အပင်ပေါ် တက်ပြီး သစ်သီးခူးတဲ့အလုပ်လား။ ယခုဖော်ပြပါ တရုတ်အမျိုးသမီးကြီးအတွက်တော့ ထမင်းစားရေသောက်အလုပ်လိုပဲ အလွန်ကို လွယ်ကူတဲ့ကိစ္စပါပဲ။
လူအများအပြားက ဖော်ပြပါ အပင်ပေါ် တက်ပြီး သစ်သီးခူးဖို့ ကြိုးစားခဲ့ကြပေမယ့် ဒီသက်ကြီးရွယ်အိုအမျိုးသမီးလောက်တော့ ဘယ်သူမှ ပေါ့ပါးလျင်မြန်စွာ မတက်နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။
အသက် ၉၇ နှစ်ရှိ အဆိုပါအဖွားအိုဟာ သူ့ရဲ့ တည်ငြိမ်ပြီး ယုံကြည်ချက်အပြည့်ရှိတဲ့ ဟန်ပန်နဲ့ သွက်လက်ပေါ့ပါး လွယ်ကူမြန်ဆန်ပုံတို့နဲ့ လူအုပ်ကြီးကို အံ့အားသင့်ရှော့ခ်ရစေခဲ့ပါတယ်။
ပ၀ါတစ်ခုကို လည်ပင်းမှာ သိုင်းယှက်လွှမ်းခြုံကာ သစ်ပင်တက်ပြခဲ့တဲ့ အဆိုပါအဖွားအိုကတော့ ခေတ်သစ်သစ်ပင်တက်စူပါဟီရိုးတစ်ယောက်ပဲ ဖြစ်ပါတယ်။
Credit: phothutaw
http://www.searchmyanmar.com/link/comment/cid/53932
No comments:
Post a Comment