အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါ ပါတီပွဲလေးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကုမ္ပဏီ၊ အလုပ်ကကျင်းပတဲ့ ပါတီပွဲမျိုးသွားမယ်ဆိုရင် အဲ့ဒီလို ရုံးပါတီပွဲတွေမှာ လိုက်နာရမယ့် ကျင့်ဝတ်ထုံးတမ်း၊ သတ်မှတ်ချက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
· မိမိလုပ်ဖော်ကိုင်ဖက်တွေနဲ့ သိကျွမ်းမှု ရယူလိုတယ်၊ သူတို့ကိုဖျော်ဖြေပေးချင်ပေမယ့် စည်းကမ်းချက် တချို့ကိုတော့ လိုက်နာရပါမယ်။ ကိုယ်လုပ်ချင်တာကို ဇွတ်လုပ်ချလိုက်လို့ မရပါဘူး။
· အရက်သေစာကို သတိနဲ့ သောက်သင့်ပါတယ်။ နောက်တစ်နေ့ အလုပ်ဆင်းလို့ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လှောင်ပြောင်သရော်ခြင်း မခံစေချင်လို့ပါ။
· ပျော်ပျော်နေပါ ဒါပေမယ့် သူများမလုပ်ချင်တာကိုမှ ရွေးမလုပ်ခိုင်းဖို့ သတိထားပြီး သူ/သူမကို လှောင်စရာ၊ ဟားစရာ မဖြစ်ပါစေနဲ့။ သူတို့ကို ကောင်းကောင်းမသိသေးခင် သင် သူတို့ကို နှုတ်ပိတ်မနေစေချင်ဘူး မဟုတ်လား။
· ညနက်အထိ ယောင်ပေပေနဲ့ ကျန်ရစ်မနေပါနဲ့။ သင့်မိတ်ဆွေများသူငယ်ချင်းများရဲ့ ညလုံးပေါက် ပါတီမဟုတ်ဘူးဆိုတာ သတိပြုပါ။ သင့်သူဌေး စောင့်ကြည့်နေပါတယ်။
TrendMyanmar
http://www.searchmyanmar.com/link/comment/cid/52337
No comments:
Post a Comment