ရန်ကုန် (မဇ္ဈိမ)။ ။ ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဂူးဂဲလ်က အရည်အသွေးမြင့် ဓာတ်ပုံနှင့် ဗီဒီယိုများ အခမဲ့ သိမ်းဆည်းထားနိုင်မည့် ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့သည်ဟု CNET သတင်းဌာနက ဖော်ပြထားသည်။
ယင်းဝန်ဆောင်မှုအတွက် အခမဲ့ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်ဟုလည်း CNET က ဆိုသည်။ ဓာတ်ပုံနှင့် ဗီဒီယိုများကို ပမာဏ အကန့်အသတ်မရှိ အခမဲ့ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။
Android သုံး စမတ်ဖုန်းနှင့် အခြားပစ္စည်းများမှ ဓာတ်ပုံနှင့် ဗီဒီယိုများကို ဂူးဂဲလ်ထံ အလိုအလျှောက် တိုက်ရိုက်သိမ်းဆည်းနိုင်မည
ဂူးဂဲလ်၏ ဝန်ဆောင်မှုတွင် ဓာတ်ပုံများကို တည်းဖြတ်နိုင်မည်ဖြစ်ပြီး လိုအပ်ပါက ဓာတ်ပုံများကို သီချင်းများဖြင့် ဗီဒီယိုအသွင် ပြင်ဆင်နိုင်ရန် စွမ်းဆောင်ချက်များလည်း ပါဝင်မည်ဖြစ်သည်။ ယင်း စွမ်းဆောင်ချက်များအားလုံးက
ဂူးဂဲလ်၏ ဝန်ဆောင်မှုတွင် 16 MP အထက် အရည်အသွေးရှိ ဓာတ်ပုံများ၊ HD အရည်အသွေးရှိ ဗီဒီယိုများကို အရေအတွက်၊ ပမာဏ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်မည်ဖြစ်သည်။
mizzima
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274
No comments:
Post a Comment