Pages
▼
အမေ့အတွက် စမတ်ဖုန်းသုံးနည်းလမ်းညွှန်
အမေဖြစ်သူ စမတ်ဖုန်းသုံးတက်ဖို့အတွက် သားဖြစ်သူက ဗလာစာအုပ် ၁၄
မျက်နှာရှိတဲ့ ‘‘စမတ်ဖုန်း အသုံးပြုနည်း လမ်းညွှန်’’ ကို
ကိုယ်တိုင်ရေးသားပေးခဲ့ရပါတယ်။
တရုတ်နိုင်ငံ ဟေလောင်ယန်းပြည်နယ်မှာ နေထိုင်သူ လူငယ်လေးက သူ့အမေအတွက်
စမတ်ဖုန်းဝယ်ပေးပြီး အသုံးပြုတက်အောင် ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။
မနှစ်ကမှ ဘွဲ့ရထားတဲ့ လူငယ်လေး ဇင် ဟာ သူ့ရဲ့အမေအတွက်
ပထမဆုံးစမတ်ဖုန်းတစ်လုံး ဝယ်ပေးခဲ့တာပါ။ အမြဲတမ်းလိုလို keypads
ဖုန်းလို့ခေါ်တဲ့ ခလုတ်ဖုန်းကိုသာ ကိုင်ခဲ့သူဖြစ်တာကြောင့် သူရဲ့အမေဟာ
စမတ်ဖုန်းကို မသုံးတက်ပါဘူး။ ထူးထူးဆန်းဆန်းသူ့လုပ်ရပ်ကြောင့်
တရုတ်ပြည်မှာ သတင်းစာတွေကတောင် အထူးအဆန်းအဖြစ် ဖော်ပြခဲ့ရတာဖြစ်ပါတယ်။
သူ့ရဲ့အမေအတွက် စမတ်ဖုန်းအသုံးပြုနည်း လမ်းညွှန်ကို ရေးသားဖို့
နေ့တဝက်ကျော်အချိန်ပေးခဲ့ရပါတယ်။
ဒါပေမယ့် ဒီလမ်းညွှန်ဟာ သူ့အမေနဲ့ အမြဲရှိနေမှာဖြစ်လို့ သူမရှိရင်လည်း
အစဉ်ပြေစေမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီလမ်းညွှန်ကြောင့်ပဲ ပထမဆုံးစမတ်ဖုန်း
စသုံးတဲ့ သူ့အမေဟာ ချက်ခြင်းဆိုသလို ဖုန်းနဲ့ဓါတ်ပုံရိုက်တက်သွားတဲ့အပြင် သတင်းအချက်အလက်တွေကိုလည်း ရှာတက်သွားပါတယ်။
လူငယ်လေး ဇင်က သူ့အမေအတွက်ရေးဆွဲထားတဲ့ စမတ်ဖုန်းလမ်းညွှန်ကို အင်တာနက်ပေါ် တင်လိုက်ပြီးတဲ့နောက် အလွန်ရေးပန်းစားလာခဲ့ပါတယ်။
Planet Myanmar
https://www.facebook.com/thutazone/photos/a.786752238044799.1073741828.7
No comments:
Post a Comment