အကျဉ်းကျနေသူရဲ့ အရသာကို သိရှိလိုသူတွေ အတွက် အကောင်းဆုံး ဖန်တီးမှုတစ်ခု ပြုလုပ်ပေးထားပါတယ်။ အဲဒါကတော့ တည်းခိုနေထိုင်မယ့် နေရာကို အချုပ်ခန်းပုံစံ ဖန်တီးထားခြင်း ဖြစ်ပါတယ်။
အခန်းထဲ ၀င်ရောက်တာနဲ့ အချုပ်ခန်းထဲ ရောက်သလို ခံစားသွားစေဖို့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါဟာကမ္ဘာမှာ အချုပ်ခန်းကို ငွေကြေးပေးပြီး နေထိုင်တဲ့ နေရာအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီနေရာကို ၂၀၁၃ ကတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး တည်းခိုနေထိုင် သူပေါင်း ( ၄၀၀) ကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီနေရာဟာ အမေရိကန် ပြည်ထောင်စု၊ အိုဟိုင်းယို ပြည်နယ်မှာ တည်ရှိပြီး စားသောက်ဆိုင်နဲ့ အတူ အချုပ်ခန်း တည်းခိုခန်းတွေကို ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ စုစုပေါင်း အခန်း(၄)ခန်းသာ ပါဝင်တာကြောင့် တစ်ညကို လူ (၄) ယောက်သာ တည်းခိုနိုင်မှာ ဖြစ်ပါတယ်။ ကလီဗီလန်းကနေ ကားဖြင့်သွားပါက (၄၅) မိနစ်ဆိုရင် ထူးခြားတဲ့ အချုပ်ခန်း တည်းခိုခန်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အိုဟိုင်းယို ဒေသက ဗာမီလီယံ အရပ်ဒေသမှာ တည်ရှိပြီး ဒီနေရာကို အရင်က စာကြည့်တိုက် အဖြစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီနောက် အချုပ်ခန်း အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေနဲ့ နီးတဲ့ ဒေသမှာ တည်ရှိတာဖြစ်ပြီး တည်းခို နေထိုင်နိုင်အောင် ပြန်လည် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီနေရာကို လာရောက်တဲ့ ဧည့်သည်တွေ ညအိပ်တည်းခိုတဲ့အခါ ထူးခြား အတွေအကြုံရဖို့ အခန်းတွေကို အရင် တည်ဆောင်ခဲ့တဲ့ အချုပ်ဆောင်တွေ အတိုင်း ထားခဲ့တာ ဖြစ်ပါတယ်။ ရှေးခေတ် ဥရောပစတိုင် ပြုလုပ်ထားခြင်းဖြစ်ပြီး အသုံးအဆောင် ပစ္စည်းတွေကတော့ အချုပ်ခန်း တစ်ခန်းထက် အများကြီး ကောင်းအောင် ပြုလုပ်ပေးထားပါတယ်။
အချုပ်ခန်း တစ်ခန်းဆိုရင် နှစ်ယောက်အိပ် ခုတင်တစ်လုံးကိုပါ ထည့်သွင်းထားကြောင်း သိရပါတယ်။ မိသားစုလိုက် လာရောက်ပြီး (၄) ခန်း စလုံးကို ငှားရမ်း နေထိုင်မယ်ဆိုရင် သီးသန့် ပိုင်ဆိုင်တဲ့နေရာ ဖြစ်သွားပြီး အခြားသူတွေ လာရောက် နှောင့်ယှက်မှာကို ပူပန်စရာ မလိုတော့ပါဘူး။ အချုပ်ခန်းရဲ့ အရသာကို သိစေဖို့ ပြစ်မှု ကျူးလွန်စရာမလိုဘဲ တစ်ညအိပ်စက် နေထိုင်နိုင်တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/53959
No comments:
Post a Comment