မိုးတွင်းကာလ ၀ါဆိုလဆန်းရက်၏ နံနက်ခင်းရာသီဥတုက အုံ့ပျပျဖြစ်နေသည်။ နံနက် ၆ နာရီခန့်ရှိပြီဖြစ်သော်လည်း အလင်းရောင် သဲကွဲစွာမရသေး။ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဖြတ်သွားဖြတ်လာယာဉ်တွေ နည်းပါးနေသေးသည်။ကျွန်တော် ဦးတည်နေသည့်နေရာသည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ မြသပိတ်ရေပြာအိုင်ဆီသို့ဖြစ်သည်။ ကျွန်တော်နှင့်အတူ မန္တလေးမြို့မှ သတင်းစာဆရာတစ်ဦးလည်းပါသည်။
ဆိုင်ကယ်လေးတစ်စီးဖြင့် နှစ်ယောက်စီးကာ ထွက်လာကြခြင်းဖြစ်သည်။
ဟံမြင့်မိုရ်ကျေးရွာရောက်တော့ အရှေ့ဘက်တည့်တည့်ဆီ ထွက်လိုက်သည်နှင့် မြင့်မားမှိုင်းညို့နေသော တောင်တန်းကြီးတွေက ဆီးကြိုတော့သည်။ စိမ်းလဲ့လဲ့တောအုပ်နှင့် အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသော ဇော်ဂျီမြစ်သည်လည်း ပနံရလှသည်။ လမ်း ဘေးဝဲယာတစ်လျှောက် သရက်ခြံ၊ ငှက်ပျောခြံတွေက အုံခဲနေသည်။ နေမင်း၏အလင်းရောင်က မိုးသားမည်းမည်းတွေကြား ကျိုးတိုးကျဲတဲ ထွက်ပေါ်နေပုံက ဆလိုက်မီးတွေ ပေးထားသည့်နှယ်။
မြို့ကြီးဆိုသည့် ကျေးရွာရောက်တော့ ကျောက်ဆည်မြို့နယ် ကုန်ဆုံးသွားပြီဖြစ်သည်။ မြို့ကြီးကျေးရွာသည် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရွာငံမြို့နယ်ထဲမှာရှိသည်။
မြို့ကြီးကျေးရွာမှစတင်ကာတောင်တက်လမ်းတွေ စတင်တော့သည်။ တောင်တက်လမ်းတွေက မတ်စောက်ကာ ကျဉ်းမြောင်းလွန်းလှသည်။ ကားတစ်စီးနှင့်တစ်စီးဆုံလျှင် တစ်စီးက လမ်းဘေးခေတ္တချရပ်ပေးသည်။ ကတ္တရာလမ်းက ကောင်း၍သာတော်သေးသည်။ သည်လမ်းက တောင်ကြီးသွားသည့် ကားသေးလေးတွေ အများဆုံး ဖြတ်ရာလမ်းဖြစ်သည်ဟု ကျွန်တော့်မိတ်ဆွေက ရှင်းပြသည်။ ကုန်တင်ကားသေးအချို့လည်း ဖြတ်သန်းသွားတာတွေ့ရသည်။
တောင်တက်လမ်းတွေက ရှည်လျားလွန်းလှသည်။တစ်ကွေ့ တက်ပြီး နောက်တစ်ကွေ့ကထပ် ပေါ်လာသည်။ တောင်ကြီးတွေက အစိမ်းရောင်ကော်ဇောကြီးတွေ ချခင်းထားသလို ကြွရွတောက်ပ နေသည်။ မိုးတွင်းမို့ သစ်ပင်တွေ က စိမ်းစိုနေသည်။
ရှုခင်းတွေငေး ရင်း တောင်တက်လမ်းတစ်နေရာ အရောက် ဆိုင်ကယ်က တုံ့ခနဲ့ ရပ်သွားသည်။ ဆင်းကြည့်တော့ ချိန်းကြိုးကျသွားတာဖြစ်သည်။ ချိန်းကြိုးက အတွင်းဘက်မှာကျ သွား၍ ဘယ်လိုမှတင်မရ။ တောင်တွေကြားထဲ နှစ်ယောက် သားဗျာများရတော့သည်။ ပြန် လှည့်ဖို့ဆိုတာလည်း မဖြစ်နိုင်။အ နီးဆုံးမြို့ကြီးကျေးရွာပင် ခပ်ဝေး ဝေးမှာကျန်ခဲ့ပြီ။ နောက်ထပ် ကျေးရွာတွေကလည်းအစအအန တောင်မမြင်ရသေး။ ထိုအချိန် တ ထိုင်းထိုင်းဖြင့် ထော်လာဂျီတစ်စီး တက်လာသံကြားရသည်။တောင် တွေနှင့်ကွယ်နေတော့ အသံသာ ကြားရသည်။ မမြင်ရသေး။ တ အောင့်လောက်နေတော့ နွားတွေ တင်လာသည့် ထော်လာဂျီတစ်စီး ကို တောင်ကြီးနံဘေးက ဘွားခနဲ ထွက်လာတာမြင်ရသည်။
ကျွန်တော်တို့မတားရသေး ခင် ထော်လာဂျီပေါ်ပါလာသည့် သူတွေက တစ်ခုခုကူညီဖို့အဆင် သင့်ဖြစ်နေသည်ကိုတွေ့ရသည်။ ကျွန်တော်တို့ဆိုင်ကယ်ရှေ့အ ကျော်မှာထော်လာဂျီကိုရပ်သည်။ သူတို့၌ပါသည့် ဂွတွေ၊ ပလာယာ တွေထုထ်ပေးသည်။ ချိန်းကို ကူ တင်ပေးကြသည်။ နောက်ဆုံးချိန်း ပြန်တင်နိုင်ခဲ့သည်။ သည်လမ်း ကြောက ယာဉ်တစ်ခုခုပျက်ရင် မ လွယ်တာမို့ လာကူပေးကြသည်။ စကားပြောကြည့်တော့ ဓနုလူမျိုး တွေဖြစ်နေသည်။ စကားသံဝဲ၀ဲ အပြုံးချိုချိုဖြင့် ကူညီပေးခဲ့ကြပါ သည်။
ချိန်းကပြန်တင်နိုင်ခဲ့ပေမယ့် အသားမကျသေး။ တဒုတ်ဒုတ် မြည်နေသည်။ စီးရတာဘယ်လိုမှ စိတ်မဖြောင့်။ ဆိုင်ကယ်ကိုမှေးစီး လာရင်း နံနက် ၉ နာရီလောက်မှာ ကျောက်ကူပြင်ဆိုသည့်ကျေးရွာ ကိုရောက်သည်။ ကျောက်ကူပြင် မှာ ဓာတ်ဆီဝင်ထည့်ရင်း ရွာလေး ကို စနည်းနာကြည့်သည်။ တောင် တန်းတွေကြားထဲထည်ထားသည့် ကျေးရွာလေးတစ်ရွာဖြစ်သည်။ခြံ တွေက အကျယ်ကြီးတွေ။ ရာသီ ဥတုကလည်း အေးစိမ့်နေသည်။ အနွေးထည်တွေကိုယ်စီဖြစ်သည်။ ဂေါ်ရခါး၊ လိမ္မော်၊ သံပရာ၊ ထော ပတ်၊ ကော်ဖီ၊ လက်ဖက်စသည် ဖြင့်အဓိကထား စိုက်ပျိုးကြသည် ဟု ဆိုသည်။
ကျောက်ကူပြင်ကနေ ခရီး ဆက်ထွက်လာခဲ့ကြသည်။ လမ်း တစ်လျှောက် ဒေသထွက်ပိန္နဲသီး တို့၊ ငှက်ပျောသီးတို့ သံပရာသီး တို့ကို တဲလေးတွေထိုးကာရောင်း နေကြတာတွေ့ရသည်။ တချို့ နေရာတွေမှာ ပိန်သွယ်သွယ် ယူ ကလစ်ပင်တွေ၊ နေပြောက်ပင် မ ထိုးနိုင်သော ညောင်ပင်အုံ့အုံ့ဆိုင်း ဆိုင်းကြီးတွေလည်း တွေ့ရသည်။ တောင်တန်းတွေကတော့ အရပ် ရှစ်မျက်နှာ ပတ်လည်ကာဆီးနေ လေသည်။
ရွာငံကိုရောက်တော့ နံနက် (၁၀) နာရီလောက်ပင်ရှိသေး သည်။ ချိန်းကြိုးပြင်ဖို့ ဆိုင်ကယ် ၀ပ်ရှော့ကိုအရင်သွားကြသည်။ ၀ပ်ရှော့ဆရာနှင့်သူ့တပည့်ကချိန်း ကြိုးကိုပြန်တင်းပေးသည်။ အမဲ ဆီထိုးပေးသည်။ ဘယ်လောက် ကျလဲမေးတော့ ၀ပ်ရှော့ဆရာက မပေးပါနဲ့ဟုဆိုသည်။ အားနာ၍ ဇွတ်ပေးသော်လည်း မရ။ ပြုံးရွှင် စွာဖြင့် ပေးဖို့မလိုဟုသာ တွင် တွင်ပြောသည်။ နောက်ဆုံး ကျွန် တော့်မိတ်ဆွေဝယ်လာသည့် ကွမ်းယာတစ်ယာကိုသာယူစား လေသည်။
ရွာငံကနေ ရေပြာအိုင်ဆီ ဆက်ထွက်လာကြသည်။ တချို့ နေရာလေးတွေမှာ တောင်တက် လမ်းအချို့ ပြန်တွေ့ရပြန်သည်။ ထိုစဉ်မိုးတွေ သဲကြီးမဲကြီးရွာချပါ လေတော့သည်။ နှစ်ယောက်သား မိုးကာအင်္ကျီမပါ၍ နောက်ပြန် လှည့်ကာ စားသောက်ဆိုင်တစ် ဆိုင်တွင် မိုးဝင်ခိုရတော့သည်။ ထိုဆိုင်သည်လည်း ဓနုဆိုင်လေး တစ်ဆိုင်ဖြစ်သည်။ လွယ်မယ် ထင်တာလေးတွေ မှာလိုက်ကြ သည်။ အဝေးပြေးလမ်းတွေမှာ တွေ့ရသည့်ဆိုင် အချို့လက်ရာ ကသာမန်၊ ဈေးက အဆမတန်ယူ တာမျိုးတွေကြုံဖူးသည်။ ဓနုဆိုင် လေးမှာကျ ဈေးကလည်းပုံမှန်၊ လက်ရာကလည်း မဆိုး၊ စားနေ သောက်နေတုန်း အဆင်ပြေ၊ မ ပြေ တတွတ်တွတ်လာမေးသည်။
ပိုက်ဆံရှင်းတော့လည်း သောက် ရေသန့်တစ်ဘူးလက် ဆောင်ပေး ပါသည်။ ရွာငံနှင့် မြသပိတ်ရေပြာ အိုင်က မိုင် (၂၀) လောက်တော့ ကွာဝေးမည်။ တစ်နာရီသာသာ လောက်တော့ မောင်းလိုက်ရ သည်။ တောကြယ်ရွာ မြသပိတ် ရေပြာအိုင်ကိုရောက်တော့ နေ့ ခင်း (၁၂) နာရီကျော်။
ရေပြာအိုင်ကိုရောက်တော့ လူကရှင်းနေသည်။ တောကြယ် ရွာက ကလေးတစ်ယောက်သာ တွေ့ရသည်။ မြသပိတ်ရေပြာ အိုင်က တရုတ်သိုင်းကားတွေထဲ က နတ်ရေကန်တွေလိုပြာလဲ့ကြည် လင်နေသည်။ ရေကကြည်လင် လွန်းသဖြင့် ကန်အတွင်းလဲကျနေ သည့် သစ်ပင်အကိုင်းအခက်တွေ ကို အထင်းသား မြင်နေရသည်။ နောက်ပြီး ငါးလေးတွေကူးခတ် နေတာကိုလည်း အတိုင်းသား တွေ့ရသည်။ သစ်ရွက်ခြောက် တွေ ကန်ထဲကျနေသည်ကလည်း တစ်မျိုးလှနေသည်။ ဆေးရောင်စုံ ပန်းချီကားချပ်ကြီးတစ်ခုအလား ဖြစ်သည်။ ကန်ထဲကိုလူတွေမ၀င် နိုင်အောင် သံဆူးကြိုးတွေ စည်း ရိုးကာထားတာတွေ့ရသည်။
တောကြယ်ရွာမှဆရာတော် ဦးပညာဘောဂထံဝင်ကာ မြသ ပိတ်ရေပြာအိုင်အကြောင်းမေး မြန်းလျှောက်ထားဖြစ်သည်။ ဆ ရာတော်က ဓနုသံခပ်ဝဲ၀ဲဖြင့်ရှင်းပြ သည်။ ဆရာတော်တို့မိဘဘိုးဘွား များလက်ထက်ကတည်းက သည် ရေပြာအိုင်ကြီးရှိခဲ့ကြောင်း၊ သည် ဒေသကလူတွေက ရေပြာအိုင်မှ ရေသည် ရောဂါတွေပျောက်ကင်း သည်ဟု ယုံကြည်ကြကြောင်းရှင်း ပြသည်။ သို့သော် ရေပြာအိုင်က ရေကိုတော့ ခပ်ယူအသုံးပြုလို့မ ရ။ အိုင်မှတစ်ဆင့်သွယ်တန်းကာ ကျလာသည့်ရေကိုမှ ခပ်ယူအသုံး ပြုခွင့်ရတာဖြစ်သည်။ အိုင်ကရေ ကို သွားခပ်ယူခဲ့လျှင် ဘေးဒုက္ခ တွေရောက်လေ့ရှိသည်ဟု ဒေသ ခံတွေရဲ့ ယုံကြည်မှုတွေကို ပြော ပြသည်။ ဆရာတော်သည်လည်း ယခင်တွေ့ခဲ့သည့် ဓနုတွေလိုပင် မျက်နှာတော်ပြုံးချိုစွာ ရှင်းပြခဲ့ လေသည်။
ရေပြာအိုင်ကနေ ရွာငံဆီ ပြန်ကြသည်။ ရွာငံပြန်ရောက် တော့ နှစ်ယောက်သား နဲ့ချည့်နေ ကြပြီ။ ရွာငံမြို့၏တစ်ခုတည်း သော ဟိုတယ်မှာတည်းရန် ဆုံး ဖြတ်လိုက်ကြသည်။ ဟိုတယ်က ထူးထူးဆန်းဆန်း သုံးယောက်ခန်း တွေချည်းရှိသည်။ သုံးယောက် ခန်းတစ်ခန်းကို ကျပ်သုံးသောင်း ယူသည်။ ဘန်ကလိုလေးတွေနဲ့ ဖြစ်သည်။ ဧည့်သည်ကတော့ မိုး ရာသီမို့ရှိပုံမရ။
နံနက်ခင်းရောက်တော့ ဟို တယ်ကစီစဉ်ပေးသည့် ပဲထမင်း ဆီဆမ်း၊ ပဲစာဥကြော်၊ ချဉ်ပေါင် ကြော်၊ ကြက်ဥကြော်တို့ စားရ သည်။ ဟိုတယ်ပိုင်ရှင်နဲ့တွေ့ တော့ သူတို့မြို့ကလေးရဲ့ တခြား သွားလည်ဖို့ကောင်းတာလေးတွေ ညွှန်းသည်။ဟိုတယ်တွေကCheck Out Time ကိုနေ့လယ် ၁၂ နာရီ ထားလေ့ရှိတော့သည် ဟိုတယ်ရဲ့ Check Out Time ကို မေး လိုက်သည့်အခါ ကြိုက်တဲ့အချိန် မှသာထွက်ပါဟု စိတ်လိုလက်ရ ပြောသည်။ ကျွန်တော်က ဓနုတွေ အရမ်းသဘောကောင်းတဲ့အ ကြောင်းပြောသည့်အခါ ‘‘ရိုးလွန်း တော့လည်း အသလိုလိုတောင် ဖြစ်လာတယ်ဗျာ’’ဟု ပြောရင်း ရယ်လေသည်။
မပြန်ခင်ရွာငံမြို့နယ် အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီဝင် လိုက်သည်။ မြို့နယ်အုပ်ချုပ်ရေး မှူးရော ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ရော ဒုဦးစီးမှူးတို့ကပါ မြို့နယ်နဲ့ ပတ်သက်တာတွေကို လိုလိုလား လားပြောပြကြသည်။ ရွာငံမြို့နယ် ထဲမှာရှိသည့် နောက်ထပ်လည် ပတ်လို့ကောင်းမည့် ရေတံခွန် တွေ၊ လိုဏ်ဂူတွေအကြောင်းပြော ပြသည်။
လည်ပတ်ရမည့်ခရီးစဉ်လမ်း ကြောင်းဆွဲထားတာတွေထုတ်ပြ သည်။ ဟိုတယ်တွေ၊ တည်းခိုခန်း တွေအပြင် ဘုန်းကြီးကျောင်းနဲ့ ဒေသခံအိမ်တွေမှာ တည်းလို့ရတဲ့ အကြောင်း၊ လမ်းပြလိုချင်လျှင် လည်း လုပ်ပေးကြောင်း၊ ရွာငံကို လာလျှင် ရုံးကိုအရင်ဝင်ကာ လည်ပတ်ရန် အကူအညီလာ ရောက်တောင်းခံလျှင်လည်း ကူ ညီမည့်အကြောင်းပြောပြကြ သည်။
ရွာငံမြို့ကလေးကို ဒုတိယ ပြင်ဦးလွင်မြို့ဟု တင်စားထား တာတွေလည်းတွေ့ရသည်။ ရွာငံ ၀န်းကျင်သည် သဘာဝတော တောင်ရှုခင်းတွေ အများကြီးရှိနေ သည်မို့ မကြာခင်အပန်းဖြေမြို့က လေးတစ်မြို့ဖြစ်လာမည်ဟုလည်း ထင်မြင်မိသည်။
မြို့ကလေးက လွန်စွာရိုးရှင်း လွန်းလှသည်။ မြို့ကလေးမှာနေ သူတွေအမြဲလိုလို အေးချမ်းပြုံး ရွှင်နေကြသည်။ ‘‘မှုခင်းဖြစ်ပွားမှု ဆို အရမ်းနည်းတယ်’’ဟု ရွာငံမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက် နိုင်မြင့်ကဆိုပါသည်။
ရွာငံကနေပြန်လာရတော့ ရွာငံ၏ အေးချမ်းသည့်ပုံရိပ်တစ်ခု က စိတ်နှလုံးသားထဲ ကပ်ငြိပါ လာခဲ့သည်။ ရွာငံရှိ ဓနုလူမျိုးတို့ ၏ ပြုံးရွှင်နေသည့်မျက်နှာလေး တွေ၊ အေးချမ်းသည့်စိတ်နေစိတ် ထားလေးတွေက ရင်သို့ကူးစက် လာခဲ့သည်။ တကယ်တော့ ဘ၀ ဆိုသည်မှာ ရိုးနိုင်သမျှ ရိုးရှင်းစွာ နေလေလေ ပိုပြီးစိတ်လက်ချမ်း သာစွာနေရလေလေဟု ဆိုမည် ဆိုလျှင် မှားမည်မထင်။
http://www.7daydaily.com/story/40943
No comments:
Post a Comment