အမာတွင် စိန်ကျောက်၊
အမောက်တွင် မြင့်မိုရ်၊
အပျိုတွင် ကုမ္မရီ၊
အဆီတွင် ခြင်္သေ့၊
အကွေ့တွင် ဝင်္ဂဘာ၊
အသာတွင် လဝန်း၊
အထွန်းတွင် နေသူရိန်၊
အလိန်တွင် နဂါးပတ်၊
အမြတ်တွင် ဘုရား၊
အမှားတွင် ဒိဋ္ဌိ၊
အငြိတွင် သံယောဇဉ်၊
အပူတွင် ကိလေမီး။
ဟူသောဆိုရိုးစကားရှိရာတွင် အပူတစ်ကာ့အပူထဲတွင် သတ္တဝါတို့အတွက် ကိလေသာအပူမီးသည်
ကမ္ဘာမီးလောင်တာထက်ပင် ပြင်းထန်ပါသည်။ သတ္တဝါများကို ကိလေသာမီးက အမြဲလောင်နေပါသည်။
ထိုမီးများသည် မျက်စိမြင်ရာမှာလည်းကောင်း၊
နှာခေါင်း နံနေရာမှာလည်းကောင်း၊ လျှာအရသာခံစားရမှာလည်းကောင်
မျက်စိက ရူပါရုံအဆင်းကိုမြင်သော် လောဘကိလေသာမီးတွေ လောင်ပါသည်။
ကိုယ်မနှစ်သက်သောအာရုံများက
ရုပ်နာမ်အသိတရားမသိလျှင် မောဟမီး လောင်ပါသည်။ထိုမီးများကို ရေဖြင့် ငြိမ်း၍မရပါ။
မဂ္ဂင်ရေဖြင့်ငြိမ်းမှသာ ရနိုင်ပါသည်။မဂ္ဂင်ရေနှင့် မည်သို့ငြိမ်းမည်နည်း။
-မျက်စိကမြင်သောအခါ မြင်သည်ဟု ရှုမှတ်ရမည်။
-နားကကြားသောအခါ ကြားသည်ဟု ရှုမှတ်ရမည်။
-နှာခေါင်းကနံသောအခါ နံသည်ဟု ရှုမှတ်ရမည်။
-လျှာကစားသောအခါ စားသည်ဟု ရှုမှတ်ရမည်။
-ကိုယ်ကတွေ့ထိသောအခါ တွေ့ထိသည်ဟု ရှုမှတ်ရမည်။
-စိတ်ကကြံစည်သောအခါ ကြံစည်သည်ဟု ရှုမှတ်ရမည်။
ဤသို့ရှုမှတ်ခြင်းသည် ခန္ဓာကိုယ်မှာ လောင်နေသောမီးကို မဂ္ဂင်ရေနှင့် ငြိမ်းစေခြင်း မည်ပါသည်။
ဤသို့ရှုမှတ်မှုသည်ပင် မဂ္ဂင်ငါးပါးကိုအလိုလို အားထုတ်ပြီးဖြစ်နေပါသည်။
-မျက်စိကအဆင်းကိုမြင်၍ မြင်သည် ဟုရှုမှတ်တိုင်း၊ရှုမှတ်တိုင်း ကြောင့်ကြစိုက်မှု အားထုတ်မှုလုံ့လဝိရိယပါနေ၍ သမ္မာဝါယမမဂ္ဂင် ဖြစ်နေပါသည်။
-မှတ်တိုင်း မှတ်တိုင်း ရှုမှတ်နေရသော အမှတ်သတိက သမ္မာသတိမဂ္ဂင် ဖြစ်နေပါသည်။
-အမြင်အာရုံပေါ်မှာ မှတ်စိတ်ကလေးတည်နေမှုသည် သမ္မာသမာဓိမဂ္ဂင် ဖြစ်နေပါသည်။
-အမြင်အာရုံပေါ်မှာ မှတ်စိတ်ကလေးရောက်အောင် ဆွဲတောင်တွန်းပို့ပေးတဲ့သဘေ
သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေပါသည်။
ဥပမာ-ရွှေတိဂုံဘုရားမမြင်ဘူး
ဟောဒါ ရွှေတိဂုံဘုရားပဲ၊ အလွန်ကြည်ညိုစရာကောင်းတယ်လို့ပြောပြသဖြင့် တောသားစိတ်ကို
ရွှေတိဂုံဘုရားအပေါ်၌စိတ်အာရံ
သမ္မာသင်္ကပ္ပက မှတ်စရာအမြင်အာရုံလေးပေါ် ရောက်အောင်ဆွဲဆောင်ပို့ပေးလ
တောသားရွှေတိဂုံဘုရားအစစ်အမှ
သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ပါသည်။
မျက်စိကလည်းရုပ်တရား၊ မြင်ရသော ရွှေတိဂုံဘုရားကလည်း ရုပ်တရားပဲလို့ သိနေမှုသည်
သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်ပါသည်။
မျက်စိနှင့်အဆင်းအာရုံဆုံမိ
ထိုမြင်သိစိတ်ကို ဘုရားသခင်က သိကြားမင်းကဖန်ဆင်း၍ ပေါ်လာသည် မဟုတ်ပါ။
-မျက်စိနှင့်အဆင်းအာရုံက -ရုပ်တရား
-မြင်သိစိတ်က -နာမ်တရား
-ရုပ်တရား၊နာမ်တရားကိုပိုင်
မြင်သိစိတ်ဖြစ်ပေါ်လာရပါသည်။
-မျက်စိနှင့်အဆင်းဆုံဆည်းမှ
-မြင်သိစိတ်ဖြစ်ပေါ်လာသည်က -အကျိုးတရား
-အကြောင်းအကျိုးဆက်စပ်၍ဖြစ်
ကြောင်းကျိုးဆက်စပ်၍ဖြစ်ပေါ်
ကြာရှည်စွာ မြဲတည်မနေကြပါ၊ ဤနေရာမှာဖြစ်၊ ဤနေရာမှာပျက်၊ ဟိုနေရာမှာဖြစ်၊ ဟိုနေရာမှာပျက်၊
ဖြစ်လိုက်-ပျက်လိုက်၊ ပေါ်လိုက်-ပျောက်လိုက်နှင့် အနိစ္စသဘောဖြစ်မှု-ပျက်မှုက အပြတ်နှိပ်စက်နေ၍
ဒုက္ခသဘော၊ ဤရုပ်တရား နာမ်တရားများသည် ဖြစ်တော့လည်း သူ့သဘောအတိုင်းဖြစ်၊
ပျက်တော့လည်း သူ့သဘောအတိုင်းပျက်နေကြသည်။မိမိအလိုကျမပါ မဖြစ်၊ မိမိမပိုင်၊ မိမိအစိုးမရ၊
အနတ္တသဘော ဤကဲ့သို့သော အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောမှန်ကို သမ္မာဒိဋ္ဌိက သိပါသည်။
ထို့ကြောင့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါးကို ပညာမဂ္ဂင်ဟူ၍ ဆိုရပါသည်။
မြင်သည်-မြင်သည် ဟုရှုမှတ်လိုက်သောအခါတွင် သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော
သမာဓိမဂ္ဂင်က(၃)မျိုး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဟူသော ပညာမဂ္ဂင်က(၂)မျိုး၊ စုစုပေါင်း
မဂ္ဂင်(၅)မျိုး ရနေပါသည်။
တရားရှုမှတ်မည့်ပုဂ္ဂိုလ်သည်
“ဗုဗ္ဗေဝ ခေါ မနဿ ကာယကမ္မံ၊ ဝစီကမ္မံ အာဇီဝေါ သုမရိသုဒ္ဓေါ ဟောတိ”
“ကိုယ်အမှု၊ နှုတ်အမှု၊ အသက်မွေးမှုတို့သည် မရှုမှတ်မိရှေ့အဖို့ကပင်လျှ
စင်ကြယ်သည်ဖြစ်၏။”ဟုဟောထားသည့်အတိုင်း သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊
သမ္မာအာဇီဝ ဟူသောသီလမဂ္ဂင်(၃)ပါးသည်ပါပြီးဖြစ်၍ တရားရှုမှတ်သဖြင့် ထိုသီလမဂ္ဂင်သည်ပင်လျှင်
ပို၍ သန့်ရှင်းစင်ကြယ်သွားရပါသည်
တရားရှုမှတ်လိုက်တိုင်း (ဝါ)မြင်သည်ဟုရှုမှတ်လိုက်တိုင်း မဂ္ဂင်(၈)ပါး ပါဝင်နေပါသည်။
ထိုကဲ့သို့ မဂ္ဂင်ရှစ်ပါးအကျင့်တရားများ
လောဘ၊ဒေါသတရားများ မဖြစ်တော့ပါ။
ထိုသို့ လောဘ၊ ဒေါသတရားတွေ မဖြစ်အောင်-
-မြင်တိုင်း-မြင်တိုင်း မြင်သည်-မြင်သည် ဟုရှုမှတ်ပါ။
-ကြားတိုင်း-ကြားတိုင်း ကြားသည်-ကြားသည်ဟု ရှုမှတ်ပါ။
-နံတိုင်း-နံတိုင်း နံသည်-နံသည်ဟုရှုမှတ်ပါ။
-စားတိုင်း-စားတိုင်း စားသည်-စားသည်ဟုရှုမှတ်ပါ။
-တွေ့ထိတိုင်း-တွေ့ထိတိုင်း
-ကြံစည်တိုင်း-ကြံစည်တိုင်း
ကြံစည်သည်ဟုရှုမှတ်ပါ။
ထိုကဲ့သို့ရှုမှတ်နေပါလျှင်
အေးငြိမ်းမှုနိဗ္ဗာန်ကိုရပြီ
ဤခန္ဓာကိုယ်ကြီးသည် မီး(၁၁)ပါးလောင်နေသည်။ထိုမီးများကိုငြိမ်းသတ်နိုင
ချွေတာရပါမည်၊ ထိန်းသိမ်းရပါမည်။
-အဝတ်ကို ချွေချွေတာတာ၊
-အစားကို ချွေချွေတာတာ၊
-အသုံးကို ချွေချွေတာတာ၊
-အဖြုန်းကို ချွေချွေတာတာ၊
-အပျင်းကို ချွေချွေတာတာ၊
-အဖျင်းကို ချွေချွေတာတာ၊
-မတော်တရား အမော်အကြွားကို ချွေချွေတာတာ၊
-အပျော်အပါးကို ချွေချွေတာတာ၊
-အချစ်ကို ချွေချွေတာတာ၊
-အမုန်းကို ချွေချွေတာတာ
-အငေါက်ကို ချွေချွေတာတာ
-အခြောက်ကို ချွေချွေတာတာ
-အစောင်း အချိတ်ကို ချွေချွေတာတာ။
ဤကဲ့သို့သော လောဘ လွန်ကဲသူတွေ၊ ဒေါသလွန်ကဲမှုတွေမဖြစ်အောင်
ထိုသို့ ချွေတာနိုင်အောင် သတိပဋ္ဌာန် ရှုမှတ်မှု ရှိနေရပါမည်။
လောကသဘာဝတွင်-
- ချစ်လွန်းက နစ်မွန်းရမည်။
- သိပ်ချစ်က စိတ်ညစ်ရမည်။
- စွဲလမ်းက အသဲကျွမ်းတတ်ရသည်။
- အမုန်းကြီးက အရှုံးကြီးရသည်။
- အရှုံးကြီးက နှလုံးအသည်းကြွေရသည်။
ထိုကဲ့သို့သော နစ်မွန်းမှု၊ စိတ်ညစ်မှု၊ အသဲကျွမ်းမှု၊ အရှုံးကြီးမှု၊ နှလုံးအသည်းကွဲမှုတွေ မဖြစ်ရလေအောင်
ရာဂ၊ ဒေါသ၊ မောဟစသော ကိလေသာမီးလွန်ကဲမှုတွေကို ချွေတာထိန်းသိမ်းရပါမည်။
ထိုသို့ထိန်းသိမ်းနိုင်အောင
“အားကိုးရာအစစ်” ဖြစ်ပါမည်။
ဤကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကား ငါတည်း
ဤမာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖွယ်ရာ၊ မရှိပါတည်း။
နှစ်ဖြာ နာမ်ရုပ်မျှသာတည်း။
နာမ်ရုပ်တရား ဤနှစ်ပါးကား
ရှည်စွာကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၏။
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး။
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ငြား အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်း။
“ယောဟိ ဗုဒ္ဓေသု ဓရန္တေသုပိစတ္တာရော သတိပဋ္ဌာနေ နဘာဝေတိ
တဿ သဒ္ဓမ္မော အန္တရဟိတော နာမဟောတိ”
“အကြင်သူသည် ဘုရားရှင်တို့ထင်ထင်ရှားရှာ
ထိုသူအား သူတော်ကောင်းတရားသည် ကွယ်သည်မည်၏။”
(သံ-ဋ္ဌ-၃-၂၀၆)
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】
Posted by►
https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936
No comments:
Post a Comment