ဝတ်ခြံပေါက်လာပြီဆိုရင် စိတ်ထဲမှာ ချက်ချင်းဆိုသလို ညှစ်ပြစ်လိုက်ချင်စိတ်ကို ထိန်းမရဖြစ်တာကို ကြုံဖူးမှာပါ။
ညှစ်လိုက်ရင်လည်း အမာရွတ်တွေကျန်သွားမှာကို စိုးရိမ်ရပါတယ်။ ဝတ်ခြံပျောက်အောင် နည်းနည်းတော့ စိတ်ရှည်ရှည်ထားရမယ်။ ဝတ်ခြံပျောက်အောင် လိုက်နာသင့်သော ၅ ချက်ကို ပြောပြမယ်နော်။
★ နွားနို့ထက် ပဲနို့ကို သောက်ပါ
နွားနို့ကို ကြိုက်လို့နေ့တိုင်းသောက်နေ
★ ဗီတာမင်(စီ)ကို သောက်ပါ
ဗီတာမင်(စီ)ဟာ ဝတ်ခြံပေါက်တာကို ကြိုတင်ကာကွယ်ပေးသော ဓာတ်တမျိုးဖြစ်ပြီး အသားအရေကို လှပစေမှာပါ။ ဝတ်ခြံကြောင့် ဖြစ်လာတတ်တဲ့ အစက်အပြောက်တွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ
★ ဒိန်ချဉ်ထဲမှာ ငှက်ပျောသီး ထည့်စားပါ
ဒိန်ချဉ်ထဲမှာ အသားအရေကို ကျန်းမားသန်စွမ်းစေတဲ့ ဗီတာမင် B2 ပါဝင်ပါတယ်။ ဒိန်ချဉ်ကိုပဲ စားရင်ရသလို၊ ငှက်ပျောသီးကို ထည့်စားသင့်ပါတယ်။ ငှက်ပျောသီးအတွင်းမှာ ဗီတာမင် B6 ပါဝင်တဲ့အတွက် အသားအရေရဲ့ ခံနိုင်ရည်စွမ်းအားကို ကောင်းမွန်အောင် လုပ်ပေးပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းကိုလည်း သန့်ရှင်းအောင်လုပ်ပေးနိုင်
★ ဆံပင်ကို စည်းထားပါ
ဝတ်ခြံပေါက်နေတဲ့နေရာကို ဆံပင်နဲ့ထိရင် ပိုပြီး ဆိုးလာတတ်ပြီး အမာရွတ်တွေလည်း ကျန်တတ်ပါတယ်။ ဒါကြောင့် ကလစ်၊ ဆံပင်စည်း သရေပင်ဖြင့် စည်းထားပါ။ ပုံမှန်မှာ သိပ်ပြီး ဆံပင်မစည်းတဲ့သူဖြစ်နေရင်လည
★ ပေါင်ဒါ အမျိုးအစား မိတ်ကပ်လိမ်းပါ
ဝတ်ခြံပေါက်နေရင် ပုံမှန် မိတ်ကပ် အမျိုးအစားကို လိမ်းရင် အနာကို ဖုံးသွားပြီး အနာကျက်ဖို့လည်း အချိန်ပေးရမှာပါ။ ဒါကြောင့် ပေါင်ဒါ အမျိုးအစား မိတ်ကပ်ကို လိမ်းသင့်ပါတယ်။
အပေါ်က ၅ ချက်ကို လိုက်နာကြည့်ရင်တော့ ဝတ်ခြံအတွက် ကာကွယ်နိုင်ပြီး သန့်ရှင်းစိုပြေနေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါ။
Chelmo Team
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206
No comments:
Post a Comment