကလင်ဒါမိုင်ဆင်... လိမ်းဆေး gel သုံး ပါ ...
 
(၅ထောင် ကျပ် ၀န်းကျင်ရှိတယ်..ဘူးကြီး) ၀က်ခြံ ပြင်းစ မှာ သောက်ဆေး သောက်ရ မယ်.... တတ်ထရာဆိုင်
 
ကလင်းပါ တစ်နေ့  တစ်လုံးပဲ သောက်ပါ (အစာစားပြီးမှ သောက်ပါ)အမြဲ သောက်ရ မယ့်  ဆေးက vitamin C ဗိုက်တာ
 
မင် စီ > စီ ဗစ် ပါ ....မြန်မာဆေးဝါး လုပ်ငန်းက ထုတ်တာသောက်ပါ....(စီဗစ် ကို မြန်မာပြည်က ထုတ်တာ အကောင်း
 
ဆုံးပဲ ဟု သတ်မှတ်ကြသည်....မလေးတို့  စင်ကာပူ တို့ မှ ပင် မှာယူကြသည် )
 
 
 

စီပစ်က ...တစ်နေ့  အနည်း ဆုံး ၂ ကြိမ် သောက်ပါ။ လိမ္မော်သီး များများ စားပေးပါ
 

----***** ၀မ်းချုပ် မခံ ပါ နဲ့  *****____
 

ရေ များများ သောက် ပါ..

မျက်နှာ ပေါင်းတင်တာ တို့  သွား မလုပ်လိုက် ပါ နဲ့ ....(အမာရွတ် ကျယ်ကျယ် ကျန်ခဲ့ လိမ့် မည် )

ဝက်ခြံ ပျောက်ကင်းကျ ပါ စေလိုအပ်တာရှိရင်မေးမြန်း ပါ .
 
 
 
 
 
 
 
၂။ငါးရိုးများစူးလျှင် ထုတ်လို့ မရပါက လျှင်မြန်စွာ ကြက်ဥစိမ်းကို ခွဲပြီး တစ်ခါတည်း မျိုချလိုက်ပါ........
 
ချက်ချင်း သက်သာ ပျောက်ကင်း သွားပါလိမ့်မည်.......


ဝက်ခြံပျောက်ချင်လျှင်တော့ ကြက်ဟင်းခါးသီးအစေ့ကို ဆားနှင့်ရောပြီး ညက်အောင်ကြိတ်ပြီးလျှင်
 
အရက်အနည်းငယ်နှင့် သင့်ရုံဖျော်ပေးပါ....ထို အရည်နှင့် ၀က်ခြံများကို လိမ်းပေးပါက
 
ပျောက်ကင်းပါလိမ့်မည်........


--
 

မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကိုမှ ချစ်တာမဟုတ်ပါဘူး။
 
မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာလည်း မေတ္တာပါပဲ။
 
ပျင်းရင် လာလည် နော်။

ကံကောင်းလိုက်ပုံများ ၁၁...မွှာ တောင် ရ


******၁၁မွှာ*****
သူငယ်ချင်းအားလုံးမင်္ဂလာပါ
ကံကောင်းလိုက်ပုံများတော့ကြည့်ပါအုံးဗျာ
မေးလ်ထဲရောက်လာတဲ့ ထူးထူးဆန်းဆန်းPhoto
အားလုံးလည်းကြည့်ရအောင်တင်ပေးလိုက်တာပါ။


အာဠာဝကဘီးလူး ဘုရားရှင်အားမေးသော မေးခွန်း(၄)ခု

အာဠာဝကအမည်ရှိသော ဘီးလူးမင်းကြီးသည်မြတ်စွာဘုရားနှင့်
တွေ့ဆုံသော အခါ စိတ်ဝင်စားဖွယ...်ကောင်းသော
အောက်ပါမေးခွန်း(၄)ခုကိုမေးခဲ့လေသည်။



၁။ လောက၌ရှိသောအရာတို့တွင် အမြတ်ဆုံးသောရတနာသည်အဘယ်အရာ ဖြစ်ပါသနည်း။

၂။ လေ့ကျက်ခြင်းတကာတို့တွင် အဘယ်မည်သောအလေ့အကျက်သည် ချမ်းသာကို
ဆောင်ပေးပါသနည်း။

၃။ အရသာတို့တွင် အဘယ်အရာသည်အကောင်းဆုံးသော အရသာဖြစ်သနည်း။

၎။ အသက်မွေးခြင်းတို့တွင်အဘယ်ကဲ့သို့သော အသက်မွေးခြင်းသည်
အမြတ်ဆုံး ဖြစ်မည်နည်း။


အထက်ပါ စိတ်ဝင်စားစရာ မှတ်သားစရာလိုက်နာကျင့်သုံးစရာကောင်းသော
ပုစ္ဆာ(၄)မျိုးကို အာဠာဝကဘီးလူးမင်းသည်မြတ်စွာဘုရားကို
လျှောက်ထားခဲ့ပေသည်။ ထိုအခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က

၁။ ရတနာ(၃)ပါးကို ယုံကြည်လေးစားမြတ်နိုးကြည်ညိုခြင်းသည်
အမြတ်ဆုံးသော ရတနာ ဖြစ်ပေသည်။

၂။ လေ့ကျက်ခြင်းတကာတို့တွင်ကုသိုလ်ကမ္မပထတရား (၁၀)ပါးကို

လေ့ကျက် ခြင်းသည် ချမ်းသာကို ဆောင်ပေးပါသည်။၎င်း(၁၀)ပါးမှာ

(1)ဒါန-စိတ်ထားဖြူစင်စေတနာကောင်းစွာ နှမြောမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲ
ပေးကမ်း လှူဒါန်းခြင်း။

(2)သီလ-ကိုယ်နှုတ်နှစ်ပါးတို့၌ကောင်းမွန်မှန်ကန်သော အကျင့်ရှိခြင်း။

(3)ဘာဝနာ-သမထ,၀ိပဿနာဘာဝနာ(၂)ပါးကို လေ့လာပွားများခြင်း။


(4)အပစာယန-ရတနာသုံးပါးဆရာသမား မိဘတို့ကို ရိုသေလေးစားခြင်း။

(5)ဝေယျာဝစ္စ-ကုသိုလ်ပြုလုပ်သောပွဲများ၌တက်နိုင်သည့်ဘက်မှ မပျင်းမရိ
ဝေယျာဝစ္စ အသွယ်သွယ်ကို ပြုလုပ်ပေးခြင်း။

(6)ပတ္တိဒါန-မိမိပြုလုပ်ထားသောကုသိုလ်များကို ကိုယ်ပိုင်အတ္တမရှိဘဲ
ဘုရားရှင်၏ အနတ္တ၀ါဒအတိုင်း အများအားအမျှဝေပေးခြင်း။

(7)ပတ္တာနုမောဒန-သူတစ်ပါးပြုလုပ်သောကောင်းမှုများကို

ကောင်းချီးဝမ်းမြောက်ပေးကာ သာဓုခေါ်ဆိုခြင်း။

(8)ဓမ္မသ၀န-မြတ်ဗုဒ္ဓ၏တရားများကို နာယူမှတ်သားခြင်း။

(9)ဓမ္မဒေသနာ-မိမိတက်သိသလောက်မြတ်ဗုဒ္ဓ၏တရားများကို အများအား ဖြန့်ဝေ
ဟောကြားပေးခြင်း။

(10)ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်းကောင်းမွန်သော အယူဝါဒ ယုံကြည်ချက်ရှိခြင်း။


အထက်ပါ(၁၀)ပါးသော ကောင်းမှုများသည်လူနတ်နိဗ္ဗာန် သုံးတန်သော
ချမ်းသာကိုရောက်အောင် လုပ်ဆောင်ပေးသောကြောင့်ကောင်းမွန်သောသုစရိုက်
တရားဟုလည်းကောင်း၊ ကုသလကမ္မပထတရားဟု ခေါ်ဆိုကြပေသည်။

၃။ အရသာတကာတို့တွင်မှန်ကန်ဖြောင့်မတ်သော
စကားကိုပြောဆိုခြင်းသည် အမြတ်ဆုံး အရသာ ဖြစ်ပါသည်။

၎။ အသက်မွေးခြင်းတကာတို့တွင်ကောင်းမွန်မှန်ကန်သော ပညာဖြင့်

အသက် မွေးခြင်းသည် အမြတ်ဆုံးဖြစ်ပေသည်။

အထက်ပါ အမေးအဖြေများသည်လူသားတိုင်းအတွက် အသုံးဝင်ပြီး
လိုက်နာကျင့်သုံးသင့်သော အမေးအဖြေများ ဖြစ်ပေသည်။အဘယ့်ကြောင့်ဆိုသော်
လူသားတို့သည် အာဠာဝကဘီးလူးမင်းကြီးမေးခဲ့သောအမေးနှင့်မြတ်ဗုဒ္ဓဖြေကြား
ပေးခဲ့သော အမေးအဖြေများကို
အမှန်တကယ်သိမြင်ပြီးလိုက်နာကျင့်သုံးမည်ဆိုလျှင် မျက်မှောက်ရော
နောက်ဘ၀များမှာပါ ကောင်းကျိုးသုခများခံစားရ၍ ကိုယ်စိတ်နှစ်ပါး

ချမ်းသာစွာဖြင့် နေထိုင်ရမည့်အပြင်
ချမ်းသာတကာတို့တွင်အချမ်းသာဆုံးဖြစ်ပြီး အမြတ်တကာတို့တွင်
အမြတ်ဆုံးဖြစ်သော ရောက်နိုင်ရနိုင်ခဲလှသောမြတ်နိဗ္ဗာန်ကို
ရောက်ရှိခံစားရပေလိမ့်မည်။
http://www.facebook.com/ma.s.mon.1