တစ်ခါတော့ မိခင်များနေ့ကို နီးပြီမို့ တပည့်တစ်ယောက်က သူ့ဆရာဆီကိုလာတယ်။သူက မိခင်နဲ့ တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေသူဖြစ်တယ်။နှစ်တ
" ကျွန်တော်ဒီနှစ် မိခင်များနေ့မှာ အမေ့ဆီကို လက်ဆောင်ပို့ပေးချင်တာ အရင်နှစ်တွေကထက် ကောင်းကောင်းလေးတစ်ခုပေါ့။တ
ဒီတော့ သူ့ဆရာက
" မင်းဘာဝယ်ပေးဖို့ စိတ်ကူးထားလဲ"
" စိန်လေးတွေနဲ့ ရွှေကွပ်ထားတဲ့ ဘယက်လေးတစ်ခုလောက်ပေးမလို့ "
" ဒီထက်တန်ဖိုးကြီးတဲ့ အရာဆိုရင်ကော မင်းတတ်နိုင်မလား"
ရပါတယ်။နဲနဲကြီးလဲ ကိစ္စမရှိဘူးလို့ ဖြေလိုက်တာပေါ့။
ဆရာက" မိခင်တွေအတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လည်ပင်းတွေမှာ ချိတ်ဆွဲမယ့် လက်ဝတ်ရတနာတွေထက် ပိုတန်ဖိုးရှိတယ့် အရာရှိတယ်။အဲဒါကတော့ သူတို့သားသမီးတွေရဲ့ လက်တွေပဲ။ငယ်ငယ်တုန်းက သားသမီးတွေက အမေ့ရဲ့ လည်ပင်းကို ဖက်ပြီးတော့ နေတဲ့အချိန်ဟာ မိခင်တွေအတွက် တန်ဖိုးအရှိဆုံးပဲ။"
မင်းနားလည်ထားဖို့က မင်းပေးတဲ့ ဘယက်လေးက တန်ဖိုးရှိပေမယ့် မင်းအမေကို ပွေ့ဖက်မဲ့ မင်းရဲ့လက် တစ်စုံကတော့ မင်းရဲ့ဘယက်ထက်ဆယ်ဆမက မင်းအမေအတွက် တန်ဖိုးရှိပါတယ်။
ဆရာဆီက ပြန်လာပြီးတော့ သူဆုံးဖြတ်ချက်ချလိုက်တယ်။ဒ
မောင်စိုင်း(သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ရေးသားထားပါသည်။)
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061
No comments:
Post a Comment