လူတိုင်းမှာ စိတ်ကူးအိပ်မက်တွေရှိကြတယ်။ တချို့က ကမ္ဘာကြီးကိုပတ်ဖို့၊ တချို့က ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့။ သင့်ရဲ့စိတ်ကူးအိပ်မက်ဟာ ဘာပဲဖြစ်နေဖြစ်နေ သတ္တိရှိရှိစိတ်ကူးပါ။ ပြီးရင် အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပါ။
အရာတစ်ခုက နောက်ကျတယ်၊ စောတယ်ဆိုတာ မရှိဘူး။ အဲဒီအရာက စိတ်ကူးအိပ်မက်ပဲဖြစ်တယ်။
၃နှစ်သားကလေးမှာ ၃ နှစ်သားရဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ ကစားစရာ အရုပ်ကြီးတစ်ခု ပိုင်ဆိုင်ရဖို့ဖြစ်တယ်။
၁၈နှစ်အရွယ်မှာ ၁၈နှစ်အရွယ်ရဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ ကိုယ်တက်ချင်တဲ့ ကျောင်းတစ်ကျောင်းကျောင်းကို တက်ရဖို့ဖြစ်တယ်။
၃ဝနှစ်အရွယ်မှာ ၃ဝနှစ်အရွယ်ရဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်လေးရှိဖို့ဖြစ်တယ်။
အသက်၈ဝအရွယ်မှာ ၈ဝအရွယ်ရဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ ကိုယ့်ဘဝဖော်နဲ့ အတူလက်တွဲပြီး စားချင်တာကိုစားနိုင်ဖို့ဖြစ်တယ်။
စိတ်ကူးအိပ်မက်က မရယူနိုင်လောက်အောင် မဝေးပါဘူး။ စာရွက်ပေါ်မှာပဲ ချရေးရုံ၊ စိတ်ကူးရုံနဲ့လည်း အကောင်အထည်မဖြစ်မြောက်နိုင်ပါဘူး။ လက်တွေ့အကောင်အထည်ဖော်ဖို့ ပထမခြေတစ်လှမ်း စလှမ်းရဲဖို့တော့ လိုအပ်ပါတယ်။
သင့်စိတ်ကူးအိပ်မက်က ဘာပဲဖြစ်နေဖြစ်နေ၊ အကောင်အထည်ဖော်ဖို့ ဘယ်လိုပဲခက်ခဲနေပါစေ၊ အရေးကြီးတာက ဇွဲလုံ့လရှိတဲ့စိတ်ဓာတ်တစ်ခု ရှိဖို့ပါပဲ။ စိတ်ကူးအိပ်မက်ကို ပွေ့ဖက်ထားသူတွေဟာ သတ္တိရှိတယ်။ မျှော်လင့်ချက်ရှိတယ်။ ပျော်ရွှင်ခြင်းရှိတယ်။ ဒါပေမဲ့ စိတ်ကူးအိပ်မက်ကို အတွေးထဲမှာပဲထားပြီး အကောင်အထည်မဖော်ခဲ့ရင်တော့ အဲဒီစိတ်ကူးအိပ်မက်ဟာ စိတ်ကူးယဉ်ခြင်းသက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။
Credit: နိုင်းနိုင်းစနေ
http://www.searchmyanmar.com/link/comment/cid/52819
No comments:
Post a Comment