ကလေးဆိုးလေးလို့ဆိုလိုက်တာန
ကလေးဆိုးတွေဟာ အလိုကြီးပြီး တကိုယ်ကောင်းဆန်ကာ ဆင်ခြင်တုံတရား နည်းပါးပါတယ်။ သူတို့ကို အလိုလိုက်တာဟာ ထိန်းရပိုလွယ်သယောင်ထင် ရပေမဲ့ သူတို့လိုချင်တာဟူသမျှကို ရပါများရင်လည်း အထီးကျန်ဆန် သွားပြီး လောကကို သံသယများလာတတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့လိုချင်တာရဖို့ နွဲ့ဆိုးဆိုးပြီးတောင်းနေကျ
မိဘတွေအနေဖြင့် မိမိကလေးကို ဆိုးတဲ့အခြေအနေမရောက်အောင် အလိုမလိုက်ပဲ ထားဖို့လည်း ခက်ခဲတတ်သဖြင့် ကလေးဆိုးတစ်ဦးဖြစ်လာစေ တဲ့ အကြောင်းရင်းများကို မိဘများရှောင်ရှားနိုင်ဖို့
(၁) ကလေးရဲ့ ဆန္ဒတိုင်းကို နံပတ် (၁)ထားပြီးဖြည့်ဆည်းပေးခြင်
ကလေးရဲ့ ဆန္ဒတိုင်းကို တလောကလုံးမှာ အရေးကြီးဆုံးလို သဘောထားပြီး လိုက်လျောပေး တာဟာ လောကကြီးတစ်ခုလုံးက သူ့အလိုကို ဖြည့်ပေးရမယ်လို့ မှားယွင်းမှတ်ယူလာစေပါတယ်။ အဲဒီအခါမှာ သူတပါး (မိသားစုအပါအ၀င်)ရဲ့လိုအပ်ခ
(၂) ကလေးရဲ့ ကောင်းတဲ့အပြုအမူတွေကို လျစ်လျူရှုမိခြင်း
မိဘတော်တော်များများဟာ ကလေးတွေ အေးဆေးတိတ်ဆိတ်စွာ ကစားနေကြချိန်တွေ၊ ပြဿနာမရှာချိန်တွေမှာ ချီးကျူးစကား မဆိုမိတတ်ကြပါဘူး။ ဆူညံတဲ့အချိန်တွေမှာ သူတို့ကို ပြစ်တင်ပြောဆိုခဲ့သလိုပဲ တိတ်ဆိတ်လိမ္မာစွာ ကစားနေချိန်မှာလည်း မပျက်မကွက် ချီးကျူးစကားပြောပေးပါ။ ကောင်းတဲ့အပြုအမူတစ်ခုခု လုပ်တိုင်းလည်း မဖြစ်မနေ ချီးမွမ်းပေးပါ။
(၃) မကောင်းတဲ့ အပြုအမူတွေကို မတော်တဆမှားယွင်း အလေးထားမိခြင်း
တချို့မိတွေဟာ ကလေးတွေလိမ္မာနေချိန်မှာ သတိမပြုမိတတ်တော့ ကလေးတွေက ဆူပူအော်ဟစ်ခြင်းဖြင့် ဂရုစိုက်ခံရအောင် ပြုလုပ်တတ်ပါတယ်။ ကလေးကို လိမ္မာနေချိန်ချီးကျူးခြင်းက
(၄) ကလေးအတွက် စည်းကမ်းတွေကို သေချာချမှတ်ပေးဖို့ ပျက်ကွက်ခြင်း
အပြုအမူကောင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေချာချမှတ် မထားဘူးဆိုရင်တော့ ကလေးဆိုးတစ်ယောက်ရဲ့ မိဘဖြစ်ဖို့ အများကြီး နီးစပ်နေပါပြီ။ ကလေးဆိုတာ သဘာဝအတိုင်း လိမ္မာမလာနိုင်ပါဘူး။ ဒါကြောင့် အပြုအမူကောင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေချာချမှတ်ပြီး ဆုပေး ဒဏ်ပေးစနစ်နဲ့ ပြုပြင်ထိန်းကျောင်းသင့်ပါတ
(၅) စည်းကမ်းချမှတ်ထားတဲ့အတိုင်
ကလေးကို မလုပ်ဖို့တားမြစ်ထားတာတွေကိ
(၆) ကလေး မလုပ်ချင်တာကို အတင်းလုပ်ခိုင်းခြင်း
မိမိလုပ်စေချင်တာကို မလုပ်ရင် သကြားလုံးမကျွေးဘူးဆိုပြီး ပြစ်ဒဏ် သတ်မှတ်တာဟာ ကလေးတွေအတွက် အထိရောက်ဆုံးပါပဲ။ ကလေးကို ဟင်းသီးဟင်းရွက် အတင်းစားခိုင်းတဲ့အခါ ထွေးထုတ်တာ၊ ပါးစပ်ပိတ် ထားတာတို့ ပြုလုပ်ရင် မိဘတွေ အခက်ကြုံရပြီပေါ့။ ဒီတော့ ကလေးနဲ့ရုန်းရင်းဆန်ခတ်မလုပ
(၇) အပြစ်လုပ်တဲ့အခါ ကာကွယ်ပေးခြင်း
ကလေးက အပြစ်တစ်ခုခုလုပ်တဲ့အခါ ကာကွယ်မပေးပဲ သေချာမေးမြန်းပြီး ဆုံးဖြတ်ပါ။ အဲလိုလုပ်ဖို့ ပျက်ကွက်ပါက ကလေးဟာ မိမိလုပ်တဲ့အပြစ်ကို သူများအပေါ်ပုံချတတ်သူ အဖြစ်ကြီးပြင်းလာနိုင်ပါတယ်
(၈) ကလေးကို လက်ဆောင်များ အကြောင်းမဲ့ဝယ်ပေးခြင်း
ကလေးကို ၀ယ်ပေးတဲ့အရာဟာ အရေးကြီးသလိုပဲ ၀ယ်ပေးရတဲ့အကြောင်းရင်းကလည်
(၉) ပစ္စည်းတွေ ပစ်ပေါက်တာကို မတားမြစ်ခြင်း
ကလေးက ဒေါသတကြီးနဲ့ဖြစ်စေ အကြောင်းမဲ့ဖြစ်စေ ပစ္စည်းတွေ ပစ်ပေါက်ပြီး ဆိုးပြတဲ့အခါ ခွင့်မလွှတ်ရပါဘူး။ ဒီအကျင့်ဟာ ကြီးပြင်းတဲ့အခါထိ ပါသွားပြီး လူမှုအဖွဲ့အစည်းကြား ရှက်စဖွယ်ဖြစ်တတ်ပါတယ်။
(၁၀) မိဘကိုယ်တိုင်က ဆိုးပြနေခြင်း
မိဘဆိုတာ ကလေးရဲ့ စံပြပုံရိပ်ဖြစ်တဲ့အတွက် ကလေးကို တားမြစ်ထားတာတွေကို မိမိကိုယ်တိုင် မလုပ်မိဖို့ အရေးအကြီးဆုံးပါပဲ။ ကလေးရဲ့ရှေ့မှာ ညည်းညူးစိတ်ဆိုးပြ တာတွေ၊ အော်ဟစ်ဆူပူပြတာတွေဟာ ကလေးကို နမူနာလုပ်ပြနေသလိုပါပဲ။ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” လို့ပြောတတ်တဲ့ မိဘမဖြစ်အောင် ဂရုစိုက်ပါ။
မိဘတိုင်းက မိမိကလေးကို လိမ္မာစေချင်တာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ကလေးက ဆိုးနေပြီဆိုရင် မိမိတို့ရဲ့ ထိန်းကျောင်းမှုပုံစံကို အမြဲဆန်းစစ်ပြီး ကလေးထိန်းကျောင်းနည်း စာပေတွေကို မပြတ်လေ့လာဖတ်ရှုပါ။ကလေးကို ဒီအတိုင်းလွှတ်မထားပဲ ရေရှည်အတွက် မျှော်တွေးကာ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ပေးပါ လို့ အကြံပြုလိုက်ပါတယ်။
yangon life
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627
No comments:
Post a Comment