ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနရိုးမြို့မှာ နေထိုင်တဲ့ အသက်(၂၃)နှစ် အရွယ်ရှိ သန့်ရှင်းရေး အလုပ်သမ တစ်ဦးဟာ လှပတဲ့ ရုပ်ရည်ကြောင့် မော်ဒယ်အဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်းမှုအချို့ကို လက်ခံရရှိ ထားတယ်လို့ သိရပါတယ်။
လမ်းမတွေထက်မှာ သန့်ရှင်းရေး လုပ်နေသူ အနေနဲ့ မော်ဒယ်ဘ၀ကို ရောက်ရှိလာတာတော့မှာ ဖြစ်တာကြောင့် ဒီသတင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေ အများအပြား ရှိခဲ့ပါတယ်။ ရီတာမက်တိုစ်ဟာ လူမှုကွန်ရက်မှာ ပုံတွေတင်ရင်း ထင်ရှားလာတာ ဖြစ်ပါတယ်။ Facebook မှာ သန့်ရှင်းရေး ပြုလုပ်နေတဲ့ ဓာတ်ပုံတွေ အပြင် ဖက်ရှင်ကျကျ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ဘီကီနီ ၀တ်ဆင်ထားတဲ့ ဓာတ်ပုံတွေကို တင်ရှိထားတာကြောင့် ခဏတာအတွင်း လူသိများသွားခဲ့တာ ဖြစ်ပါတယ်။
ရီတာမက်တိုစ်ဟာ သန့်ရှင်းရေး ၀န်ထမ်းအဖြစ် ဆောင်ရွက်ရာမှာ တစ်လကို ပေါင် (၄၀၀)သာ ရရှိနေပြီး၊ ဘာကြောင့် လုပ်ရသလဲ ဆိုတာကို အခုလို ရှင်းပြခဲ့ပါတယ်။ ရီတာမက်တိုစ်က မိမိ၏အလုပ်များကို မေးခွန်းထုတ်မှုများ ရှိနေကြောင်း၊ မိမိသည် သန့်ရှင်းရေး အလုပ်ထက် အခြား အလုပ်များကို လုပ်ကိုင်နိုင်သည့် အခွင့်အရေးရှိကြောင်း၊ သို့သော်လည်း လက်ရှိ အလုပ်အတွက် ဂုဏ်ယူမိကြောင်း ဟြေကြားခဲ့ပါတယ်။
ဒီအလုပ်ကို ပြီးခဲ့တဲ့ မတ်လက စတင်လုပ်ခဲ့တာ ဖြစ်ပြီး၊ နေ့စဉ် နံနက် (၄း၀၀) နာရီ ထရကြောင်း၊ တစ်နေ့ အလုပ်ချိန်မှာ (၁၂)နာရီခန့် ရှိနိုင်ကြောင်း ရီတာမက်တိုစ်က ဆက်လက်ဆိုခဲ့ပါတယ်။ ရီတာမက်တိုစ်ကို အေဂျင်စီအချို့က မော်ဒယ် အဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်း ထားကြပါတယ်။ ဒါပေမဲ့ ရီတာမက်တိုစ်က လက်ရှိ အလုပ်ကို စွန့်လွှတ်ခြင်း မပြုဘဲ မော်ဒယ် အလုပ်ကို လုပ်ကိုင်သွားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/52468
No comments:
Post a Comment